၆ လေလာက္အနားယူရေတာ့မယ့္ ခ်ီရယ္လီနီေၾကာင့္ ဒီလစ္ဂ်္ ပြဲထြက္ခြင့္ရလာႏိုင္

Photo Credit

Photo Credit ; AP

ဂ်ဴဗင္တပ္စ္အသင္းေခါင္းေဆာင္ခ်ီရယ္လီနီဟာ ေလ့က်င့္ေရးမွာ ညာဘက္ဒူးအရြတ္ေၾကာဒဏ္ရာရရွိသြားခဲ့တာေၾကာင့္ ၆လခန္႔အနားယူရေတာ့မယ္လို႔ သိရပါတယ္။ အဆိုပါ အသက္၃၅ႏွစ္အရြယ္ ဝါရင့္ေနာက္ခံလူရဲ႕ဆိုးရြားတဲ့ဒဏ္ရာရရွိမႈကို ယမန္ေန႔က ဂ်ဴဗင္တပ္စ္အသင္းက အတည္ျပဳ ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Photo Credit ; AP

ဒီျဖစ္ရပ္က ဂ်ဴဗီကို ေအဂ်က္စ္ကေန ေျပာင္းေရႊ႕ေၾကး ေပါင္၆၇.၅သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့တဲ့လူငယ္ကစားသမားေလး ဒီလစ္ဂ်္ကို လာမယ့္နာပိုလီအသင္းနဲ႔ပြဲစဥ္မွာ ပြဲထြက္ရဖို႔အေၾကာင္း ဖန္လာေစပါတယ္။

Photo Credit ; Getty Images

ခ်ီရယ္လီနီနဲ႔ဘိုႏုခ်ီတို႔ဟာ နည္းျပေမာ္ရီဇီယိုဆာရီအႀကိဳက္ အသင္းရဲ႕ဦးစားေပးဗဟိုေနာက္ခံလူ၂ဦးျဖစ္ၿပီး ခ်ရယ္ီလီနီက ဒဏ္ရာျပႆနာေၾကာင့္ ကာလရွည္မပါဝင္ႏိုုင္ခ်ိန္မွာေတာ့ ၂၀၂၀ခုႏွစ္အထိ ဒီလစ္ဂ်္က ဂ်ဴဗီရဲ႕ခံစစ္ပိုင္းကို ထိန္းေက်ာင္းရဖြယ္ရွိေနပါတယ္။

Photo Credit

ဒီသတင္းက အမွတ္ေပးဖလားၿပိဳင္ဘက္နာပိုလီအတြက္ သတင္းေကာင္းတစ္ခုျဖစ္ခဲ့ၿပီး တူရင္ကလပ္အသင္းအတြက္ေတာ့့ လာမယ့္နာပိုလီနဲ႔ပြဲစဥ္အတြက္ ခံစစ္ပိုင္းမွာေမးခြန္းထုတ္စရာျဖစ္သြားေစပါတယ္။

Photo Credit

ဂ်ဴဗင္တပ္စ္တိုက္စစ္မွဴးေပၚလိုဒီဘားလားကေတာ့ ”အသင္းေခါင္းေဆာင္ခ်ီရယ္လီနီေရ… ေဘးမွာအၿမဲတမ္းရွိပါတယ္”လို႔ တြစ္တာမွာ တင္ၿပီး အားေပးခဲ့ပါတယ္။

Photo Credit

ဂ်ဴဗင္တပ္စ္ အသင္းေခါင္းေဆာင္ခ်ီရယ္လီနီရဲ႕စီးရီးေအကလပ္အသင္းအေပၚလႊမ္းမိုးမႈက အတိုင္းအဆမရွိျဖစ္ၿပီး ၂၀၁၉-၂၀၂၀ရာသီအဖြင့္ပြဲစဥ္အျဖစ္ ပါးမားအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရာမွာ ၁-၀နဲ႔အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာလည္း ခ်ီရယ္လီနီကပဲအႏိုင္ဂိုးသြင္းယူကာ အသင္းအတြက္ရမွတ္၃မွတ္ရယူေပးခဲ့တာပါ။

