ပိုေကာင္းတဲ့အသင္းနဲ႔ဆို လီဗာပူးရႈံးသြားႏိုင္တယ္လို႔ ေနာ္၀စ္ခ်္နဲ႔ပဲြခံစစ္ကို ကာေရဂါေထာက္ျပ

photo-daily mail

photo-gettyimages

လီဗာပူးဟာ တန္းတက္ေနာ္၀စ္ခ်္ကို ဂိုးျပတ္သြင္းၿပီး ရာသီအဖြင့္ကို စတိုင္က်က်တာထြက္ႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့လည္း အန္ဖီးလ္က အဲဒီပြဲမွာ လီဗာပူးခံစစ္ဟာ ၿပိဳင္ဘက္အသင္းငယ္ေလးကို ဂိုးသြင္းခြင့္ေတြေပးခဲ့ရၿပီး တစ္ဂုိးလည္းျပန္ေပးခဲ့ရကာ ပိုၿပီးစိုးရိမ္စရာေကာင္းတာက ပြဲထြက္ဂိုးသမားအယ္လစ္ဆန္ဟာ ဒဏ္ရာေၾကာင့္ ပထမပိုင္းအတြင္းမွာပဲ ကြင္းထဲကေန ထြက္သြားခဲ့ရတာပါပဲ။ ဒီအခ်ိန္မွာ ရုပ္သံသုံးသပ္သူအျဖစ္လုပ္ကိုင္ေနတဲ့ လီဗာပူးဂႏၳ၀င္ေဟာင္းကာေရဂါက ပိုေကာင္းတဲ့ၿပိဳင္ဘက္နဲ႔သာဆုိရင္ လီဗာပူးဟာ ရႈံးေတာင္ရႈံဳးသြားႏိုင္တယ္လို႔ ေထာက္ျပေ၀ဖန္လုိက္ပါတယ္။

photo-gettyimages

“ဟုတ္ပါတယ္။ လီဗာပူးဟာ ဒီပြဲကို ၾကြၾကြရြရြနဲ႔ အႏိုင္ရသြားခဲ့တာပါ။ ဒါေပမဲ့ ေနာက္ေန႔မနက္အသင္းအစည္းအေ၀းမွာ ေမးခြန္းႀကီးႀကီးမားမားတစ္ခုေတာ့ ရွိေနဆဲပဲလို႔ ထင္ပါတယ္။ တိုက္စစ္ပိုင္းမဟုတ္ဘဲ ခံစစ္ပိုင္းျဖစ္မွာပါ။ ၄ ဂိုး ၁ ဂိုးနဲ႔ လီဗာပူးႏိုင္ခဲ့တဲ့ပြဲအေၾကာင္းကို ဒီလိုေျပာရတာဆုိေတာ့ တစ္မ်ိဳးျဖစ္ခ်င္ျဖစ္ေနမွာပါ။ ဒါေပမဲ့ အဆုံးသတ္ပိုေကာင္းတဲ့ ပိုလည္းအရည္အေသြးရွိတဲ့အသင္းနဲ႔ဆုိရင္ လီဗာပူးဟာ ဒီလိုပြဲမ်ိဳးရႈံးေတာင္ ရႈံးသြားႏိုင္ပါတယ္”လို႔ ကာေရဂါက သုံးသပ္ေျပာၾကားခဲ့တာပါ။

photo-sky sports

Sky Sports ရုပ္သံမွာ ကာေရဂါနဲ႔ တြဲလုပ္ေနတဲ့ မန္ယူဂႏၳ၀င္ေဟာင္းဂယ္ရီနဗီးလ္ကလည္း ကာေရဂါရဲ႕သုံးသပ္မႈကို ေထာက္ခံခဲ့ပါတယ္။ “တျခားေန႔မွာဆုိရင္ ေနာ္၀စ္ခ်္ဟာ ၃၊ ၄ ဂိုးေလာက္ရသြားႏိုင္ပါတယ္။ လီဗာပူးဟာ ေနာ္၀စ္ခ်္နဲ႔ပြဲမွာ ခံစစ္တန္းကို ေရွ႕ေတာ္ေတာ္ေရာက္ေအာင္ကစားသြားခဲ့တာကို ကၽြန္ေတာ္တို႔ေတြ႕ခဲ့ရတယ္။ ဒီလိုပုံစံသာဆုိရင္ ပိုအဆုံးသတ္ေကာင္းတဲ့အသင္းနဲ႔ဆုိ သူတို႔ေပးဆပ္ရႏိုင္ပါတယ္”လို႔ ဂယ္ရီနဗီးလ္ကလည္း လီဗာပူးခံစစ္ကို ေ၀ဖန္သုံးသပ္ခဲ့ပါတယ္။

