ေစ်းကြက္ေနာက္ဆံုးရက္မွာ ထိပ္တန္းကစားသမား 2 ဦးကို ေခၚယူႏုိင္ခဲ့တဲ့ ပီအက္စ္ဂ်ီ

Photo Credit: PSG FC
Photo Credit: PSG FC

ဥေရာပအေျပာင္းအေရႊ႕ေစ်းကြက္ရဲ႕ ေနာက္ဆံုးရက္ျဖစ္တဲ့ တနလၤာေန႔မွာ ပီအက္စ္ဂ်ီအသင္းဟာ ရီးရဲလ္မက္ဒရစ္ဂိုးသမားေကလာနာဗက္စ္နဲ႔ အင္တာမီလန္တုိက္စစ္မွဴး အုိင္ကာဒီတုိ႔ကိုေခၚယူကာ အသင္းရဲ႕အလိုအပ္ဆံုးကြက္လပ္ေတြကို ထိပ္တန္းအဆင့္ကစားသမား 2 ဦးနဲ႔ျဖည့္ဆည္းႏုိင္ခဲ့ပါတယ္။

Photo Credit: PSG FC

ပီအက္စ္ဂ်ီဟာ ၿပီးခဲ့တဲ့ရာသီကုန္ခ်ိန္က ဘူဖြန္ထြက္ခြာသြားၿပီးေနာက္ပိုင္း ထိပ္တန္းဂိုးသမားေတြကိုေခၚယူဖုိ႔ႀကိဳးစားခဲ့ေပမယ့္ ေအာင္ျမင္မႈမရခဲ့ဘဲ ေစ်းကြက္ေနာက္ဆံုးရက္ေရာက္မွ ေကလာနာဗက္စ္ကိုေခၚယူႏုိင္ခဲ့တာပါ။ အသက္ 32 ႏွစ္အရြယ္ ေကာ္စတာရီကာလက္ေရြးစင္နာဗက္စ္ဟာ ရီးရဲလ္နဲ႔ 5 ရာသီအတြင္း ၿပိဳင္ပြဲအရပ္ရပ္ 162 ပြဲကစားကာ ခ်န္ပီယံလိဂ္ဖလား 3 ႀကိမ္နဲ႔ လာလီဂါဖလား 1 ႀကိမ္ရယူႏုိင္ခဲ့ပါတယ္။

Photo Credit: PSG FC

ဒါေပမဲ့ နာဗက္စ္ဟာ ၿပီးခဲ့တဲ့ရာသီက ေကာ္တြိဳက္စ္ေရာက္ရွိလာၿပီးေနာက္ ဦးစားေပးအျဖစ္ကေနဖယ္ရွားခံခဲ့ရၿပီး အသင္းေျပာင္းေရႊ႕ဖုိ႔ဆႏၵရွိခဲ့သူပါ။ ပီအက္စ္ဂ်ီဟာ နာဗက္စ္အတြက္ ေျပာင္းေရႊ႕ေၾကးယူရို 15 သန္းေပးေခ်ခဲ့ၿပီး 4 ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိခဲ့ပါတယ္။ အဲဒီအေျပာင္းအေရႊ႕ရဲ႕တစ္စိတ္တစ္ပိုင္းအျဖစ္ ပီအက္စ္ဂ်ီဂိုးသမားအာရီယိုလာကို ရီးရဲလ္မက္ဒရစ္က တစ္ရာသီအငွားစာခ်ဳပ္နဲ႔ ျပန္လည္ေခၚယူႏုိင္ခဲ့ပါတယ္။ အသက္ 26 ႏွစ္အရြယ္ ျပင္သစ္လက္ေရြးစင္ အာရီယိုလာဟာ ရီးရဲလ္မွာ ေကာ္တြိဳက္စ္ရဲ႕အရန္အျဖစ္သာပါ၀င္ရမွာျဖစ္ၿပီး သူ႕ကို ရာသီကုန္ခ်ိန္မွာ အၿပီးသတ္ေခၚယူဖုိ႔လည္း သေဘာတူညီထားျခင္းမရွိဘူးလုိ႔ သိရပါတယ္။