Photo Credit

Unicode

၆ လလောက်အနားယူရတော့မယ့် ချီရယ်လီနီကြောင့် ဒီလစ်ဂျ် ပွဲထွက်ခွင့်ရလာနိုင်

ဂျူဗင်တပ်စ်အသင်းခေါင်းဆောင်ချီရယ်လီနီဟာ လေ့ကျင့်ရေးမှာ ညာဘက်ဒူးအရွတ်ကြောဒဏ်ရာရရှိသွားခဲ့တာကြောင့် ၆လခန့်အနားယူရတော့မယ်လို့ သိရပါတယ်။ အဆိုပါ အသက်၃၅နှစ်အရွယ် ဝါရင့်နောက်ခံလူရဲ့ဆိုးရွားတဲ့ဒဏ်ရာရရှိမှုကို ယမန်နေ့က ဂျူဗင်တပ်စ်အသင်းက အတည်ပြု ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်ရပ်က ဂျူဗီကို အေဂျက်စ်ကနေ ပြောင်းရွှေ့ကြေး ပေါင်၆၇.၅သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့လူငယ်ကစားသမားလေး ဒီလစ်ဂျ်ကို လာမယ့်နာပိုလီအသင်းနဲ့ပွဲစဉ်မှာ ပွဲထွက်ရဖို့အကြောင်း ဖန်လာစေပါတယ်။
ချီရယ်လီနီနဲ့ဘိုနုချီတို့ဟာ နည်းပြမော်ရီဇီယိုဆာရီအကြိုက် အသင်းရဲ့ဦးစားပေးဗဟိုနောက်ခံလူ၂ဦးဖြစ်ပြီး ချရယ်ီလီနီက ဒဏ်ရာပြဿနာကြောင့် ကာလရှည်မပါဝင်နိုင်ချိန်မှာတော့ ၂၀၂၀ခုနှစ်အထိ ဒီလစ်ဂျ်က ဂျူဗီရဲ့ခံစစ်ပိုင်းကို ထိန်းကျောင်းရဖွယ်ရှိနေပါတယ်။
ဒီသတင်းက အမှတ်ပေးဖလားပြိုင်ဘက်နာပိုလီအတွက် သတင်းကောင်းတစ်ခုဖြစ်ခဲ့ပြီး တူရင်ကလပ်အသင်းအတွက်တော့ လာမယ့်နာပိုလီနဲ့ပွဲစဉ်အတွက် ခံစစ်ပိုင်းမှာမေးခွန်းထုတ်စရာဖြစ်သွားစေပါတယ်။
ဂျူဗင်တပ်စ်တိုက်စစ်မှူးပေါ်လိုဒီဘားလားကတော့ ”အသင်းခေါင်းဆောင်ချီရယ်လီနီရေ… ဘေးမှာအမြဲတမ်းရှိပါတယ်”လို့ တွစ်တာမှာ တင်ပြီး အားပေးခဲ့ပါတယ်။
ဂျူဗင်တပ်စ် အသင်းခေါင်းဆောင်ချီရယ်လီနီရဲ့စီးရီးအေကလပ်အသင်းအပေါ်လွှမ်းမိုးမှုက အတိုင်းအဆမရှိဖြစ်ပြီး ၂၀၁၉-၂၀၂၀ရာသီအဖွင့်ပွဲစဉ်အဖြစ် ပါးမားအသင်းနဲ့ ယှဉ်ပြိုင်ကစားရာမှာ ၁-ဝနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာလည်း ချီရယ်လီနီကပဲအနိုင်ဂိုးသွင်းယူကာ အသင်းအတွက်ရမှတ်၃မှတ်ရယူပေးခဲ့တာပါ။