ပထမဆုံး ၂ ပွဲလွဲခဲ့တဲ့ဟာဇတ် ဗီလာရီးရဲလ်နဲ့ပွဲစပါမယ်လို့ ရီးရဲလ်မျှော်လင့်

photo-gettyimages

photo-gettyimages

လာမယ့်တနင်္ဂနွေကစားမယ့် ဗီလာရီးရဲလ်နဲ့အဝေးကွင်းပွဲစဉ်မှာ ကစားသမားသစ်ဟာဇတ် လာလီဂါပွဲဦးထွက်နိုင်မယ်လို့ ရီးရဲလ်မက်ဒရစ်အသင်းက မျှော်လင့်နေကြောင်း နာမည်ကြီးစပိန်အားကစားသတင်းစာဖြစ်တဲ့ မာကာက ဖော်ပြလိုက်ပါတယ်။ ဟာဇတ်ဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ ချဲလ်ဆီးကနေ ကနဦးပြောင်းရွှေ့ကြေးပေါင်သန်း ၉၀ ၀န်းကျင်နဲ့ ရီးရဲလ်ကို ရောက်လာခဲ့တာပါ။ ဒါပေမဲ့ သူဟာ ပေါင်ဒဏ်ရာကြောင့် ရီးရဲလ်ရဲ့လာလီဂါအဖွင့် ၂ ပွဲကို လွဲခော်ျခဲ့ရပါတယ်။

photo-gettyimages

ဒါပေမဲ့လည်း ဒီတစ်ပတ်လာလီဂါပွဲစဉ်မှာ အဲဒီဘယ်လ်ဂျီယံသားစပါနိုင်မယ်လို့ ရီးရဲလ်ဘက်က အကောင်းမြင်ထားပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင်နည်းပြရောဘတ်တိုမာတီနက်ဇ်ကလည်း ဟာဇတ်ပြန်ကစားနိုင်တော့မယ့်ပုံစံမျိုး အရိပ်အမြွတ်ပြောထားပါတယ်။ ”ဟာဇတ်ရဲ့အခြေအနေနဲ့ပတ်သက်လို့ အပေါင်းလက္ခဏာဆန်ဆန်ပဲ ခံစားရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက အမြဲတမ်းကစားချင်နေတာလေ။ ယေဘုယျအားဖြင့်လည်း သူအမြန်ဆုံးပြန်ကောင်းလာတာပါ။ တကယ်လို့ ဗီလာရီးရဲလ်နဲ့ပွဲ သူကစားမယ်ဆိုရင် လာမယ့်ယူရိုခြေစစ်ပွဲတွေအတွက် ကျွန်တော်တို့ သူ့ကိုထည့်စဉ်းစားလို့ ရနိုင်ပါတယ်”လို့ မာတီနက်ဇ်က ပြောခဲ့တာပါ။

photo-gettyimages

ရီးရဲလ်ဟာ ပြီးခဲ့တဲ့အပတ်က ဗယ်လာဒိုးလစ်ကို နောက်ကျချေပဂိုးပေးခဲ့ရပြီး သရေနဲ့သာ ကျေနပ်ခဲ့ရတာကြောင့် သူတို့ရဲ့အဓိကခေါ်ယူမှုဖြစ်တဲ့ ဟာဇတ်အမြန်ဆုံးပြန်ကစားနိုင်ဖို့ အထူးလိုအပ်နေတာပါ။ ရီးရဲလ်ဟာ လာလီဂါရာသီသစ်မှာ ၁ ပွဲနိုင်၊ ၁ ပွဲသရေကျထားပါတယ်။ ရှုံးပွဲမရှိသေးပေမယ့် နောက်ဆုံးကစားခဲ့တဲ့ဗယ်လာဒိုးလစ်နဲ့ပွဲမှာ တိုက်စစ်ပိုင်းပိုကောင်းဖို့ လိုအပ်နေတာပါ။