[Unicode]

လီဗာပူးဟာ တန်းတက်နော်ဝစ်ချ်ကို ဂိုးပြတ်သွင်းပြီး ရာသီအဖွင့်ကို စတိုင်ကျကျတာထွက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အန်ဖီးလ်က အဲဒီပွဲမှာ လီဗာပူးခံစစ်ဟာ ပြိုင်ဘက်အသင်းငယ်လေးကို ဂိုးသွင်းခွင့်တွေပေးခဲ့ရပြီး တစ်ဂိုးလည်းပြန်ပေးခဲ့ရကာ ပိုပြီးစိုးရိမ်စရာကောင်းတာက ပွဲထွက်ဂိုးသမားအယ်လစ်ဆန်ဟာ ဒဏ်ရာကြောင့် ပထမပိုင်းအတွင်းမှာပဲ ကွင်းထဲကနေ ထွက်သွားခဲ့ရတာပါပဲ။ ဒီအချိန်မှာ ရုပ်သံသုံးသပ်သူအဖြစ်လုပ်ကိုင်နေတဲ့ လီဗာပူးဂန္ထဝင်ဟောင်းကာရေဂါက ပိုကောင်းတဲ့ပြိုင်ဘက်နဲ့သာဆိုရင် လီဗာပူးဟာ ရှုံးတောင်ရှုံးသွားနိုင်တယ်လို့ ထောက်ပြဝေဖန်လိုက်ပါတယ်။

“ဟုတ်ပါတယ်။ လီဗာပူးဟာ ဒီပွဲကို ကြွကြွရွရွနဲ့ အနိုင်ရသွားခဲ့တာပါ။ ဒါပေမဲ့ နောက်နေ့မနက်အသင်းအစည်းအဝေးမှာ မေးခွန်းကြီးကြီးမားမားတစ်ခုတော့ ရှိနေဆဲပဲလို့ ထင်ပါတယ်။ တိုက်စစ်ပိုင်းမဟုတ်ဘဲ ခံစစ်ပိုင်းဖြစ်မှာပါ။ ၄ ဂိုး ၁ ဂိုးနဲ့ လီဗာပူးနိုင်ခဲ့တဲ့ပွဲအကြောင်းကို ဒီလိုပြောရတာဆိုတော့ တစ်မျိုးဖြစ်ချင်ဖြစ်နေမှာပါ။ ဒါပေမဲ့ အဆုံးသတ်ပိုကောင်းတဲ့ ပိုလည်းအရည်အသွေးရှိတဲ့အသင်းနဲ့ဆိုရင် လီဗာပူးဟာ ဒီလိုပွဲမျိုးရှုံးတောင် ရှုံးသွားနိုင်ပါတယ်”လို့ ကာရေဂါက သုံးသပ်ပြောကြားခဲ့တာပါ။

Sky Sports ရုပ်သံမှာ ကာရေဂါနဲ့ တွဲလုပ်နေတဲ့ မန်ယူဂန္ထဝင်ဟောင်းဂယ်ရီနဗီးလ်ကလည်း ကာရေဂါရဲ့သုံးသပ်မှုကို ထောက်ခံခဲ့ပါတယ်။ “တခြားနေ့မှာဆိုရင် နော်ဝစ်ချ်ဟာ ၃၊ ၄ ဂိုးလောက်ရသွားနိုင်ပါတယ်။ လီဗာပူးဟာ နော်ဝစ်ချ်နဲ့ပွဲမှာ ခံစစ်တန်းကို ရှေ့တော်တော်ရောက်အောင်ကစားသွားခဲ့တာကို ကျွန်တော်တို့တွေ့ခဲ့ရတယ်။ ဒီလိုပုံစံသာဆိုရင် ပိုအဆုံးသတ်ကောင်းတဲ့အသင်းနဲ့ဆို သူတို့ပေးဆပ်ရနိုင်ပါတယ်”လို့ ဂယ်ရီနဗီးလ်ကလည်း လီဗာပူးခံစစ်ကို ဝေဖန်သုံးသပ်ခဲ့ပါတယ်။