၉၂မီတာကို ၁၀စကၠန္႔အတြင္း ေျပးလႊားႏိုင္တဲ့ကစားသမားက ၃၄ႏွစ္သားႀကီး ေရာ္နယ္ဒို

Photo Credit

Photo Credit

ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ေရာ္နယ္ဒိုဟာ အသက္ ၃၄ႏွစ္ေက်ာ္လုိ႔ ၃၅ႏွစ္ထဲ၀င္ေနၿပီျဖစ္ေပမယ့္ အခုခ်ိန္အထိ လူငယ္ေတြနဲ႔အၿပိဳင္ အလ်င္ျမန္ဆုံးေျပးလြားႏိုင္ေနဆဲျဖစ္ၿပီး နာပိုလီကို ၄-၃ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့စီးရီးေအပြဲမွာလည္း သူ႕ရဲ႕အံ့အားသင့္စရာေကာင္းတဲ့ေျပးႏႈန္းကို ေတြ႕ျမင္ခဲ့ၾကပါတယ္။

Photo Credit ; Getty Images

ပြဲခ်ိန္ ၁၅မိနစ္အေရာက္ ဂ်ဴဗင္တပ္စ္အသင္း ကုိယ့္ပင္နယ္တီဧရိယာထဲ ေဘာလုံးရၿပီး တန္ျပန္တုိက္စစ္ဆင္ဖို႔ ႀကိဳးစားခ်ိန္မွာ ေရာ္နယ္ဒိုကလည္း အသင္းေဟာင္း ယူႏုိက္တက္မွာျပသခဲ့တဲ့ျမန္ႏႈန္းျမင့္ေျပးအားပုံစံအတုိင္း ပရိသတ္ေတြသတိထားမိေလာက္တဲ့အထိ ေျပးလႊားႏိုင္ခဲ့ပါတယ္။

Photo Credit

ေနာက္ထပ္အံ့အားသင့္စရာေကာင္းတာက အခ်က္အလက္ေတြျဖစ္ၿပီး ကုိယ့္ရဲ႕ပင္နယ္တီဧရိယာထဲကေန ၿပိဳင္ဘက္ပင္နယ္တီထဲ ေရာက္ဖို႔ ေရာ္နယ္ဒို အခ်ိန္ယူခဲ့တာက စုစုေပါင္း ၁၀စကၠန္႔ပဲရွိၿပီး ဘယ္ေလာက္ျမန္သလဲဆုိရင္ ပ်မ္းမွ် တစ္နာရီ ၃၃.၁၂ ကီလုိမီတာႏႈန္းအထိရွိသလုိ အကြာအေ၀းကလည္း ၉၂မီတာအထိရွိပါတယ္။

Photo Credit

လက္ရွိ မီတာ ၁၀၀ ကမၻာ့စံခ်ိန္ရွင္က ဂ်ေမကာႏုိင္ငံသား အူစိန္ဘုိ႔တ္ျဖစ္ၿပီး အသက္ ၂၃ႏွစ္အရြယ္ ၂၀၀၉ ခုႏွစ္က ၉.၅၈ စကၠန္နဲ႔ တင္ထားတာျဖစ္ပါတယ္။ အခုေရာ္နယ္ဒိုက အသက္ ၃၄ႏွစ္အရြယ္မွာ ၉၂မီတာကို ၁၀စကၠန္႔ေျပးႏိုင္တာျဖစ္ပါတယ္။

Photo Credit

ေရာ္နယ္ဒိုဟာ အရမ္းကိုပေရာ္ဖက္ရွင္နယ္ဆန္တဲ့ကစားသမားတစ္ဦးျဖစ္တာနဲ႔အညီ သူ႕ရဲ႕ႀကံ့ခုိင္မႈကိုလည္း ထိပ္ဆုံးအဆင့္မွာအၿမဲတမ္းရွိေနေအာင္ အခ်ိန္ျပည့္ႀကိဳးစားေနသူျဖစ္ၿပီး အထူးသျဖင့္ သူ႕ရဲ႕ေျပးႏႈန္းက ၿပိဳင္ဘက္ေတြလုိက္မမီႏိုင္တဲ့ေျပးႏႈန္းျဖစ္ေနဆဲပါပဲ။

Photo Credit

သူဟာ ၿပီးခဲ့တဲ့ႏွစ္ကမွ ၂၀၁၈ ကမၻာ့ဖလားၿပိဳင္ပြဲမွာ အျမန္ဆုံးေျပးႏိုင္သူအျဖစ္ ကစားသမား ၇၃၅ဦးကို ေက်ာ္ျဖတ္ကာ စံခ်ိန္တင္ထားခဲ့တာျဖစ္ၿပီး သူကိုယ္တုိင္ ဟက္ထရစ္သြင္းယူႏိုင္ခဲ့တဲ့ ေပၚတူဂီ ၃-၃ စပိန္ပြဲမွာ ကိုက္ ၈၀အကြာအေ၀းကို ပ်မ္းမွ်တစ္နာရီ ၃၄ကီလိုမီတာႏႈန္းနဲ႔ ေျပးလႊားခဲ့တာျဖစ္ပါတယ္။

