စပါးအသင္းထံ ေျပာင္းေရႊ႕ကစားခ်င္တယ္လို႔ စပို႔တင္းအသင္းကို အသိေပးလိုက္တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္

Photo Credit ; Daily Mail

Photo Credit ; Getty Images

စပို႔တင္းလစၥဘြန္းကြင္းလယ္ကစားသမားဘ႐ူႏိုဖာနန္ဒက္စ္က ဒီအပတ္ထဲမွာ စပါးအသင္းကို ေျပာင္းေရႊ႕ခြင့္ျပဳဖု႔ိ အသင္းတာဝန္ရွိသူေတြကို ေျပာဆိုလိုက္ပါတယ္။ အဆိုပါေပၚတူဂီၾကယ္ပြင့္ ကြင္းလယ္ကစားသမားက ေသာၾကာေန႔မွာ အသင္းကေန ထြက္ခြာလိုေၾကာင္းနဲ႔ လန္ဒန္ကို ေျပာင္းေရႊ႕ကစားလိုေၾကာင္းအျပင္ သူ႕ရဲ႕လမ္းေၾကာင္းကို ပိတ္မထားေစလိုေၾကာင္း စပို႔တင္းလစၥဘြန္းဥကၠဌဖီဒရီကိုဗာရန္ဒက္စ္ကို ေျပာဆိုလိုက္တာ ျဖစ္ပါတယ္။

Photo Credit ; Getty Images

ဖာနန္ဒက္ရဲ႕ေျပာင္းေရႊ႕ေၾကးကို ေပါင္ ၆၄ သန္းအထိ စပို႔တင္းအသင္းက သတ္မွတ္ထားတာေၾကာင့္ မန္ယူအသင္းအပါအဝင္ ပရီးမီးယားလိဂ္ ကလပ္အသင္းေတ္ာေတ္ာမ်ားမ်ားက စိတ္ပ်က္ေနၾကတာ ျဖစ္ပါတယ္။ ယူႏိုက္တက္ကေတာ့ အဆိုပါ ၂၄ ႏွစ္သားကြင္းလယ္လူရဲ႕တန္ေၾကးဟာ ေပါင္ ၃၅ သန္းခန္႔သာထိုက္တန္တယ္လို႔ ယူဆေနပါတယ္။

Photo Credit

စပါးအသင္းက အဆုိပါ ေျပာင္းေရႊ႕ေၾကးကို ေပးေခ်ႏိုင္ေပမယ့္ စပို႔တင္းအသင္းက သတ္မွတ္ထားတဲ့ တန္ေၾကးေအာက္ ေလ်ာ႔နည္းတဲ့ ေျပာင္းေရႊ႕ေၾကးကိုသာ ေပးေခ်လိုေနပါတယ္။ နည္းျပပိုခ်က္တီႏိုကေတာ့ ၿပီးခဲ့တဲ့ရာသီက ဖာနန္ဒက္စ္ရဲ႕စပို႔တင္းအတြက္ ၃၁ ဂိုးသြင္းယူေပးခဲ့တဲ့ မွတ္တမ္းေကာင္းေတြေၾကာင့္ အဓိကတိုက္စစ္မွဴး ဟယ္ရီကိန္းကို ဒယ္လီအယ္လီ၊ ဆြန္ေဟာင္မင္တို႔အျပင္ ေပၚတူဂီသားကကြင္းလယ္ကေန ထပ္မံကူညီေပးႏိုင္လိမ့္မယ္လို႔ ယံုၾကည္ေနပါတယ္။

Photo Credit ; PA

ဖာနန္ဒက္စ္ဟာ စပို႔တင္းအသင္းနဲ႔အတူ ယေန႔မွာ ေပၚတူဂီစူပါဖလားပြဲစဥ္အျဖစ္ ဘင္ဖီကာအသင္းနဲ႔ ယွဥ္ၿပိဳင္ ကစားရမွာျဖစ္ၿပီး ေပၚတူဂီသားရဲ႕အေျပာင္းအရႊ႕အတြက္ စကားေျပာဆိုဖို႔ ဒီအပတ္ထဲမွာပဲ စပါးအသင္းကကိုယ္စားလွယ္ေတြ ေစလႊတ္ခဲ့တယ္လို႔ သိရပါတယ္။ ေသာၾကာေန႔က အသင္းေလ့က်င့္ေရးမွာ ဖာနန္ဒက္စ္က အေစာၾကီးထြက္သြားခဲ့တာေၾကာင့္ ေပၚတူဂီသားဟာ အေျပာင္းအေရႊ႕အတြက္ သြားေရာက္ ညွိႏိႈင္းတာ ျဖစ္ႏိုင္တယ္လို႔ CMTV သတင္းကဆိုပါတယ္။

