ပိုကာၿပိဳင္ပြဲတစ္ခုမွာ ႏွစ္ေယာက္ေပါင္း ယူရို ၅ သိန္းနီးပါးႏိုင္သြားတဲ့ ပီေကးနဲ႔ဗီဒယ္

photo-google

photo-google

ဘာစီလုိနာအသင္းသားႏွစ္ေယာက္ျဖစ္တဲ့ ေနာက္ခံလူပီေကးနဲ႔ ကြင္းလယ္လူဗီဒယ္တို႔ဟာ ဥေရာပပိုကာတိုးၿပိဳင္ပြဲတစ္ခုမွာ ႏွစ္ေယာက္ေပါင္း ယူရို ၅ သိန္းနီးပါးႏိုင္သြားတယ္လို႔ သိရပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ ဘာစီလိုနာၿမိဳ႕မွာက်င္းပခဲ့တဲ့ တစ္ရက္တာကာဆီႏိုၿပိဳင္ပြဲမွာ ၀င္ႏႊဲခဲ့တာ ျဖစ္ပါတယ္။ အဲဒီပိုကာၿပိဳင္ပြဲမွာ ပီေကးက ယူရို ၃၅၂၉၅၀ ႏိုင္သြားခဲ့တာျဖစ္ၿပီး ဗီဒယ္ကေတာ့ ယူရို ၁၃၄၄၆၀  ႏိုင္သြားခဲ့တာပါ။

photo-google

သူတို႔ႏွစ္ေယာက္ထဲမွာ ပီေကးက ပိုကာၿပိဳင္ပြဲေတြနဲ႔ပတ္သက္ရင္ ပိုၿပီးအေတြ႕အႀကဳံရွိကာ အရင္ကလည္း ၀င္ၿပိဳင္ဖူးပါတယ္။ ၿပိဳင္ပြဲ၀င္ ၇၀ ရွိခဲ့တဲ့ အဲဒီပိုကာၿပိဳင္ပြဲမွာ ပီေကးဟာ ဒုတိယအထိရခဲ့တာျဖစ္ၿပီး သူ႔နဲ႔တစ္ႏိုင္ငံတည္းသား ပါဒိုဆုိသူက ဗုိလ္စြဲသြားတာပါ။ ၿပိဳင္ပြဲၿပီးေတာ့ ပါဒိုက”ပီေကး၊ဗီဒယ္တို႔နဲ႔တစ္၀ုိငး္တည္းကစားေတာ့ ကၽြန္ေတာ္က ကေလးငယ္တစ္ေယာက္လိုျဖစ္ခဲ့ပါတယ္”လို႔ ေျပာခဲ့ပါတယ္။ ဗီဒယ္ကေတာ့ အဲဒီၿပိဳင္ပြဲမွာ ပဥၥမရခဲ့ပါတယ္။

photo-twitter

ၿပိဳင္ပြဲစပြန္ဆာ PokarStars က ပိုကာ၀ါသနာအုိးျဖစ္တဲ့ပီေကးဟာ အခုဆိုရင္ သူ႔ရဲ႕ပိုကာကစားသမားဘ၀အဆင့္ျမင့္ၿပိဳင္ပြဲေတြကေန ယူရို ၅ သိန္းေက်ာ္ရသြားၿပီလို႔ ဖြင့္ဟခဲ့ပါတယ္။ ပီေကးနဲ႔ဗီဒယ္တို႔ဟာ ဘက္တစ္ကို ၅-၂ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့လာလီဂါပြဲစဥ္အၿပီး ေနာက္တစ္ရက္မွာ ပိုကာၿပိဳင္ပြဲ၀င္ႏႊဲခဲ့ၾကတာပါ။ ဘာစီလိုနာကစားသမားတစ္ေယာက္ ပိုကာၿပိဳင္ပြဲ၀င္ၿပိဳင္တဲ့သတင္းဟာ ဒါပထမဆုုံးေတာ့ မဟုတ္ပါဘူး။ ၂၀၁၆ တုန္းကလည္း ေနမာဟာ ဘာစီလုိနာမွာ ကစားစဥ္ ပိုကာရဲ႕အဓိကၿပိဳင္ပြဲႀကီးတစ္ခုမွာ ၀င္ၿပိဳင္ရင္း အေမရိကန္ေဒၚလာ ၁၀၀၀၀ ႏိုင္ခဲ့ပါတယ္။

