Instagram မွာ တတိယလူႀကိဳက္အမ်ားဆုံးကလပ္အျဖစ္ မန္ယူကို ဂ်ဴဗင္တပ္ေက်ာ္တက္

photo-daily mail

photo-social media

ဂ်ဴဗင္တပ္ဟာ ဆုိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Instagram မွာ တတိယလူႀကိဳက္အမ်ားဆုံးကလပ္အျဖစ္ မန္ယူကို ေက်ာ္တက္သြားပါတယ္။ စီေရာ္နယ္ဒိုေရာက္လာၿပီးတဲ့ေနာက္ ဂ်ဴဗင္တပ္ရဲ႕Instagram လူမႈစာမ်က္ႏွာဟာ follower သန္း ၂၀ အထိတိုးလာခ့ဲတာျဖစ္ပါတယ္။ အဲဒီေပၚတူဂီစူပါစတားဟာ ၂၀၁၈ ေႏြရာသီမွာ ေရာက္လာခဲ့တာျဖစ္ၿပီး စီေရာ္နယ္ဒိုကိုေခၚလိုက္ျခင္းရဲ႕အသီးအပြင့္ကို အခုခ်ိန္မွာ ဂ်ဴဗင္တပ္စားသုံးေနရတာျဖစ္ကာ သူ႔အသင္းေဟာင္းကိုေတာင္ ေက်ာ္တက္သြားၿပီ ျဖစ္ပါတယ္။

photo-gettyimages

စီေရာ္နယ္ဒိုမေရာက္ခင္က ဂ်ဴဗင္တပ္ဟာ Instagram မွာ follower ၁ဝ သန္းေလာက္ပဲရွိပါတယ္။ အခုေတာ့ စီေရာ္နယ္ဒိုေၾကာင့္ Instagram မွာပရိသတ္အေရအတြက္ တစ္ဟုန္ထုိးျဖစ္သြားေပမယ့္ Instagram ရဲ႕ပရိသတ္အမ်ားဆုံးကလပ္ျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္နဲ႔ေတာ့ အကြာႀကီးကြာေနပါေသးတယ္။ ဥေရာပထိပ္သီတစ္သင္းျဖစ္တဲ့ရီးရဲလ္ဟာ Instagram မွာ follower ပရိသတ္ ၇၇.၆ သန္းအထိ ရွိေနတာျဖစ္ပါတယ္။ ဒါကလည္း သူတုိ႔အသင္းမွာ စီေရာ္နယ္ဒိုတစ္ေယာက္ ကာလရွည္ရွိသြားခဲ့ျခင္းရဲ႕အက်ိဳးဆက္က အဓိကက်မယ္ထင္ပါတယ္။ စီေရာ္နယ္ဒိုကိုယ္တိုင္ကိုယ္က Instagram မွာ follower ပရိသတ္ ၁၈၁ သန္းေတာင္ရွိထားတာျဖစ္ကာ လူမႈစာမ်က္ႏွာမွာ ပရိသတ္အမ်ားဆုံးအားကစားသမားအျဖစ္ ရပ္တည္ေနတာပါ။

photo-social media

Instagram မွာ ဒုတိယလူႀကိဳက္အမ်ားဆုံးကလပ္ကေတာ့ ဘာစီလုိနာျဖစ္ၿပီး follower ပရိသတ္အေရအတြက္ ၇၆.၄ သန္းရွိလုိ႔ ရီးရဲလ္နဲ႔ ၁ သန္းေလာက္ပဲ ကြာပါတယ္။ ဂ်ဴဗင္တပ္ကေတာ့ အခုခ်ိန္မွာ follower ပရိသတ္ ၃၁.၃ သန္းရွိသြားၿပီး မန္ယူကေတာ့ ၃၁ သန္းနဲ႔ စတုတၳေနရာမွာရပ္တည္ေနတာပါ။  မန္ယူရဲ႕ေအာက္မွာ ပီအက္စ္ဂ်ီက ၂၃.၈ သန္းနဲ႔ ပဥၥမေနရာရွိေနပါတယ္။

[Unicode]

ဂျူဗင်တပ်ဟာ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Instagram မှာ တတိယလူကြိုက်အများဆုံးကလပ်အဖြစ် မန်ယူကို ကျော်တက်သွားပါတယ်။ စီရော်နယ်ဒိုရောက်လာပြီးတဲ့နောက် ဂျူဗင်တပ်ရဲ့Instagram လူမှုစာမျက်နှာဟာ follower သန်း ၂၀ အထိတိုးလာခဲ့တာဖြစ်ပါတယ်။ အဲဒီပေါ်တူဂီစူပါစတားဟာ ၂၀၁၈ နွေရာသီမှာ ရောက်လာခဲ့တာဖြစ်ပြီး စီရော်နယ်ဒိုကိုခေါ်လိုက်ခြင်းရဲ့အသီးအပွင့်ကို အခုချိန်မှာ ဂျူဗင်တပ်စားသုံးနေရတာဖြစ်ကာ သူ့အသင်းဟောင်းကိုတောင် ကျော်တက်သွားပြီ ဖြစ်ပါတယ်။

စီရော်နယ်ဒိုမရောက်ခင်က ဂျူဗင်တပ်ဟာ Instagram မှာ follower ၁ဝ သန်းလောက်ပဲရှိပါတယ်။ အခုတော့ စီရော်နယ်ဒိုကြောင့် Instagram မှာပရိသတ်အရေအတွက် တစ်ဟုန်ထိုးဖြစ်သွားပေမယ့် Instagram ရဲ့ပရိသတ်အများဆုံးကလပ်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့တော့ အကွာကြီးကွာနေပါသေးတယ်။ ဥရောပထိပ်သီတစ်သင်းဖြစ်တဲ့ရီးရဲလ်ဟာ Instagram မှာ follower ပရိသတ် ၇၇.၆ သန်းအထိ ရှိနေတာဖြစ်ပါတယ်။ ဒါကလည်း သူတို့အသင်းမှာ စီရော်နယ်ဒိုတစ်ယောက် ကာလရှည်ရှိသွားခဲ့ခြင်းရဲ့အကျိုးဆက်က အဓိကကျမယ်ထင်ပါတယ်။ စီရော်နယ်ဒိုကိုယ်တိုင်ကိုယ်က Instagram မှာ follower ပရိသတ် ၁၈၁ သန်းတောင်ရှိထားတာဖြစ်ကာ လူမှုစာမျက်နှာမှာ ပရိသတ်အများဆုံးအားကစားသမားအဖြစ် ရပ်တည်နေတာပါ။

Instagram မှာ ဒုတိယလူကြိုက်အများဆုံးကလပ်ကတော့ ဘာစီလိုနာဖြစ်ပြီး follower ပရိသတ်အရေအတွက် ၇၆.၄ သန်းရှိလို့ ရီးရဲလ်နဲ့ ၁ သန်းလောက်ပဲ ကွာပါတယ်။ ဂျူဗင်တပ်ကတော့ အခုချိန်မှာ follower ပရိသတ် ၃၁.၃ သန်းရှိသွားပြီး မန်ယူကတော့ ၃၁ သန်းနဲ့ စတုတ္ထနေရာမှာရပ်တည်နေတာပါ။  မန်ယူရဲ့အောက်မှာ ပီအက်စ်ဂျီက ၂၃.၈ သန်းနဲ့ ပဉ္စမနေရာရှိနေပါတယ်။