ယူႏိုက္တက္နည္းျပျဖစ္လာဖို႔ ရြန္နီ အေကာင္အထည္ေဖာ္ေနၿပီလုိ႔ ဖာဒီနန္သုံးသပ္

Phtoto Credit ; Getty Images

Phtoto Credit ; Getty Images / AFP

ခ်န္ပီယံရွစ္ကလပ္ ဒါဘီအသင္းရဲ႕ကစားသမား/နည္းျပအျဖစ္ တာ၀န္ယူဖို႔ ဒီစီယူႏုိက္တက္တုိက္စစ္မွဴး ရြန္နီ ဆုံးျဖတ္လုိက္တာဟာ အသင္းေဟာင္း ယူႏုိက္တက္အသင္းနည္းျပအျဖစ္ ေဆာင္ရြက္ဖို႔ သူ႕ရဲ႕ပထမဆုံးေျခလွမ္းျဖစ္ေၾကာင္း ယူႏုိက္တက္အသင္းေဖာ္ေဟာင္း ရီယိုဖာဒီနန္က သုံးသပ္လုိက္ပါတယ္။

Phtoto Credit ; PA

အသက္ ၃၃ႏွစ္အရြယ္ရွိ အဂၤလန္အသင္းေခါင္းေဆာင္ေဟာင္း ရြန္နီဟာ လာမယ့္ဇန္န၀ါရီလမွာ ဒါဘီအသင္းကို တရား၀င္လာေရာက္ပူးေပါင္းမွာျဖစ္ၿပီး အသင္းနဲ႔ ၁၈လသက္တမ္းရွိစာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ကာ ယူႏိုက္တက္မွာ ဆယ္စုႏွစ္ၾကာတြဲကစားခဲ့တဲ့ ရြန္နီအေနနဲ႔ နည္းျပဘ၀အေတြ႕အႀကံဳမရွိေသးေပမယ့္ အဂၤလန္မွာ ေအာင္ျမင္မႈရရွိလိမ့္မယ္လုိ႔ ဆုိပါတယ္။

Phtoto Credit ; Reuters

အဂၤလန္လက္ေရြးစင္ေဟာင္း ဖရန္႔လမ္းပတ္ကလည္း ၿပီးခဲ့တဲ့ရာသီက နည္းျပဘ၀ သူ႕ရဲ႕ပထမဆုံးအေတြ႕အႀကံဳအျဖစ္ ဒါဘီအသင္းကို ကိုင္တြယ္ခဲ့ၿပီးေနာက္ အသင္းေဟာင္းခ်ဲလ္ဆီးကို နည္းျပအျဖစ္ ျပန္ေရာက္သြားသလို ဖာဒီနန္ကလည္း ရြန္နီအေနနဲ႔ အခုကတည္းက ပိုမိုႀကီးက်ယ္တဲ့အရာေတြ ပစ္မွတ္ထားေနႏုိင္ေလာက္ေၾကာင္း ေျပာပါတယ္။

Photo Credit

”သူ႕ရဲ႕ေနာက္ဆုံးရည္မွန္းခ်က္က ယူႏုိက္တက္အသင္းကို နည္းျပအျဖစ္ တာ၀န္ယူခြင့္ရရွိေရးျဖစ္ပါတယ္။ ဒါကလည္း ရာႏႈန္းျပည့္ေသခ်ာပါတယ္။ တကယ္လုိ႔ သူသာ တျခားဟာတစ္ခုခုေျပာေနရင္ ခင္ဗ်ားကို ရြန္နီလိမ္ေနတာပဲျဖစ္လိမ့္မယ္။ သူကုိယ္တုိင္ကလည္း အဲဒီျဖစ္ခ်င္ေနပါတယ္”

Photo Credit ; PA

”ယူႏုိက္တက္နည္းျပအျဖစ္ သူ႕ကို ဘယ္ေတာ့ျမင္ေတြ႕ရမလဲဆုိတာကေတာ့ အခ်ိန္ေပးရပါလိမ့္မယ္။ ဖရန္႔က မွန္ကန္တဲ့အခ်ိန္မွာ မွန္ကန္တဲ့နရာ ေရာက္သြားခ့ဲတာပါ။ ရြန္နီလည္း ဒီလုိျဖစ္လာႏိုင္မလားဆုိတာကေတာ့ ကၽြန္ေတာ္တုိ႔ ေစာင့္ၾကည့္ၾကတာေပါ့”လုိ႔ ဖာဒီနန္က ေျပာပါတယ္။

Photo Credit ; PA

အဂၤလန္လက္ေရြးစင္ေဟာင္း ဖာဒီနန္က ရြန္နီအေနနဲ႔ ေမာ္ဒဒန္ေဘာလုံးေလာကအေၾကာင္း ထဲထဲ၀င္၀င္သိႏွင့္ၿပီးသားျဖစ္သလုိ ဂႏၳ၀င္နည္းျပႀကီး ဆာအဲလက္စ္ဖာဂူဆန္ပုံစံအတုိင္း တျခားလူေတြ နား၀င္ႏိုင္ေအာင္ ေျပာႏုိင္စြမ္းရွိတယ္လုိ႔ ဖာဒီနန္က ဆုိပါတယ္။

