မန္စီးတီးနဲ႔လီဗာပူးတုိ႔ေၾကာင့္ ေလ့က်င့္ခန္းအခ်ိန္ပိုဆင္းေနရတဲ့ မန္ယူၾကယ္ပြင့္္ဒီဂီယာ

photo-gettyimages

photo-gettyimages

ဒီဂီယာဟာ ေနာက္တန္းကေန အေပးအယူနဲ႔ ကစားကြက္ေဖာ္ေဆာင္တဲ့ေနရာမွာ နာမည္ႀကီးတဲ့ ဂိုးသမားမဟုတ္ပါဘူး။ အဲဒီစပိန္သားရဲ႕အားသာခ်က္ဟာ လက္စြမ္းျပကာကြယ္တာေတြနဲ႔ ျဖတ္တင္ေဘာေတြကို ထြက္ဆြဲ၊ပုတ္ထုတ္ေနရာေတြမွာသာ ပိုမိုပါတယ္။ ဒီဂီယာနာမည္ႀကီးလာတာ ကာကြယ္မႈေကာင္းေတြေၾကာင့္ပါ။ အခုေတာ့ နည္းျပဆုိးလ္ရွားရဲ႕တိုက္တြန္းမႈေၾကာင့္ မန္စီးတီးနဲ႔လီဗာပူးတို႔က ဂိုးသမားေတြနဲ႔တူေအာင္ လုပ္ေနရပါၿပီ။

photo-gettyimages

The Sun သတင္းစာရဲ႕ေဖာ္ျပခ်က္အရ မန္စီးတီးဂိုးသမားအီဒါဆန္နဲ႔ လီဗာပူးဂိုးသမားအယ္လစ္ဆန္တို႔လိုကစားႏိုင္ေအာင္ ဆိုးလ္ရွားက ဒီဂီယာကို ေလ့က်င့္ခန္းအခ်ိန္ပိုဆင္းေစခဲ့တယ္လုိ႔ သိရပါတယ္။ ဒါေၾကာင့္ အဲဒီစပိန္ဂိုးသမားဟာ ေန႔စဥ္တိုင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္ေတြမွာ အနည္းဆုံးမိနစ္ ၃၀ အခ်ိန္ပိုေပးၿပီး ေျခေထာက္နဲ႔ေဘာလုံးေလ့က်င့္မႈျပဳလုပ္ေနရပါတယ္။ အီဒါဆန္နဲ႔အယ္လစ္ဆန္တို႔ေရာက္လာမႈေၾကာင့္လည္း မန္စီးတီးနဲ႔လီဗာပူးတို႔ဟာ ခံစစ္ပိုင္းမွာ နညး္လမ္းေပါင္းစုံနဲ႔ကို တိုးတက္လာတာပါ။ ဆုိးလ္ရွားကလညး္ မန္ယူကို အဲဒီလိုျဖစ္ေစခ်င္ေနတာပါ။

photo-gettyimages

“ဒီဂီယာဟာ တစ္ေန႔ကို အနည္းဆုံးမိနစ္ ၃၀ အခ်ိန္ပိုေပးၿပီး ေဘာလုံးကို ေျခေထာက္နဲ႔ ေလ့က်င့္ေနပါတယ္။ ဖိအားေအာက္ေရာက္အေနအထားမွာ ေဘာလုံးရယူတာနဲ႔ျပန္ေပးတာေတြလုပ္ႏိုင္ေအာင္ ဂိုးနည္းျပေတြက သူ႔ကို ထပ္ခါတလဲလဲ ေလ့က်င့္ေစေနတာပါ။ မၾကာေသးခင္က ပရီးမီးယားလိဂ္မွာ ေဘာလုံးဥပေဒအေျပာင္းအလဲျဖစ္သြားတာေၾကာင့္လည္း အခုလိုလုပ္ေနရတာပါ။ Goal Kick ေတြကို အရင္လုိတည္ကန္စရာမလုိေတာ့ဘဲ ပင္နယ္တီဧရိယာထဲမွာပဲ ေနာက္ခံလူႏွစ္ေယာက္ထားၿပီး ေဘာလုံးအေပးအပို႔လုပ္လို႔ရတဲ့တြက္ ဒီဂီယာကို အခုလိုေလ့က်င့္ေစတာပါ။ လက္ရွိအခ်ိန္ထိလည္း သူေကာငး္ေကာင္းေလ့က်င့္ႏိုင္ေနပါတယ္”လို႔ မန္ယူအသင္းနဲ႔နီးစပ္တ့ဲသတင္းရပ္ကြက္က The Sun သတင္းစာကို ဖြင့္ဟခဲ့ပါတယ္။