[Unicode]

ဘာစီလိုနာအသင်းသားနှစ်ယောက်ဖြစ်တဲ့ နောက်ခံလူပီကေးနဲ့ ကွင်းလယ်လူဗီဒယ်တို့ဟာ ဥရောပပိုကာတိုးပြိုင်ပွဲတစ်ခုမှာ နှစ်ယောက်ပေါင်း ယူရို ၅ သိန်းနီးပါးနိုင်သွားတယ်လို့ သိရပါတယ်။ သူတို့နှစ်ယောက်ဟာ ဘာစီလိုနာမြို့မှာကျင်းပခဲ့တဲ့ တစ်ရက်တာကာဆီနိုပြိုင်ပွဲမှာ ဝင်နွှဲခဲ့တာ ဖြစ်ပါတယ်။ အဲဒီပိုကာပြိုင်ပွဲမှာ ပီကေးက ယူရို ၃၅၂၉၅၀ နိုင်သွားခဲ့တာဖြစ်ပြီး ဗီဒယ်ကတော့ ယူရို ၁၃၄၄၆၀  နိုင်သွားခဲ့တာပါ။

သူတို့နှစ်ယောက်ထဲမှာ ပီကေးက ပိုကာပြိုင်ပွဲတွေနဲ့ပတ်သက်ရင် ပိုပြီးအတွေ့အကြုံရှိကာ အရင်ကလည်း ဝင်ပြိုင်ဖူးပါတယ်။ ပြိုင်ပွဲဝင် ၇၀ ရှိခဲ့တဲ့ အဲဒီပိုကာပြိုင်ပွဲမှာ ပီကေးဟာ ဒုတိယအထိရခဲ့တာဖြစ်ပြီး သူ့နဲ့တစ်နိုင်ငံတည်းသား ပါဒိုဆိုသူက ဗိုလ်စွဲသွားတာပါ။ ပြိုင်ပွဲပြီးတော့ ပါဒိုက”ပီကေး၊ဗီဒယ်တို့နဲ့တစ်ဝိုင်းတည်းကစားတော့ ကျွန်တော်က ကလေးငယ်တစ်ယောက်လိုဖြစ်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။ ဗီဒယ်ကတော့ အဲဒီပြိုင်ပွဲမှာ ပဉ္စမရခဲ့ပါတယ်။

ပြိုင်ပွဲစပွန်ဆာ PokarStars က ပိုကာဝါသနာအိုးဖြစ်တဲ့ပီကေးဟာ အခုဆိုရင် သူ့ရဲ့ပိုကာကစားသမားဘဝအဆင့်မြင့်ပြိုင်ပွဲတွေကနေ ယူရို ၅ သိန်းကျော်ရသွားပြီလို့ ဖွင့်ဟခဲ့ပါတယ်။ ပီကေးနဲ့ဗီဒယ်တို့ဟာ ဘက်တစ်ကို ၅-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့လာလီဂါပွဲစဉ်အပြီး နောက်တစ်ရက်မှာ ပိုကာပြိုင်ပွဲဝင်နွှဲခဲ့ကြတာပါ။ ဘာစီလိုနာကစားသမားတစ်ယောက် ပိုကာပြိုင်ပွဲဝင်ပြိုင်တဲ့သတင်းဟာ ဒါပထမဆုံးတော့ မဟုတ်ပါဘူး။ ၂၀၁၆ တုန်းကလည်း နေမာဟာ ဘာစီလိုနာမှာ ကစားစဉ် ပိုကာရဲ့အဓိကပြိုင်ပွဲကြီးတစ်ခုမှာ ဝင်ပြိုင်ရင်း အမေရိကန်ဒေါ်လာ ၁၀၀၀၀ နိုင်ခဲ့ပါတယ်။