Photo Credit: PSG FC

အင္တာမီလန္မွာ လူစာရင္းကေနဖယ္ရွားခံထားရၿပီး ျပသနာျဖစ္ေနတဲ့ အုိင္ကာဒီကိုေတာ့ ပီအက္စ္ဂ်ီက တစ္ရာသီအငွားစာခ်ဳပ္နဲ႔ေခၚယူႏုိင္ခဲ့တာပါ။ ဒါေပမဲ့ ရာသီကုန္ခ်ိန္မွာ ယူရိုသန္း 70 နဲ႔ အၿပီးသတ္ေခၚယူဖုိ႔လည္း အႀကိဳသေဘာတူညီခ်က္ရရွိထားပါတယ္။ အုိင္ကာဒီရဲ႕ဇနီးသည္လည္းျဖစ္၊ ေအးဂ်င့္လည္းျဖစ္တဲ့ ၀မ္ဒါနာရာက အေျပာင္းအေရႊ႕ကိုအၿပီးသတ္ဖုိ႔ ပဲရစ္ၿမိဳ႕ကုိအရင္ဆံုးေရာက္ရွိလာခဲ့တာျဖစ္ၿပီး တနလၤာေန႔ေႏွာင္းပိုင္းမွာေတာ့ ပီအက္စ္ဂ်ီကအေျပာင္းအေရႊ႕ကိုအတည္ျပဳခဲ့တာပါ။

Photo Credit: PSG FC

ဆမ္ဒုိးရီးယားအသင္းမွာ ပရိုကစားသမားဘ၀စတင္ခဲ့တဲ့ အသက္ 26 ႏွစ္အရြယ္ အုိင္ကာဒီဟာ 2013-14 ရာသီက အင္တာကို ယူရို 6.5 သန္းနဲ႔ေျပာင္းေရႊ႕လာခဲ့တာပါ။ သူဟာ ၿပီးခဲ့တဲ့ 6 ရာသီအတြင္း ၿပိဳင္ပြဲအရပ္ရပ္ 219 ပြဲမွာ 124 ဂိုးသြင္းယူကာ ထိပ္တန္းတုိက္စစ္မွဴးတစ္ဦးအျဖစ္လည္းေျခစြမ္းျပႏုိင္ခဲ့ပါတယ္။ ဒါေပမဲ့ ယမန္ႏွစ္က စာခ်ဳပ္သစ္နဲ႔ပတ္သက္ၿပီး အုိင္ကာဒီရဲ႕ဇနီး၀မ္ဒါနာရာနဲ႔ အင္တာဘုတ္အဖြဲ႕တုိ႔ သေဘာထားတင္းမာခဲ့တာေၾကာင့္ အသင္းလူစာရင္းကေန ခ်န္လွပ္ခံရတဲ့အထိျပသနာျဖစ္ခဲ့တာပါ။ လက္ရွိပီအက္စ္ဂ်ီတုိက္စစ္မွာ အမ္ဘက္ပီနဲ႔ ကာဗာနီတုိ႔က ဒဏ္ရာရရွိေနတာေၾကာင့္ အုိင္ကာဒီကိုေခၚယူမႈက အလြန္အေရးပါတဲ့ေျခလွမ္းျဖစ္တယ္လုိ႔လည္း ျပင္သစ္မီဒီယာေတြကခ်ီးက်ဴးခဲ့ၾကပါတယ္။

Photo Credit: PSG FC

(Unicode)

