စူပါဖလားပင္နယ္တီလြဲခဲ့ေပမယ့္ ပင္နယ္တီဆက္ကန္မယ္လုိ႔ ဆိုလိုက္တဲ့ေအဘရာဟမ္

photo-gettyimages

photo-gettyimages

လီဗာပူးကို ပင္နယ္တီနဲ႔ အေရးနိမ့္ခဲ့တဲ့စူပါဖလားပြဲစဥ္မွာ ခ်ဲလ္ဆီးရဲ႕အဆုံးအျဖတ္ပင္နယ္တီကို လြဲေခ်ာ္ခဲ့ေပမယ့္လည္း အနာဂါတ္မွာလည္း ပင္နယ္တီဆက္ကန္ဖို႔ေၾကာက္ေနမွာ မဟုတ္ဘူးလို႔ ခ်ဲလ္ဆီးတုိက္စစ္မႈးေအဘရာဟမ္က အခိုင္အမာေျပာၾကားလိုက္ပါတယ္။ လီဗာပူးနဲ႔ပင္နယ္တီအဆုံးအျဖတ္တုန္းက ခ်ဲလ္ဆီးအတြက္ ၅ လုံးေျမာက္ပင္နယ္တီကို ေအဘရာဟမ္ကန္သြင္းရာမွာ လီဗာပူးဂိုးသမားအက္ဒရီယန္ရဲ႕ကာကြယ္ျခင္းခံလုိက္ရၿပီး အဲဒီအလုံးေၾကာင့္ပဲ ခ်ဲလ္ဆီးရႈံးနိမ့္သြားခဲ့တာပါ။ ဒါေပမဲ့ ၂၁ ႏွစ္အရြယ္ ေအဘရာဟမ္ကေတာ့ စိတ္ဓာတ္က်မသြားခဲ့ပါဘူး။

photo-gettyimages

”ကၽြန္ေတာ္ဟာ ေနာက္ဆုံးပင္နယ္တီကိုလြဲခဲ့တာပါ။ ဒါေပမဲ့ ေဘာလုံးမွာ ဒါမ်ိဳးကံဆုိးမႈေတြက ျဖစ္တတ္ပါတယ္။ ကၽြန္ေတာ္ကေတာ့ ပင္နယ္တီကန္သြင္းမႈေတြမွာ ကိုယ့္ကိုယ္ကိုယ္အၿမဲယုံၾကည္မႈရွိပါတယ္။ ၿပီးခဲ့တဲ့ရာသီ ဗီလာမွာကတည္းက ကၽြန္ေတာ္ ပင္နယ္တီကန္သြင္းမႈအခ်ိဳ႕လုပ္ခဲ့ပါတယ္။ ကံဆုိုးစြာနဲ႔ပဲ အေရးႀကီးဆုံးပင္နယ္တီေတြထဲက တစ္ခုကို ကၽြန္ေတာ္လြဲသြားပါတယ္။ ဒါကို ကၽြန္ေတာ္ဘယ္လုိတံု႔ျပန္မလဲပဲ အေရးႀကီးပါတယ္။ ကၽြန္ေတာ္ေခါင္းေမာ့လိုက္ပါတယ္။ ထိပ္တန္းကစားသမားေတြလည္း အၿမဲတမ္းပင္နယ္တီလြဲတတ္ၿပီး သူတုိ႔ဘယ္လုိတုံ႔ျပန္မလဲပဲအေရးႀကီးတာပါ။ ကၽြန္ေတာ္ကေတာ့ ကုိယ့္ကိုယ္ကိုယ္တြန္းအားေပးပါတယ္”လို႔ ေအဘရာဟမ္က ေျပာခဲ့ပါတယ္။

photo-gettyimages

ေအဘရာဟမ္ဟာ မၾကာေသးခင္ရာသီေတြမွာ အငွားလိုက္ကစားခဲ့ရၿပီး အေျပာင္းအေရႊ႕ပိတ္ပင္ခံရမႈေနာက္ဆက္တြဲေၾကာင့္သာ ဒီရာသီခ်ဲလ္ဆီးအသင္းမွာ အခြင့္အေရးရေနတာပါ။ သူဟာ နံပါတ္ ၉ ဂ်ာစီအက်ၤီ၀တ္ဆင္ခြင့္ရထားေပမယ့္ ခ်ဲလ္ဆီးကိုျပန္ေရာက္လာၿပီးေနာက္ပိုင္း အခုခ်ိန္ထိေတာ့ ဂိုးမသြင္းႏိုင္ေသးပါဘူး။

