လူငယ္ေတြရဲ႕အားနဲ႔ ခ်ဲလ္ဆီးကို ၄ဂိုးျပတ္အႏိုင္ယူလုိက္တဲ့ယူႏုိက္တက္ အမွတ္ေပးဇယားရဲ႕ဒုတိယေနရာ ေရာက္လာ

Photo Credit

Photo Credit

ယူႏိုက္တက္ဟာ လူငယ္ေတြရဲ႕အားနဲ႔အတူ အိမ္ကြင္းမွာ ခ်ဲလ္ဆီးကို ၄ဂိုးျပတ္အႏုိင္ယူၿပီး လီဗာပူးကို ေက်ာ္ျဖတ္ကာ လက္ရွိခ်န္ပီယံမန္စီးတီးရဲ႕ေနာက္ ဒုတိယေနရာကို တက္လွမ္းႏိုင္ခဲ့ပါတယ္။

Photo Credit

ခ်ဲလ္ဆီးမွာ ဇူးမား၊ ဘာကေလနဲ႔ ေအဘရာဟမ္တုိ႔ ေျခမေပၚခဲ့ေပမယ့္ ေမဆင္ေမာင့္ကေတာ့ အေစာပိုင္းမွာ ေျခစြမ္းျပႏိုင္ခဲ့တယ္။ယူႏုိက္တက္ခံစစ္ကို စံခ်ိန္တင္အေျပာင္းအေရႊ႕ရွင္ မက္ဂြဲယားေရာက္လာခ်ိန္နဲ႔ ဂိုးသမားဒီဂီယာ ပုံမွန္လက္စြမ္းျပရခ်ိန္ တုိက္ဆုိင္သြားတဲ့အခါ မႏွစ္ကဆုိးရြားလြန္းခဲ့တ့ဲခံစစ္က ဒီႏွစ္မွာ ပုံစံေကာင္းျပန္ရလာတယ္။

Photo Credit

ၿပီးေတာ့ တုိက္စစ္ပိုင္း။ တုိက္စစ္ပိုင္းက ဆုိးလ္ရွားက လူငယ္ေတြကို အားကုိးကစားတယ္။ မာရွယ္နဲ႔ရက္ရွ္ဖို႔ဒ္က တုိက္စစ္မွာ ပုံေသေနရာမထားဘဲ လႈပ္ကစားတယ္။ ကြင္းလယ္မွာ မက္တိုမီေနးက ခံစစ္၊ ေပါ့ဂ္ဘာက box-to-box နဲ႔ ပါရဲရားက တုိက္စစ္ကို အဓိကထားကစားတယ္။ ေပါ့ဂ္ဘာကစားပုံက တစ္ခါတေလ Risk ဆန္ေပမယ့္ ယူႏုိက္တက္ကြင္းလယ္မွာ သူပဲ ဦးေဆာင္ကစားသြားခဲ့တာပါ။

Photo Credit

ပဲြအစပိုင္းမွာေတာ့ ခ်ဲလ္ဆီးကစားပုံေကာင္းခဲ့တယ္။ ပြဲခ်ိန္ ၄မိနစ္မွာ အေထာင္တုိက္စစ္မွဴး ေအဘရာဟမ္ရဲ႕အျပင္းကန္သြင္းခ်က္ ဒီဂီယာကို ေက်ာ္ျဖတ္ႏိုင္ခဲ့ေပမယ့္ တုိင္ထိထြက္သြားရတယ္။ သိပ္မၾကာခင္ ဇူးမားရဲ႕အမွားကေန မာရွယ္ ကန္သြင္းခြင့္ရခဲ့ေပမယ့္ အားေပ်ာ့သြားလုိ႔ ခ်ဲလ္ဆီးဂိုးသမားကီပါ ကာကြယ္ႏုိင္ခဲ့ပါတယ္။ ပြဲခ်ိန္ ၁၂မိနစ္မွာ ပင္နယ္တီဧရိယာထိပ္ကေန ေမဆင္ေမာင့္ကန္သြင္းတာလည္း ဂိုးသမားဒီဂီယာ ကာကြယ္ႏိုင္ခဲ့ပါတယ္။

Photo Credit

ပြဲခ်ိန္ ၁၈မိနစ္မွာေတာ့ ရက္ရွ္ဖို႔ဒ္ကို ဇူးမား ကစားပုံၾကမ္းလုိ႔ ယူႏုိက္တက္အသင္း ပင္နယ္တီရခဲ့ၿပီး ရက္ရွ္ဖို႔ဒ္က အမွားအယြင္းမရွိကန္သြင္းယူႏုိင္ခဲ့လုိ႔ ဦးေဆာင္ဂိုးရရွိခဲ့ပါတယ္။