စျေးကွက်နောက်ဆုံးရက်မှာ ထိပ်တန်းကစားသမား 2 ဦးကို ခေါ်ယူနိုင်ခဲ့တဲ့ ပီအက်စ်ဂျီ

ဥရောပအပြောင်းအရွှေ့စျေးကွက်ရဲ့ နောက်ဆုံးရက်ဖြစ်တဲ့ တနင်္လာနေ့မှာ ပီအက်စ်ဂျီအသင်းဟာ ရီးရဲလ်မက်ဒရစ်ဂိုးသမားကေလာနာဗက်စ်နဲ့ အင်တာမီလန်တိုက်စစ်မှူး အိုင်ကာဒီတို့ကိုခေါ်ယူကာ အသင်းရဲ့အလိုအပ်ဆုံးကွက်လပ်တွေကို ထိပ်တန်းအဆင့်ကစားသမား 2 ဦးနဲ့ဖြည့်ဆည်းနိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ ပြီးခဲ့တဲ့ရာသီကုန်ချိန်က ဘူဖွန်ထွက်ခွာသွားပြီးနောက်ပိုင်း ထိပ်တန်းဂိုးသမားတွေကိုခေါ်ယူဖို့ကြိုးစားခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ဘဲ စျေးကွက်နောက်ဆုံးရက်ရောက်မှ ကေလာနာဗက်စ်ကိုခေါ်ယူနိုင်ခဲ့တာပါ။ အသက် 32 နှစ်အရွယ် ကော်စတာရီကာလက်ရွေးစင်နာဗက်စ်ဟာ ရီးရဲလ်နဲ့ 5 ရာသီအတွင်း ပြိုင်ပွဲအရပ်ရပ် 162 ပွဲကစားကာ ချန်ပီယံလိဂ်ဖလား 3 ကြိမ်နဲ့ လာလီဂါဖလား 1 ကြိမ်ရယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ နာဗက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ကော်တွိုက်စ်ရောက်ရှိလာပြီးနောက် ဦးစားပေးအဖြစ်ကနေဖယ်ရှားခံခဲ့ရပြီး အသင်းပြောင်းရွှေ့ဖို့ဆန္ဒရှိခဲ့သူပါ။ ပီအက်စ်ဂျီဟာ နာဗက်စ်အတွက် ပြောင်းရွှေ့ကြေးယူရို 15 သန်းပေးချေခဲ့ပြီး 4 နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အဲဒီအပြောင်းအရွှေ့ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ပီအက်စ်ဂျီဂိုးသမားအာရီယိုလာကို ရီးရဲလ်မက်ဒရစ်က တစ်ရာသီအငှားစာချုပ်နဲ့ ပြန်လည်ခေါ်ယူနိုင်ခဲ့ပါတယ်။ အသက် 26 နှစ်အရွယ် ပြင်သစ်လက်ရွေးစင် အာရီယိုလာဟာ ရီးရဲလ်မှာ ကော်တွိုက်စ်ရဲ့အရန်အဖြစ်သာပါဝင်ရမှာဖြစ်ပြီး သူ့ကို ရာသီကုန်ချိန်မှာ အပြီးသတ်ခေါ်ယူဖို့လည်း သဘောတူညီထားခြင်းမရှိဘူးလို့ သိရပါတယ်။

အင်တာမီလန်မှာ လူစာရင်းကနေဖယ်ရှားခံထားရပြီး ပြသနာဖြစ်နေတဲ့ အိုင်ကာဒီကိုတော့ ပီအက်စ်ဂျီက တစ်ရာသီအငှားစာချုပ်နဲ့ခေါ်ယူနိုင်ခဲ့တာပါ။ ဒါပေမဲ့ ရာသီကုန်ချိန်မှာ ယူရိုသန်း 70 နဲ့ အပြီးသတ်ခေါ်ယူဖို့လည်း အကြိုသဘောတူညီချက်ရရှိထားပါတယ်။ အိုင်ကာဒီရဲ့ဇနီးသည်လည်းဖြစ်၊ အေးဂျင့်လည်းဖြစ်တဲ့ ဝမ်ဒါနာရာက အပြောင်းအရွှေ့ကိုအပြီးသတ်ဖို့ ပဲရစ်မြို့ကိုအရင်ဆုံးရောက်ရှိလာခဲ့တာဖြစ်ပြီး တနင်္လာနေ့နှောင်းပိုင်းမှာတော့ ပီအက်စ်ဂျီကအပြောင်းအရွှေ့ကိုအတည်ပြုခဲ့တာပါ။

ဆမ်ဒိုးရီးယားအသင်းမှာ ပရိုကစားသမားဘဝစတင်ခဲ့တဲ့ အသက် 26 နှစ်အရွယ် အိုင်ကာဒီဟာ 2013-14 ရာသီက အင်တာကို ယူရို 6.5 သန်းနဲ့ပြောင်းရွှေ့လာခဲ့တာပါ။ သူဟာ ပြီးခဲ့တဲ့ 6 ရာသီအတွင်း ပြိုင်ပွဲအရပ်ရပ် 219 ပွဲမှာ 124 ဂိုးသွင်းယူကာ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးအဖြစ်လည်းခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ယမန်နှစ်က စာချုပ်သစ်နဲ့ပတ်သက်ပြီး အိုင်ကာဒီရဲ့ဇနီးဝမ်ဒါနာရာနဲ့ အင်တာဘုတ်အဖွဲ့တို့ သဘောထားတင်းမာခဲ့တာကြောင့် အသင်းလူစာရင်းကနေ ချန်လှပ်ခံရတဲ့အထိပြသနာဖြစ်ခဲ့တာပါ။ လက်ရှိပီအက်စ်ဂျီတိုက်စစ်မှာ အမ်ဘက်ပီနဲ့ ကာဗာနီတို့က ဒဏ်ရာရရှိနေတာကြောင့် အိုင်ကာဒီကိုခေါ်ယူမှုက အလွန်အရေးပါတဲ့ခြေလှမ်းဖြစ်တယ်လို့လည်း ပြင်သစ်မီဒီယာတွေကချီးကျူးခဲ့ကြပါတယ်။