[Unicode]

ဒီဂီယာဟာ နောက်တန်းကနေ အပေးအယူနဲ့ ကစားကွက်ဖော်ဆောင်တဲ့နေရာမှာ နာမည်ကြီးတဲ့ ဂိုးသမားမဟုတ်ပါဘူး။ အဲဒီစပိန်သားရဲ့အားသာချက်ဟာ လက်စွမ်းပြကာကွယ်တာတွေနဲ့ ဖြတ်တင်ဘောတွေကို ထွက်ဆွဲ၊ပုတ်ထုတ်နေရာတွေမှာသာ ပိုမိုပါတယ်။ ဒီဂီယာနာမည်ကြီးလာတာ ကာကွယ်မှုကောင်းတွေကြောင့်ပါ။ အခုတော့ နည်းပြဆိုးလ်ရှားရဲ့တိုက်တွန်းမှုကြောင့် မန်စီးတီးနဲ့လီဗာပူးတို့က ဂိုးသမားတွေနဲ့တူအောင် လုပ်နေရပါပြီ။

The Sun သတင်းစာရဲ့ဖော်ပြချက်အရ မန်စီးတီးဂိုးသမားအီဒါဆန်နဲ့ လီဗာပူးဂိုးသမားအယ်လစ်ဆန်တို့လိုကစားနိုင်အောင် ဆိုးလ်ရှားက ဒီဂီယာကို လေ့ကျင့်ခန်းအချိန်ပိုဆင်းစေခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် အဲဒီစပိန်ဂိုးသမားဟာ နေ့စဉ်တိုင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာ အနည်းဆုံးမိနစ် ၃၀ အချိန်ပိုပေးပြီး ခြေထောက်နဲ့ဘောလုံးလေ့ကျင့်မှုပြုလုပ်နေရပါတယ်။ အီဒါဆန်နဲ့အယ်လစ်ဆန်တို့ရောက်လာမှုကြောင့်လည်း မန်စီးတီးနဲ့လီဗာပူးတို့ဟာ ခံစစ်ပိုင်းမှာ နည်းလမ်းပေါင်းစုံနဲ့ကို တိုးတက်လာတာပါ။ ဆိုးလ်ရှားကလည်း မန်ယူကို အဲဒီလိုဖြစ်စေချင်နေတာပါ။

“ဒီဂီယာဟာ တစ်နေ့ကို အနည်းဆုံးမိနစ် ၃၀ အချိန်ပိုပေးပြီး ဘောလုံးကို ခြေထောက်နဲ့ လေ့ကျင့်နေပါတယ်။ ဖိအားအောက်ရောက်အနေအထားမှာ ဘောလုံးရယူတာနဲ့ပြန်ပေးတာတွေလုပ်နိုင်အောင် ဂိုးနည်းပြတွေက သူ့ကို ထပ်ခါတလဲလဲ လေ့ကျင့်စေနေတာပါ။ မကြာသေးခင်က ပရီးမီးယားလိဂ်မှာ ဘောလုံးဥပဒေအပြောင်းအလဲဖြစ်သွားတာကြောင့်လည်း အခုလိုလုပ်နေရတာပါ။ Goal Kick တွေကို အရင်လိုတည်ကန်စရာမလိုတော့ဘဲ ပင်နယ်တီဧရိယာထဲမှာပဲ နောက်ခံလူနှစ်ယောက်ထားပြီး ဘောလုံးအပေးအပို့လုပ်လို့ရတဲ့တွက် ဒီဂီယာကို အခုလိုလေ့ကျင့်စေတာပါ။ လက်ရှိအချိန်ထိလည်း သူကောင်းကောင်းလေ့ကျင့်နိုင်နေပါတယ်”လို့ မန်ယူအသင်းနဲ့နီးစပ်တဲ့သတင်းရပ်ကွက်က The Sun သတင်းစာကို ဖွင့်ဟခဲ့ပါတယ်။