လူငယ်တွေရဲ့အားနဲ့ ချဲလ်ဆီးကို ၄ဂိုးပြတ်အနိုင်ယူလိုက်တဲ့ယူနိုက်တက် အမှတ်ပေးဇယားရဲ့ဒုတိယနေရာ ရောက်လာ

Photo Credit

ယူနိုက်တက်ဟာ လူငယ်တွေရဲ့အားနဲ့အတူ အိမ်ကွင်းမှာ ချဲလ်ဆီးကို ၄ဂိုးပြတ်အနိုင်ယူပြီး လီဗာပူးကို ကျော်ဖြတ်ကာ လက်ရှိချန်ပီယံမန်စီးတီးရဲ့နောက် ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit

ချဲလ်ဆီးမှာ ဇူးမား၊ ဘာကလေနဲ့ အေဘရာဟမ်တို့ ခြေမပေါ်ခဲ့ပေမယ့် မေဆင်မောင့်ကတော့ အစောပိုင်းမှာ ခြေစွမ်းပြနိုင်ခဲ့တယ်။ယူနိုက်တက်ခံစစ်ကို စံချိန်တင်အပြောင်းအရွှေ့ရှင် မက်ဂွဲယားရောက်လာချိန်နဲ့ ဂိုးသမားဒီဂီယာ ပုံမှန်လက်စွမ်းပြရချိန် တိုက်ဆိုင်သွားတဲ့အခါ မနှစ်ကဆိုးရွားလွန်းခဲ့တဲ့ခံစစ်က ဒီနှစ်မှာ ပုံစံကောင်းပြန်ရလာတယ်။

Photo Credit

ပြီးတော့ တိုက်စစ်ပိုင်း။ တိုက်စစ်ပိုင်းက ဆိုးလ်ရှားက လူငယ်တွေကို အားကိုးကစားတယ်။ မာရှယ်နဲ့ရက်ရှ်ဖို့ဒ်က တိုက်စစ်မှာ ပုံသေနေရာမထားဘဲ လှုပ်ကစားတယ်။ ကွင်းလယ်မှာ မက်တိုမီနေးက ခံစစ်၊ ပေါ့ဂ်ဘာက box-to-box နဲ့ ပါရဲရားက တိုက်စစ်ကို အဓိကထားကစားတယ်။ ပေါ့ဂ်ဘာကစားပုံက တစ်ခါတလေ Risk ဆန်ပေမယ့် ယူနိုက်တက်ကွင်းလယ်မှာ သူပဲ ဦးဆောင်ကစားသွားခဲ့တာပါ။

Photo Credit

ပွဲအစပိုင်းမှာတော့ ချဲလ်ဆီးကစားပုံကောင်းခဲ့တယ်။ ပွဲချိန် ၄မိနစ်မှာ အထောင်တိုက်စစ်မှူး အေဘရာဟမ်ရဲ့အပြင်းကန်သွင်းချက် ဒီဂီယာကို ကျော်ဖြတ်နိုင်ခဲ့ပေမယ့် တိုင်ထိထွက်သွားရတယ်။ သိပ်မကြာခင် ဇူးမားရဲ့အမှားကနေ မာရှယ် ကန်သွင်းခွင့်ရခဲ့ပေမယ့် အားပျော့သွားလို့ ချဲလ်ဆီးဂိုးသမားကီပါ ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၁၂မိနစ်မှာ ပင်နယ်တီဧရိယာထိပ်ကနေ မေဆင်မောင့်ကန်သွင်းတာလည်း ဂိုးသမားဒီဂီယာ ကာကွယ်နိုင်ခဲ့ပါတယ်။

Photo Credit

ပွဲချိန် ၁၈မိနစ်မှာတော့ ရက်ရှ်ဖို့ဒ်ကို ဇူးမား ကစားပုံကြမ်းလို့ ယူနိုက်တက်အသင်း ပင်နယ်တီရခဲ့ပြီး ရက်ရှ်ဖို့ဒ်က အမှားအယွင်းမရှိကန်သွင်းယူနိုင်ခဲ့လို့ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။

Photo Credit

ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် ချဲလ်ဆီးအသင်း ကစားပုံပျက်သွားပြီး ပွဲချိန် ၃၅မိနစ်ကျော်လောက်မှ ကစားကွက်ပြန်မိသွားပါတယ်။ ပွဲချိန် ၃၉မိနစ်မှာ ဘယ်တောင်ပံကနေ ဘာကလေ ဘယ်ခြေနဲ့ ကန်သွင်းခဲ့ပေမယ့် ဒီဂီယာ ကာကွယ်နိုင်ခဲ့သလို အီမာဆင်ရဲ့အပြင်းကန်သွင်းချက်ကလည်း တိုင်ထိထွက်သွားလို့ ချဲလ်ဆီးအသင်း နစ်နာခဲ့ရပါတယ်။

Photo Credit

ချဲလ်ဆီးက ဒုတိယပိုင်းပြန်အစမှာ ကစားပုံကောင်းမွန်ခဲ့ပြီး အန္တရာယ်ရှိတဲ့ပေးပို့မှုတွေပြုလုပ်နိုင်ခဲ့ပေမယ့် ယူနိုက်တက်ခံစစ်က ရှင်းထုတ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၅၆မိနစ်မှာ ဘယ်နောက်ခံလူ အီမာဆင် အပြင်းကန်သွင်းတာကိုလည်း ဒီဂီယာ ပုတ်ထုတ်နိုင်ခဲ့ပါတယ်။

Photo Credit

ပွဲချိန် ၆၅မိနစ်မှာတော့ ယူနိုက်တက်အသင်း ဒုတိယမြောက်ဦးဆောင်ဂိုးရရှိခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ပါရဲရား ဖြတ်တင်ပေးလိုက်တာကို မာရှယ်က အနီးကပ်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

Photo Credit

နောက် ၂မိနစ်အကြာမှာလည်း ယူနိုက်တက်အသင်း တတိယမြောက်ဂိုးရရှိခဲ့ပြီး ချဲလ်ဆီးဘောလုံးပျက်သွားရာကနေ ပေါ့ဂ်ဘာ အသာခုတ်တင်ပေးလိုက်တာကို လူကျွံထောင်ချောက်က လွတ်သွားတဲ့ ရက်ရှ်ဖို့ဒ်က ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

Photo Credit

နောက်ပိုင်းမှာ ယူနိုက်တက်က ပွဲကို ထိန်းကစားသွားပြီး ပွဲချိန် ၈၁မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ပေါ့ဂ်ဘာ ဖန်တီးပေးတာကို လူစားဝင်ကစားသမား ဂျိမ်းစ် ကန်သွင်းယူနိုင်ခဲ့လို့ အဆုံးသတ်ဂိုးရရှိခဲ့ပါတယ်။

Photo Credit

Unicode