Photo Credit

ဦးေဆာင္ဂိုးေပးလုိက္ရၿပီးေနာက္ ခ်ဲလ္ဆီးအသင္း ကစားပုံပ်က္သြားၿပီး ပြဲခ်ိန္ ၃၅မိနစ္ေက်ာ္ေလာက္မွ ကစားကြက္ျပန္မိသြားပါတယ္။ ပြဲခ်ိန္ ၃၉မိနစ္မွာ ဘယ္ေတာင္ပံကေန ဘာကေလ ဘယ္ေျခနဲ႔ ကန္သြင္းခဲ့ေပမယ့္ ဒီဂီယာ ကာကြယ္ႏိုင္ခဲ့သလုိ အီမာဆင္ရဲ႕အျပင္းကန္သြင္းခ်က္ကလည္း တုိင္ထိထြက္သြားလုိ႔ ခ်ဲလ္ဆီးအသင္း နစ္နာခဲ့ရပါတယ္။

Photo Credit

ခ်ဲလ္ဆီးက ဒုတိယပိုင္းျပန္အစမွာ ကစားပုံေကာင္းမြန္ခဲ့ၿပီး အႏၱရာယ္ရွိတဲ့ေပးပို႔မႈေတြျပဳလုပ္ႏိုင္ခဲ့ေပမယ့္ ယူႏိုက္တက္ခံစစ္က ရွင္းထုတ္ႏိုင္ခဲ့ပါတယ္။ ပြဲခ်ိန္ ၅၆မိနစ္မွာ ဘယ္ေနာက္ခံလူ အီမာဆင္ အျပင္းကန္သြင္းတာကိုလည္း ဒီဂီယာ ပုတ္ထုတ္ႏိုင္ခဲ့ပါတယ္။

Photo Credit

ပြဲခ်ိန္ ၆၅မိနစ္မွာေတာ့ ယူႏုိက္တက္အသင္း ဒုတိယေျမာက္ဦးေဆာင္ဂိုးရရွိခဲ့ၿပီး တန္ျပန္တုိက္စစ္ကေန ပါရဲရား ျဖတ္တင္ေပးလုိက္တာကို မာရွယ္က အနီးကပ္ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။

Photo Credit

ေနာက္ ၂မိနစ္အၾကာမွာလည္း ယူႏုိက္တက္အသင္း တတိယေျမာက္ဂိုးရရွိခဲ့ၿပီး ခ်ဲလ္ဆီးေဘာလုံးပ်က္သြားရာကေန ေပါ့ဂ္ဘာ အသာခုတ္တင္ေပးလုိက္တာကို လူကၽြံေထာင္ေခ်ာက္က လြတ္သြားတဲ့ ရက္ရွ္ဖို႔ဒ္က ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

Photo Credit

ေနာက္ပိုင္းမွာ ယူႏုိက္တက္က ပြဲကို ထိန္းကစားသြားၿပီး ပြဲခ်ိန္ ၈၁မိနစ္မွာ တန္ျပန္တုိက္စစ္ကေန ေပါ့ဂ္ဘာ ဖန္တီးေပးတာကုိ လူစား၀င္ကစားသမား ဂ်ိမ္းစ္ ကန္သြင္းယူႏိုင္ခဲ့လုိ႔ အဆုံးသတ္ဂိုးရရွိခဲ့ပါတယ္။

Photo Credit

Unicode

လူငယ်တွေရဲ့အားနဲ့ ချဲလ်ဆီးကို ၄ဂိုးပြတ်အနိုင်ယူလိုက်တဲ့ယူနိုက်တက် အမှတ်ပေးဇယားရဲ့ဒုတိယနေရာ ရောက်လာ