Photo Credit ; Sky Sports

Unicode

စပါးအသင်းထံ ပြောင်းရွှေ့ကစားချင်တယ်လို့ စပို့တင်းအသင်းကို အသိပေးလိုက်တဲ့ ဘရူနိုဖာနန်ဒက်စ်

စပို့တင်းလစ္စဘွန်းကွင်းလယ်ကစားသမားဘရူနိုဖာနန်ဒက်စ်က ဒီအပတ်ထဲမှာ စပါးအသင်းကို ပြောင်းရွှေ့ခွင့်ပြုဖု့ိ အသင်းတာဝန်ရှိသူတွေကို ပြောဆိုလိုက်ပါတယ်။ အဆိုပါပေါ်တူဂီကြယ်ပွင့် ကွင်းလယ်ကစားသမားက သောကြာနေ့မှာ အသင်းကနေ ထွက်ခွာလိုကြောင်းနဲ့ လန်ဒန်ကို ပြောင်းရွှေ့ကစားလိုကြောင်းအပြင် သူ့ရဲ့လမ်းကြောင်းကို ပိတ်မထားစေလိုကြောင်း စပို့တင်းလစ္စဘွန်းဥက္ကဌဖီဒရီကိုဗာရန်ဒက်စ်ကို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ဖာနန်ဒက်ရဲ့ပြောင်းရွှေ့ကြေးကို ပေါင် ၆၄ သန်းအထိ စပို့တင်းအသင်းက သတ်မှတ်ထားတာကြောင့် မန်ယူအသင်းအပါအဝင် ပရီးမီးယားလိဂ် ကလပ်အသင်းတေ်ာတေ်ာများများက စိတ်ပျက်နေကြတာ ဖြစ်ပါတယ်။ ယူနိုက်တက်ကတော့ အဆိုပါ ၂၄ နှစ်သားကွင်းလယ်လူရဲ့တန်ကြေးဟာ ပေါင် ၃၅ သန်းခန့်သာထိုက်တန်တယ်လို့ ယူဆနေပါတယ်။
စပါးအသင်းက အဆိုပါ ပြောင်းရွှေ့ကြေးကို ပေးချေနိုင်ပေမယ့် စပို့တင်းအသင်းက သတ်မှတ်ထားတဲ့ တန်ကြေးအောက် လျော့နည်းတဲ့ ပြောင်းရွှေ့ကြေးကိုသာ ပေးချေလိုနေပါတယ်။ နည်းပြပိုချက်တီနိုကတော့ ပြီးခဲ့တဲ့ရာသီက ဖာနန်ဒက်စ်ရဲ့စပို့တင်းအတွက် ၃၁ ဂိုးသွင်းယူပေးခဲ့တဲ့ မှတ်တမ်းကောင်းတွေကြောင့် အဓိကတိုက်စစ်မှူး ဟယ်ရီကိန်းကို ဒယ်လီအယ်လီ၊ ဆွန်ဟောင်မင်တို့အပြင် ပေါ်တူဂီသားကကွင်းလယ်ကနေ ထပ်မံကူညီပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ဖာနန်ဒက်စ်ဟာ စပို့တင်းအသင်းနဲ့အတူ ယနေ့မှာ ပေါ်တူဂီစူပါဖလားပွဲစဉ်အဖြစ် ဘင်ဖီကာအသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာဖြစ်ပြီး ပေါ်တူဂီသားရဲ့အပြောင်းအရွှ့အတွက် စကားပြောဆိုဖို့ ဒီအပတ်ထဲမှာပဲ စပါးအသင်းကကိုယ်စားလှယ်တွေ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။ သောကြာနေ့က အသင်းလေ့ကျင့်ရေးမှာ ဖာနန်ဒက်စ်က အစောကြီးထွက်သွားခဲ့တာကြောင့် ပေါ်တူဂီသားဟာ အပြောင်းအရွှေ့အတွက် သွားရောက် ညှိနှိုင်းတာ ဖြစ်နိုင်တယ်လို့ CMTV သတင်းကဆိုပါတယ်။