ခ်ဲလ္ဆီးကေန အာဆင္နယ္ကိုဘာေၾကာင့္ေျပာင္းတယ္ဆိုတာဖြင့္ဟလိုက္တဲ့ ေဒးဗစ္လုဇ္

photo-gettyimages

photo-arsenal

ပရီးမီးယားလိဂ္အေျပာင္းအေရႊ႕ေနာက္ဆုံးရက္မွာ ေဒးဗစ္လုဇ္ရဲ႕အာဆင္နယ္အေျပာင္းအေရႊ႕ဟာ အားလုံးအတြက္ အံ့အားသင့္စရာျဖစ္ခဲ့ရပါတယ္။ သူဟာ ၿပီးခဲ့တဲ့ရာသီကုန္ကမွ ခ်ဲလ္ဆီးနဲ႔ ၂ ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုထားတာပါ။ နည္းျပဆာရီလက္ထက္ ၿပီးခဲဲ့တဲ့ရာသီယူရိုပါလိဂ္ေအာင္ျမင္မႈမွာလည္း အဓိကက်ခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ ဒါေပမဲ့ ခ်ဲလ္ဆီးအသင္းအေျပာင္းအေရႊ႕ပိတ္ပင္ခံထားရတဲ့ၾကားကေနပဲ သူဟာ အာဆင္နယ္ကိုေျပာင္းျဖစ္ေအာင္ ေျပာငး္ခဲ့ပါတယ္။

photo-arsenal

ခ်ဲလ္ဆီးကေန ဘာေၾကာင့္ထြက္ခြာခဲ့တာလဲလို႔ အာဆင္နယ္၀က္ဘ္ဆုိဒ္က သူ႔ကိုေမးျမန္းေတာ့ ေဒးဗစ္လုဇ္က” အဲဒီမွာ ကၽြန္ေတာ့္ရဲ႕စက္၀ိုင္းက အဆုံးသတ္သြားၿပီေလ။ ကၽြန္ေတာ္တို႔စကားေျပာခဲ့ၾကၿပီး ေနာက္ထပ္အသင္းႀကီးတစ္သင္းကိုသြားဖို႔ အခြင့္အေရးရခဲ့တာပါ။ ကၽြန္ေတာ္ကလည္း တခ်ိဳ႕စိန္ေခၚမႈေတြကို ႀကိဳက္ပါတယ္။ ကၽြန္ေတာ္ဟာ ဘာကိုမွေၾကာက္တဲ့သူမဟုတ္ပါဘူး။ ဒီေနရာမွာ ကၽြန္ေတာ့္လိုလုပ္မယ့္ကစားသမားမ်ားမာ်းစားစားမရွိဘူးထင္ပါတယ္။ ခ်ဲလ္ဆီးက ကၽြန္ေတာ့္ရဲ႕စက္၀ိုင္းအဆုံးသတ္သြားခဲ့ပါၿပီ။ အခုဆိုရင္ ဒီေနရာမွာ ကၽြန္ေတာ့္ဘ၀ရဲ႕အခန္းသစ္တစ္ခုကို စတင္ေတာ့မွာမို႔ စိတ္လႈပ္ရွားမိပါတယ္”လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

photo-arsenal

၃၂ ႏွစ္အရြယ္ အဲဒီဘရာဇီးေနာက္ခံလူဟာ ပီအက္စ္ဂ်ီမွာ သြားကစားကတည္းက လက္ရွိအာဆင္နယ္နည္းျပအမ္မရီနဲ႔လက္တြဲဖူးပါတယ္။ အခုအေျပာင္းအေရႊ႕ေၾကာင့္လည္း သူဟာ ပရီးမီးယားလိဂ္သမိုင္းမွာ ခ်ဲလ္ဆီးနဲ႔အာဆင္နယ္တို႔ႏွစ္သင္းစလုံးကို ကိုယ္စားျပဳဖူးတဲ့ ၁၀ ေယာက္ေျမာက္ကစားသမား ျဖစ္လာခဲ့ပါတယ္။

[Unicode]

ပရီးမီးယားလိဂ်အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ဒေးဗစ်လုဇ်ရဲ့အာဆင်နယ်အပြောင်းအရွှေ့ဟာ အားလုံးအတွက် အံ့အားသင့်စရာဖြစ်ခဲ့ရပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီကုန်ကမှ ချဲလ်ဆီးနဲ့ ၂ နှစ်စာချုပ်သစ်ချုပ်ဆိုထားတာပါ။ နည်းပြဆာရီလက်ထက် ပြီးခဲ့တဲ့ရာသီယူရိုပါလိဂ်အောင်မြင်မှုမှာလည်း အဓိကကျခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးအသင်းအပြောင်းအရွှေ့ပိတ်ပင်ခံထားရတဲ့ကြားကနေပဲ သူဟာ အာဆင်နယ်ကိုပြောင်းဖြစ်အောင် ပြောင်းခဲ့ပါတယ်။

ချဲလ်ဆီးကနေ ဘာကြောင့်ထွက်ခွာခဲ့တာလဲလို့ အာဆင်နယ်ဝက်ဘ်ဆိုဒ်က သူ့ကိုမေးမြန်းတော့ ဒေးဗစ်လုဇ်က” အဲဒီမှာ ကျွန်တော့်ရဲ့စက်ဝိုင်းက အဆုံးသတ်သွားပြီလေ။ ကျွန်တော်တို့စကားပြောခဲ့ကြပြီး နောက်ထပ်အသင်းကြီးတစ်သင်းကိုသွားဖို့ အခွင့်အရေးရခဲ့တာပါ။ ကျွန်တော်ကလည်း တချို့စိန်ခေါ်မှုတွေကို ကြိုက်ပါတယ်။ ကျွန်တော်ဟာ ဘာကိုမှကြောက်တဲ့သူမဟုတ်ပါဘူး။ ဒီနေရာမှာ ကျွန်တော့်လိုလုပ်မယ့်ကစားသမားများမာျးစားစားမရှိဘူးထင်ပါတယ်။ ချဲလ်ဆီးက ကျွန်တော့်ရဲ့စက်ဝိုင်းအဆုံးသတ်သွားခဲ့ပါပြီ။ အခုဆိုရင် ဒီနေရာမှာ ကျွန်တော့်ဘဝရဲ့အခန်းသစ်တစ်ခုကို စတင်တော့မှာမို့ စိတ်လှုပ်ရှားမိပါတယ်”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

၃၂ နှစ်အရွယ် အဲဒီဘရာဇီးနောက်ခံလူဟာ ပီအက်စ်ဂျီမှာ သွားကစားကတည်းက လက်ရှိအာဆင်နယ်နည်းပြအမ်မရီနဲ့လက်တွဲဖူးပါတယ်။ အခုအပြောင်းအရွှေ့ကြောင့်လည်း သူဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ချဲလ်ဆီးနဲ့အာဆင်နယ်တို့နှစ်သင်းစလုံးကို ကိုယ်စားပြုဖူးတဲ့ ၁၀ ယောက်မြောက်ကစားသမား ဖြစ်လာခဲ့ပါတယ်။