ေပါ့ဂ္ဘာကို ေပါင္သန္း ၁၅၀နဲ႔ ေခၚယူဖုိ႔ ဂ်ဴဗင္တပ္စ္ စိတ္၀င္စားေနဆဲျဖစ္

Photo Credit ; Getty Images

Photo Credit ; Getty Images

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ဂ်ဴဗင္တပ္စ္အသင္းဟာ ယူႏုိက္တက္ကြင္းလယ္လူ ေပါ့ဂ္ဘာကို ျပန္လည္ေခၚယူႏုိင္ဖို႔ စိတ္၀င္စားေနဆဲျဖစ္ၿပီး ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၁၅၀ ရရွိေရးအတြက္ အသင္းရွိကစားသမား ၂ဦးကို ထုတ္ေရာင္းဖို႔ အသင့္ရွိေနေၾကာင္း သိရပါတယ္။

Photo Credit

အီတလီရဲ႕ေႏြရာသီေစ်းကြက္က ၾသဂုတ္လ ၁၈ရက္ေန႔မွ ပိတ္သိမ္းမွာျဖစ္သလို စပိန္ရဲ႕ေႏြရာသီေစ်းကြက္က စက္တင္ဘာလ ၂ရက္ေန႔မွ ပိတ္သိမ္းမွာျဖစ္လုိ႔ ပရီးမီးယားလိဂ္ကလပ္က ကစားသမားေတြကို အဲဒီအခ်ိန္မတုိင္ခင္အထိ ေခၚယူခြင့္ရရွိထားပါတယ္။

Photo Credit ; Getty Images

အသက္ ၂၆ႏွစ္အရြယ္ရွိ ျပင္သစ္လက္ေရြးစင္ ေပါ့ဂ္ဘာဟာ အဂၤလိပ္ေႏြရာသီေစ်းကြက္မပိတ္ခင္ ရီးရဲလ္မက္ဒရစ္ကို ေရာက္ရွိဖုိ႔ သတင္းေတြထြက္ေပၚခဲ့ေပမယ့္ အဆုိပါလာလီဂါကလပ္က ယူႏုိက္တက္နဲ႔ သေဘာတူညီမႈရရွိဖို႔ ေဆြးေႏြးႏိုင္ျခင္းမရွိခဲ့ပါဘူး။

Photo Credit ; Getty Images

ေပါ့ဂ္ဘာဟာ လြန္ခဲ့တဲ့ ၃ႏွစ္က ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး(ထိုစဥ္က)ေပါင္ ၈၉သန္းနဲ႔ ဂ်ဴဗင္တပ္စ္ကေန ယူႏုိက္တက္ကို ျပန္လည္ေရာက္ရွိလာခဲ့ေပမယ့္ တူရင္အေျခစုိက္အသင္းက သူတုိ႔ရဲ႕ကစားသမားေဟာင္းကို ျပန္လည္ေခၚယူဖုိ႔ ႀကိဳးစားေနပါတယ္။

Photo Credit ; Getty Images

Daily Express သတင္းစာရဲဲ႕ေရးသားေဖာ္ျပခ်က္အရ ဂ်ဴဗင္တပ္စ္ဟာ တုိက္စစ္မွဴးမန္ဇူကစ္ကို ေရာင္းခ်ၿပီး ေပါ့ဂ္ဘာအတြက္ ရန္ပုံေငြထြက္လာေအာင္ စီစဥ္ေနသလုိ တကယ္လုိ႔ ရီးရဲလ္မက္ဒရစ္သာ ပီအက္စ္ဂ်ီတုိက္စစ္မွဴးေနမာကို ေခၚယူႏိုင္ခဲ့ရင္ တုိက္စစ္မွဴး ဒီဘားလားကိုလည္း ပဲရစ္အေျခစိုက္အသင္းထံ ေရာင္းခ်ဖြယ္ရွိေနပါတယ္။

Photo Credit ; Getty Images

ခ႐ိုေအးရွားလက္ေရြးစင္ေဟာင္း မန္ဇူကစ္ေရာ အာဂ်င္တီးနားလက္ေရြးစင္ ဒီဘားလားပါ ၿပီးခ့ဲတဲ့အဂၤလိပ္ေႏြရာသီေစ်းကြက္အတြင္း ယူႏုိက္တက္ကို ေရာက္ရွိဖို႔ သတင္းေတြထြက္ေပၚခဲ့ၿပီး ဂ်ဴဗင္တပ္စ္က ေပါ့ဂ္ဘာအတြက္ ရန္ပုံေငြထြက္လာေအာင္ သူတို႔ႏွစ္ေယာက္စလုံးကို ထုတ္ေရာင္းဖို႔ အသင့္ရွိေနပါတယ္။