[Unicode]

လီဗာပူးကို ပင်နယ်တီနဲ့ အရေးနိမ့်ခဲ့တဲ့စူပါဖလားပွဲစဉ်မှာ ချဲလ်ဆီးရဲ့အဆုံးအဖြတ်ပင်နယ်တီကို လွဲချော်ခဲ့ပေမယ့်လည်း အနာဂါတ်မှာလည်း ပင်နယ်တီဆက်ကန်ဖို့ကြောက်နေမှာ မဟုတ်ဘူးလို့ ချဲလ်ဆီးတိုက်စစ်မှုးအေဘရာဟမ်က အခိုင်အမာပြောကြားလိုက်ပါတယ်။ လီဗာပူးနဲ့ပင်နယ်တီအဆုံးအဖြတ်တုန်းက ချဲလ်ဆီးအတွက် ၅ လုံးမြောက်ပင်နယ်တီကို အေဘရာဟမ်ကန်သွင်းရာမှာ လီဗာပူးဂိုးသမားအက်ဒရီယန်ရဲ့ကာကွယ်ခြင်းခံလိုက်ရပြီး အဲဒီအလုံးကြောင့်ပဲ ချဲလ်ဆီးရှုံးနိမ့်သွားခဲ့တာပါ။ ဒါပေမဲ့ ၂၁ နှစ်အရွယ် အေဘရာဟမ်ကတော့ စိတ်ဓာတ်ကျမသွားခဲ့ပါဘူး။

”ကျွန်တော်ဟာ နောက်ဆုံးပင်နယ်တီကိုလွဲခဲ့တာပါ။ ဒါပေမဲ့ ဘောလုံးမှာ ဒါမျိုးကံဆိုးမှုတွေက ဖြစ်တတ်ပါတယ်။ ကျွန်တော်ကတော့ ပင်နယ်တီကန်သွင်းမှုတွေမှာ ကိုယ့်ကိုယ်ကိုယ်အမြဲယုံကြည်မှုရှိပါတယ်။ ပြီးခဲ့တဲ့ရာသီ ဗီလာမှာကတည်းက ကျွန်တော် ပင်နယ်တီကန်သွင်းမှုအချို့လုပ်ခဲ့ပါတယ်။ ကံဆိုးစွာနဲ့ပဲ အရေးကြီးဆုံးပင်နယ်တီတွေထဲက တစ်ခုကို ကျွန်တော်လွဲသွားပါတယ်။ ဒါကို ကျွန်တော်ဘယ်လိုတုံ့ပြန်မလဲပဲ အရေးကြီးပါတယ်။ ကျွန်တော်ခေါင်းမော့လိုက်ပါတယ်။ ထိပ်တန်းကစားသမားတွေလည်း အမြဲတမ်းပင်နယ်တီလွဲတတ်ပြီး သူတို့ဘယ်လိုတုံ့ပြန်မလဲပဲအရေးကြီးတာပါ။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ်တွန်းအားပေးပါတယ်”လို့ အေဘရာဟမ်က ပြောခဲ့ပါတယ်။

အေဘရာဟမ်ဟာ မကြာသေးခင်ရာသီတွေမှာ အငှားလိုက်ကစားခဲ့ရပြီး အပြောင်းအရွှေ့ပိတ်ပင်ခံရမှုနောက်ဆက်တွဲကြောင့်သာ ဒီရာသီချဲလ်ဆီးအသင်းမှာ အခွင့်အရေးရနေတာပါ။ သူဟာ နံပါတ် ၉ ဂျာစီအင်္ကျီဝတ်ဆင်ခွင့်ရထားပေမယ့် ချဲလ်ဆီးကိုပြန်ရောက်လာပြီးနောက်ပိုင်း အခုချိန်ထိတော့ ဂိုးမသွင်းနိုင်သေးပါဘူး။