Photo Credit ; PA

”ရြန္နီက သူ႕အျမင္ကို ျပန္မွ်ေ၀ဖုိ႔ တစ္ခါမွမေၾကာက္ခဲ့ဖူးပါဘူး။ ဒါကလည္း ေကာင္းမြန္တဲ့အရာတစ္ခုပါ။ ရြန္နီဟာ ကစားသမားဘ၀တစ္ေလွ်ာက္ ဖာဂူဆန္၊ ဗန္ဟားလ္၊ ေမာ္ရင္ညိဳ၊ ကာပယ္လုိ အစရွိတဲ့ ဂႏၳ၀င္နည္းျပေတြနဲ႔ လက္တြဲအလုပ္ခဲ့ဖူးလုိ႔ အမ်ားႀကီးေမွ်ာ္လင့္လို႔ရပါတယ္”လုိ႔ ဖာဒီနန္က ဆက္ေျပာပါတယ္။

Photo Credit ; Getty Images

Unicode

ယူနိုက်တက်နည်းပြဖြစ်လာဖို့ ရွန်နီ အကောင်အထည်ဖော်နေပြီလို့ ဖာဒီနန်သုံးသပ်

ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းရဲ့ကစားသမား/နည်းပြအဖြစ် တာဝန်ယူဖို့ ဒီစီယူနိုက်တက်တိုက်စစ်မှူး ရွန်နီ ဆုံးဖြတ်လိုက်တာဟာ အသင်းဟောင်း ယူနိုက်တက်အသင်းနည်းပြအဖြစ် ဆောင်ရွက်ဖို့ သူ့ရဲ့ပထမဆုံးခြေလှမ်းဖြစ်ကြောင်း ယူနိုက်တက်အသင်းဖော်ဟောင်း ရီယိုဖာဒီနန်က သုံးသပ်လိုက်ပါတယ်။
အသက် ၃၃နှစ်အရွယ်ရှိ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ရွန်နီဟာ လာမယ့်ဇန်နဝါရီလမှာ ဒါဘီအသင်းကို တရားဝင်လာရောက်ပူးပေါင်းမှာဖြစ်ပြီး အသင်းနဲ့ ၁၈လသက်တမ်းရှိစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ကာ ယူနိုက်တက်မှာ ဆယ်စုနှစ်ကြာတွဲကစားခဲ့တဲ့ ရွန်နီအနေနဲ့ နည်းပြဘဝအတွေ့အကြုံမရှိသေးပေမယ့် အင်္ဂလန်မှာ အောင်မြင်မှုရရှိလိမ့်မယ်လို့ ဆိုပါတယ်။
အင်္ဂလန်လက်ရွေးစင်ဟောင်း ဖရန့်လမ်းပတ်ကလည်း ပြီးခဲ့တဲ့ရာသီက နည်းပြဘ၀ သူ့ရဲ့ပထမဆုံးအတွေ့အကြုံအဖြစ် ဒါဘီအသင်းကို ကိုင်တွယ်ခဲ့ပြီးနောက် အသင်းဟောင်းချဲလ်ဆီးကို နည်းပြအဖြစ် ပြန်ရောက်သွားသလို ဖာဒီနန်ကလည်း ရွန်နီအနေနဲ့ အခုကတည်းက ပိုမိုကြီးကျယ်တဲ့အရာတွေ ပစ်မှတ်ထားနေနိုင်လောက်ကြောင်း ပြောပါတယ်။
”သူ့ရဲ့နောက်ဆုံးရည်မှန်းချက်က ယူနိုက်တက်အသင်းကို နည်းပြအဖြစ် တာဝန်ယူခွင့်ရရှိရေးဖြစ်ပါတယ်။ ဒါကလည်း ရာနှုန်းပြည့်သေချာပါတယ်။ တကယ်လို့ သူသာ တခြားဟာတစ်ခုခုပြောနေရင် ခင်ဗျားကို ရွန်နီလိမ်နေတာပဲဖြစ်လိမ့်မယ်။ သူကိုယ်တိုင်ကလည်း အဲဒီဖြစ်ချင်နေပါတယ်”
”ယူနိုက်တက်နည်းပြအဖြစ် သူ့ကို ဘယ်တော့မြင်တွေ့ရမလဲဆိုတာကတော့ အချိန်ပေးရပါလိမ့်မယ်။ ဖရန့်က မှန်ကန်တဲ့အချိန်မှာ မှန်ကန်တဲ့နရာ ရောက်သွားခဲ့တာပါ။ ရွန်နီလည်း ဒီလိုဖြစ်လာနိုင်မလားဆိုတာကတော့ ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့”လို့ ဖာဒီနန်က ပြောပါတယ်။
အင်္ဂလန်လက်ရွေးစင်ဟောင်း ဖာဒီနန်က ရွန်နီအနေနဲ့ မော်ဒဒန်ဘောလုံးလောကအကြောင်း ထဲထဲဝင်ဝင်သိနှင့်ပြီးသားဖြစ်သလို ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ပုံစံအတိုင်း တခြားလူတွေ နားဝင်နိုင်အောင် ပြောနိုင်စွမ်းရှိတယ်လို့ ဖာဒီနန်က ဆိုပါတယ်။
”ရွန်နီက သူ့အမြင်ကို ပြန်မျှဝေဖို့ တစ်ခါမှမကြောက်ခဲ့ဖူးပါဘူး။ ဒါကလည်း ကောင်းမွန်တဲ့အရာတစ်ခုပါ။ ရွန်နီဟာ ကစားသမားဘဝတစ်လျှောက် ဖာဂူဆန်၊ ဗန်ဟားလ်၊ မော်ရင်ညို၊ ကာပယ်လို အစရှိတဲ့ ဂန္ထဝင်နည်းပြတွေနဲ့ လက်တွဲအလုပ်ခဲ့ဖူးလို့ အများကြီးမျှော်လင့်လို့ရပါတယ်”လို့ ဖာဒီနန်က ဆက်ပြောပါတယ်။