ယူနိုက်တက်ဟာ လူငယ်တွေရဲ့အားနဲ့အတူ အိမ်ကွင်းမှာ ချဲလ်ဆီးကို ၄ဂိုးပြတ်အနိုင်ယူပြီး လီဗာပူးကို ကျော်ဖြတ်ကာ လက်ရှိချန်ပီယံမန်စီးတီးရဲ့နောက် ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။
ချဲလ်ဆီးမှာ ဇူးမား၊ ဘာကလေနဲ့ အေဘရာဟမ်တို့ ခြေမပေါ်ခဲ့ပေမယ့် မေဆင်မောင့်ကတော့ အစောပိုင်းမှာ ခြေစွမ်းပြနိုင်ခဲ့တယ်။
ယူနိုက်တက်ခံစစ်ကို စံချိန်တင်အပြောင်းအရွှေ့ရှင် မက်ဂွဲယားရောက်လာချိန်နဲ့ ဂိုးသမားဒီဂီယာ ပုံမှန်လက်စွမ်းပြရချိန် တိုက်ဆိုင်သွားတဲ့အခါ မနှစ်ကဆိုးရွားလွန်းခဲ့တဲ့ခံစစ်က ဒီနှစ်မှာ ပုံစံကောင်းပြန်ရလာတယ်။
ပြီးတော့ တိုက်စစ်ပိုင်း။ တိုက်စစ်ပိုင်းက ဆိုးလ်ရှားက လူငယ်တွေကို အားကိုးကစားတယ်။ မာရှယ်နဲ့ရက်ရှ်ဖို့ဒ်က တိုက်စစ်မှာ ပုံသေနေရာမထားဘဲ လှုပ်ကစားတယ်။
ကွင်းလယ်မှာ မက်တိုမီနေးက ခံစစ်၊ ပေါ့ဂ်ဘာက box-to-box နဲ့ ပါရဲရားက တိုက်စစ်ကို အဓိကထားကစားတယ်။ ပေါ့ဂ်ဘာကစားပုံက တစ်ခါတလေ Risk ဆန်ပေမယ့် ယူနိုက်တက်ကွင်းလယ်မှာ သူပဲ ဦးဆောင်ကစားသွားခဲ့တာပါ။
ပွဲအစပိုင်းမှာတော့ ချဲလ်ဆီးကစားပုံကောင်းခဲ့တယ်။ ပွဲချိန် ၄မိနစ်မှာ အထောင်တိုက်စစ်မှူး အေဘရာဟမ်ရဲ့အပြင်းကန်သွင်းချက် ဒီဂီယာကို ကျော်ဖြတ်နိုင်ခဲ့ပေမယ့် တိုင်ထိထွက်သွားရတယ်။
သိပ်မကြာခင် ဇူးမားရဲ့အမှားကနေ မာရှယ် ကန်သွင်းခွင့်ရခဲ့ပေမယ့် အားပျော့သွားလို့ ချဲလ်ဆီးဂိုးသမားကီပါ ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၁၂မိနစ်မှာ ပင်နယ်တီဧရိယာထိပ်ကနေ မေဆင်မောင့်ကန်သွင်းတာလည်း ဂိုးသမားဒီဂီယာ ကာကွယ်နိုင်ခဲ့ပါတယ်။
ပွဲချိန် ၁၈မိနစ်မှာတော့ ရက်ရှ်ဖို့ဒ်ကို ဇူးမား ကစားပုံကြမ်းလို့ ယူနိုက်တက်အသင်း ပင်နယ်တီရခဲ့ပြီး ရက်ရှ်ဖို့ဒ်က အမှားအယွင်းမရှိကန်သွင်းယူနိုင်ခဲ့လို့ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။
ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် ချဲလ်ဆီးအသင်း ကစားပုံပျက်သွားပြီး ပွဲချိန် ၃၅မိနစ်ကျော်လောက်မှ ကစားကွက်ပြန်မိသွားပါတယ်။ ပွဲချိန် ၃၉မိနစ်မှာ ဘယ်တောင်ပံကနေ ဘာကလေ ဘယ်ခြေနဲ့ ကန်သွင်းခဲ့ပေမယ့် ဒီဂီယာ ကာကွယ်နိုင်ခဲ့သလို အီမာဆင်ရဲ့အပြင်းကန်သွင်းချက်ကလည်း တိုင်ထိထွက်သွားလို့ ချဲလ်ဆီးအသင်း နစ်နာခဲ့ရပါတယ်။
ချဲလ်ဆီးက ဒုတိယပိုင်းပြန်အစမှာ ကစားပုံကောင်းမွန်ခဲ့ပြီး အန္တရာယ်ရှိတဲ့ပေးပို့မှုတွေပြုလုပ်နိုင်ခဲ့ပေမယ့် ယူနိုက်တက်ခံစစ်က ရှင်းထုတ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၅၆မိနစ်မှာ ဘယ်နောက်ခံလူ အီမာဆင် အပြင်းကန်သွင်းတာကိုလည်း ဒီဂီယာ ပုတ်ထုတ်နိုင်ခဲ့ပါတယ်။
ပွဲချိန် ၆၅မိနစ်မှာတော့ ယူနိုက်တက်အသင်း ဒုတိယမြောက်ဦးဆောင်ဂိုးရရှိခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ပါရဲရား ဖြတ်တင်ပေးလိုက်တာကို မာရှယ်က အနီးကပ်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။
နောက် ၂မိနစ်အကြာမှာလည်း ယူနိုက်တက်အသင်း တတိယမြောက်ဂိုးရရှိခဲ့ပြီး ချဲလ်ဆီးဘောလုံးပျက်သွားရာကနေ ပေါ့ဂ်ဘာ အသာခုတ်တင်ပေးလိုက်တာကို လူကျွံထောင်ချောက်က လွတ်သွားတဲ့ ရက်ရှ်ဖို့ဒ်က ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။
နောက်ပိုင်းမှာ ယူနိုက်တက်က ပွဲကို ထိန်းကစားသွားပြီး ပွဲချိန် ၈၁မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ပေါ့ဂ်ဘာ ဖန်တီးပေးတာကို လူစားဝင်ကစားသမား ဂျိမ်းစ် ကန်သွင်းယူနိုင်ခဲ့လို့ အဆုံးသတ်ဂိုးရရှိခဲ့ပါတယ်။