လြန္ခဲ့တဲ့ 57 ႏွစ္က စံခ်ိန္ကိုခ်ဳိးၿပီး ဘြန္ဒက္စ္လီဂါမွာ စံခ်ိန္သစ္တင္ခဲ့တဲ့ ဆန္ခ်ဳိ

Photo Credit: Dortmund FC
Photo Credit: Dortmund FC

ေဒါ့မန္အသင္းေတာင္ပံကစားသမား ေဂ်ဒန္ဆန္ခ်ဳိဟာ ေသာၾကာညက ကိုလံုးနဲ႔ပြဲစဥ္မွာ 1 ဂိုးသြင္းယူႏုိင္ခဲ့ၿပီးေနာက္ 1967 ခုႏွစ္က ဂ်ာမန္ကစားသမားေဟာ့စ္ေကာ္ပယ္ရဲ႕စံခ်ိန္ေဟာင္းကိုခ်ဳိးဖ်က္ကာ ဘြန္ဒက္စ္လီဂါၿပိဳင္ပြဲသမုိင္းတစ္ေလွ်ာက္ 15 ဂုိးသြင္းယူႏုိင္တဲ့ အသက္အငယ္ဆံုသူျဖစ္လာခဲ့ပါတယ္။

Photo Credit: Dortmund FC

ကိုလံုးနဲ႔ပြဲစဥ္မွာ ေဒါ့မန္ဟာ ပထမပုိင္းအတြင္း 1-0 နဲ႔ရံႈးနိမ့္ေနခဲ့တာေၾကာင့္ ေနာက္ကလုိက္ကစားခဲ့ရၿပီး ပြဲခ်ိန္မိနစ္ 70 မွာေတာ့ အေရးပါတဲ့ေခ်ပဂိုးကို ဆန္ခ်ဳိကသြင္းယူေပးႏုိင္ခဲ့တာပါ။ အဲဒီေနာက္ ပြဲခ်ိန္ 86 မိနစ္မွာ ဟာကီမီက ဒုတိယဂုိးသြင္းယူခဲ့ၿပီး နာက်င္အခ်ိန္ပိုမွာေတာ့ ဆန္ခ်ဳိရဲ႕ဖန္တီးေပးမႈကေနတစ္ဆင့္ အယ္ကာဆာက တတိယဂုိးသြင္းယူႏုိင္ခဲ့တာျဖစ္ပါတယ္။ အဲဒီပြဲက ဆန္ခ်ဳိရဲ႕သြင္းဂိုးဟာ သူ႕ရဲ႕ဘြန္ဒက္စ္လီဂါကစားသမားဘ၀ 15 ဂိုးေျမာက္ျဖစ္ခဲ့ၿပီး အသက္ 19 ႏွစ္နဲ႔ 151 ရက္သာရွိေသးတာေၾကာင့္ ၿပိဳင္ပြဲသမုိင္းတစ္ေလွ်ာက္ 15 ဂိုးျပည့္ေအာင္သြင္းယူႏုိင္သူေတြထဲမွာ အသက္အငယ္ဆံုးသူအျဖစ္ စံခ်ိန္သစ္တင္ႏုိင္ခဲ့တာပါ။

Photo Credit: Dortmund FC

မန္စီးတီးကေန ေဒါ့မန္ကုိေရာက္ရွိသြားခဲ့တဲ့ ဆန္ခ်ဳိဟာ 2017-18 ရာသီက ဘြန္ဒက္စ္လီဂါမွာ ပထမဆံုးပြဲထြက္ခြင့္ရခဲ့ၿပီး စုစုေပါင္း 12 ပြဲမွာ 1 ဂုိးသြင္းယူႏုိင္ခဲ့ပါတယ္။ ဒုတိယရာသီျဖစ္တ့ဲ ၿပီးခဲ့တဲ့ရာသီကေတာ့ 12 ဂိုးသြင္းကာ အေကာင္းဆံုးေျခစြမ္းျပႏုိင္ခဲ့တဲ့အျပင္ ဂိုးဖန္တီးမႈလည္း 14 အႀကိမ္အထိရွိခဲ့ပါတယ္။ ဒီရာသီ 2 ပြဲကစားၿပီးခ်ိန္မွာလည္း ဆန္ခ်ဳိဟာ 2 ဂုိးသြင္း၊ 2 ဂိုးဖန္တီးထားၿပီး ေဒါ့မန္ကို ဇယားထိပ္ဆံုးမွာရပ္တည္ႏုိင္ေအာင္ ကူညီေပးႏုိင္ခဲ့သူပါ။ ယခင္က 15 ဂိုးျပည့္ခ်ိန္မွာ အသက္အငယ္ဆံုးစံခ်ိန္တင္ခဲ့တဲ့ ေဟာ့စ္ေကာ္ပယ္ဟာ အသက္ 19 ႏွစ္၊ 185 ရက္နဲ႔ 15 ဂုိးျပည့္ခဲ့တာျဖစ္လုိ႔ ဆန္ခ်ဳိက 34 ရက္ပိုၿပီးငယ္ရြယ္ခဲ့တာျဖစ္ပါတယ္။