Photo Credit 

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ယူႏုိက္တက္အသင္းအမႈေဆာင္အရာရွိခ်ဳပ္ ၀ုဒ္၀က္ဒ္က ေပ့ါဂ္ဘာကို အသင္းမွာ ဆက္ထိန္းထားလုိေပမယ့္ သူ႕အတြက္ သင့္ေတာ္တဲ့ေျပာင္းေရႊ႕ေၾကးနဲ႔ ကမ္းလွမ္းမႈရရွိရင္ေတာ့ ယူႏုိက္တက္က ေပါ့ဂ္ဘာကို ေရာင္းခ်ဖြယ္ရွိေနေၾကာင္း သိရပါတယ္။

Photo Credit ; Getty Images

Unicode

ပေါ့ဂ်ဘာကို ပေါင်သန်း ၁၅၀နဲ့ ခေါ်ယူဖို့ ဂျူဗင်တပ်စ် စိတ်ဝင်စားနေဆဲဖြစ်

သတင်းတွေရဲ့ဖော်ပြချက်အရ ဂျူဗင်တပ်စ်အသင်းဟာ ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာကို ပြန်လည်ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေဆဲဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၅၀ ရရှိရေးအတွက် အသင်းရှိကစားသမား ၂ဦးကို ထုတ်ရောင်းဖို့ အသင့်ရှိနေကြောင်း သိရပါတယ်။
အီတလီရဲ့နွေရာသီဈေးကွက်က သြဂုတ်လ ၁၈ရက်နေ့မှ ပိတ်သိမ်းမှာဖြစ်သလို စပိန်ရဲ့နွေရာသီဈေးကွက်က စက်တင်ဘာလ ၂ရက်နေ့မှ ပိတ်သိမ်းမှာဖြစ်လို့ ပရီးမီးယားလိဂ်ကလပ်က ကစားသမားတွေကို အဲဒီအချိန်မတိုင်ခင်အထိ ခေါ်ယူခွင့်ရရှိထားပါတယ်။
အသက် ၂၆နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင် ပေါ့ဂ်ဘာဟာ အင်္ဂလိပ်နွေရာသီဈေးကွက်မပိတ်ခင် ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိဖို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အဆိုပါလာလီဂါကလပ်က ယူနိုက်တက်နဲ့ သဘောတူညီမှုရရှိဖို့ ဆွေးနွေးနိုင်ခြင်းမရှိခဲ့ပါဘူး။
ပေါ့ဂ်ဘာဟာ လွန်ခဲ့တဲ့ ၃နှစ်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး(ထိုစဉ်က)ပေါင် ၈၉သန်းနဲ့ ဂျူဗင်တပ်စ်ကနေ ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာခဲ့ပေမယ့် တူရင်အခြေစိုက်အသင်းက သူတို့ရဲ့ကစားသမားဟောင်းကို ပြန်လည်ခေါ်ယူဖို့ ကြိုးစားနေပါတယ်။
Daily Express သတင်းစာရဲ့ရေးသားဖော်ပြချက်အရ ဂျူဗင်တပ်စ်ဟာ တိုက်စစ်မှူးမန်ဇူကစ်ကို ရောင်းချပြီး ပေါ့ဂ်ဘာအတွက် ရန်ပုံငွေထွက်လာအောင် စီစဉ်နေသလို တကယ်လို့ ရီးရဲလ်မက်ဒရစ်သာ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာကို ခေါ်ယူနိုင်ခဲ့ရင် တိုက်စစ်မှူး ဒီဘားလားကိုလည်း ပဲရစ်အခြေစိုက်အသင်းထံ ရောင်းချဖွယ်ရှိနေပါတယ်။
ခရိုအေးရှားလက်ရွေးစင်ဟောင်း မန်ဇူကစ်ရော အာဂျင်တီးနားလက်ရွေးစင် ဒီဘားလားပါ ပြီးခဲ့တဲ့အင်္ဂလိပ်နွေရာသီဈေးကွက်အတွင်း ယူနိုက်တက်ကို ရောက်ရှိဖို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး ဂျူဗင်တပ်စ်က ပေါ့ဂ်ဘာအတွက် ရန်ပုံငွေထွက်လာအောင် သူတို့နှစ်ယောက်စလုံးကို ထုတ်ရောင်းဖို့ အသင့်ရှိနေပါတယ်။
သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်အသင်းအမှုဆောင်အရာရှိချုပ် ဝုဒ်ဝက်ဒ်က ပေ့ါဂ်ဘာကို အသင်းမှာ ဆက်ထိန်းထားလိုပေမယ့် သူ့အတွက် သင့်တော်တဲ့ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမှုရရှိရင်တော့ ယူနိုက်တက်က ပေါ့ဂ်ဘာကို ရောင်းချဖွယ်ရှိနေကြောင်း သိရပါတယ်။