Photo Credit

Unicode

၉၂မီတာကို ၁၀စက္ကန့်အတွင်း ပြေးလွှားနိုင်တဲ့ကစားသမားက ၃၄နှစ်သားကြီး ရော်နယ်ဒို

ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ အသက် ၃၄နှစ်ကျော်လို့ ၃၅နှစ်ထဲဝင်နေပြီဖြစ်ပေမယ့် အခုချိန်အထိ လူငယ်တွေနဲ့အပြိုင် အလျင်မြန်ဆုံးပြေးလွားနိုင်နေဆဲဖြစ်ပြီး နာပိုလီကို ၄-၃ ဂိုးနဲ့အနိုင်ရခဲ့တဲ့စီးရီးအေပွဲမှာလည်း သူ့ရဲ့အံ့အားသင့်စရာကောင်းတဲ့ပြေးနှုန်းကို တွေ့မြင်ခဲ့ကြပါတယ်။
ပွဲချိန် ၁၅မိနစ်အရောက် ဂျူဗင်တပ်စ်အသင်း ကိုယ့်ပင်နယ်တီဧရိယာထဲ ဘောလုံးရပြီး တန်ပြန်တိုက်စစ်ဆင်ဖို့ ကြိုးစားချိန်မှာ ရော်နယ်ဒိုကလည်း အသင်းဟောင်း ယူနိုက်တက်မှာပြသခဲ့တဲ့မြန်နှုန်းမြင့်ပြေးအားပုံစံအတိုင်း ပရိသတ်တွေသတိထားမိလောက်တဲ့အထိ ပြေးလွှားနိုင်ခဲ့ပါတယ်။
နောက်ထပ်အံ့အားသင့်စရာကောင်းတာက အချက်အလက်တွေဖြစ်ပြီး ကိုယ့်ရဲ့ပင်နယ်တီဧရိယာထဲကနေ ပြိုင်ဘက်ပင်နယ်တီထဲ ရောက်ဖို့ ရော်နယ်ဒို အချိန်ယူခဲ့တာက စုစုပေါင်း ၁၀စက္ကန့်ပဲရှိပြီး ဘယ်လောက်မြန်သလဲဆိုရင် ပျမ်းမျှ တစ်နာရီ ၃၃.၁၂ ကီလိုမီတာနှုန်းအထိရှိသလို အကွာအဝေးကလည်း ၉၂မီတာအထိရှိပါတယ်။
လက်ရှိ မီတာ ၁၀၀ ကမ္ဘာ့စံချိန်ရှင်က ဂျမေကာနိုင်ငံသား အူစိန်ဘို့တ်ဖြစ်ပြီး အသက် ၂၃နှစ်အရွယ် ၂၀၀၉ ခုနှစ်က ၉.၅၈ စက္ကန်နဲ့ တင်ထားတာဖြစ်ပါတယ်။ အခုရော်နယ်ဒိုက အသက် ၃၄နှစ်အရွယ်မှာ ၉၂မီတာကို ၁၀စက္ကန့်ပြေးနိုင်တာဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ အရမ်းကိုပရော်ဖက်ရှင်နယ်ဆန်တဲ့ကစားသမားတစ်ဦးဖြစ်တာနဲ့အညီ သူ့ရဲ့ကြံ့ခိုင်မှုကိုလည်း ထိပ်ဆုံးအဆင့်မှာအမြဲတမ်းရှိနေအောင် အချိန်ပြည့်ကြိုးစားနေသူဖြစ်ပြီး အထူးသဖြင့် သူ့ရဲ့ပြေးနှုန်းက ပြိုင်ဘက်တွေလိုက်မမီနိုင်တဲ့ပြေးနှုန်းဖြစ်နေဆဲပါပဲ။
သူဟာ ပြီးခဲ့တဲ့နှစ်ကမှ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမြန်ဆုံးပြေးနိုင်သူအဖြစ် ကစားသမား ၇၃၅ဦးကို ကျော်ဖြတ်ကာ စံချိန်တင်ထားခဲ့တာဖြစ်ပြီး သူကိုယ်တိုင် ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ပေါ်တူဂီ ၃-၃ စပိန်ပွဲမှာ ကိုက် ၈၀အကွာအဝေးကို ပျမ်းမျှတစ်နာရီ ၃၄ကီလိုမီတာနှုန်းနဲ့ ပြေးလွှားခဲ့တာဖြစ်ပါတယ်။