(Unicode)

လွန်ခဲ့တဲ့ 57 နှစ်က စံချိန်ကိုချိုးပြီး ဘွန်ဒက်စ်လီဂါမှာ စံချိန်သစ်တင်ခဲ့တဲ့ ဆန်ချို

ဒေါ့မန်အသင်းတောင်ပံကစားသမား ဂျေဒန်ဆန်ချိုဟာ သောကြာညက ကိုလုံးနဲ့ပွဲစဉ်မှာ 1 ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် 1967 ခုနှစ်က ဂျာမန်ကစားသမားဟော့စ်ကော်ပယ်ရဲ့စံချိန်ဟောင်းကိုချိုးဖျက်ကာ ဘွန်ဒက်စ်လီဂါပြိုင်ပွဲသမိုင်းတစ်လျှောက် 15 ဂိုးသွင်းယူနိုင်တဲ့ အသက်အငယ်ဆုံသူဖြစ်လာခဲ့ပါတယ်။

ကိုလုံးနဲ့ပွဲစဉ်မှာ ဒေါ့မန်ဟာ ပထမပိုင်းအတွင်း 1-0 နဲ့ရှုံးနိမ့်နေခဲ့တာကြောင့် နောက်ကလိုက်ကစားခဲ့ရပြီး ပွဲချိန်မိနစ် 70 မှာတော့ အရေးပါတဲ့ချေပဂိုးကို ဆန်ချိုကသွင်းယူပေးနိုင်ခဲ့တာပါ။ အဲဒီနောက် ပွဲချိန် 86 မိနစ်မှာ ဟာကီမီက ဒုတိယဂိုးသွင်းယူခဲ့ပြီး နာကျင်အချိန်ပိုမှာတော့ ဆန်ချိုရဲ့ဖန်တီးပေးမှုကနေတစ်ဆင့် အယ်ကာဆာက တတိယဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီပွဲက ဆန်ချိုရဲ့သွင်းဂိုးဟာ သူ့ရဲ့ဘွန်ဒက်စ်လီဂါကစားသမားဘ၀ 15 ဂိုးမြောက်ဖြစ်ခဲ့ပြီး အသက် 19 နှစ်နဲ့ 151 ရက်သာရှိသေးတာကြောင့် ပြိုင်ပွဲသမိုင်းတစ်လျှောက် 15 ဂိုးပြည့်အောင်သွင်းယူနိုင်သူတွေထဲမှာ အသက်အငယ်ဆုံးသူအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တာပါ။

မန်စီးတီးကနေ ဒေါ့မန်ကိုရောက်ရှိသွားခဲ့တဲ့ ဆန်ချိုဟာ 2017-18 ရာသီက ဘွန်ဒက်စ်လီဂါမှာ ပထမဆုံးပွဲထွက်ခွင့်ရခဲ့ပြီး စုစုပေါင်း 12 ပွဲမှာ 1 ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒုတိယရာသီဖြစ်တဲ့ ပြီးခဲ့တဲ့ရာသီကတော့ 12 ဂိုးသွင်းကာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တဲ့အပြင် ဂိုးဖန်တီးမှုလည်း 14 အကြိမ်အထိရှိခဲ့ပါတယ်။ ဒီရာသီ 2 ပွဲကစားပြီးချိန်မှာလည်း ဆန်ချိုဟာ 2 ဂိုးသွင်း၊ 2 ဂိုးဖန်တီးထားပြီး ဒေါ့မန်ကို ဇယားထိပ်ဆုံးမှာရပ်တည်နိုင်အောင် ကူညီပေးနိုင်ခဲ့သူပါ။ ယခင်က 15 ဂိုးပြည့်ချိန်မှာ အသက်အငယ်ဆုံးစံချိန်တင်ခဲ့တဲ့ ဟော့စ်ကော်ပယ်ဟာ အသက် 19 နှစ်၊ 185 ရက်နဲ့ 15 ဂိုးပြည့်ခဲ့တာဖြစ်လို့ ဆန်ချိုက 34 ရက်ပိုပြီးငယ်ရွယ်ခဲ့တာဖြစ်ပါတယ်။