ဖာနန္ဒက္စ္နဲ႔ မၿပီးဆုံးႏိုင္တဲ့သတင္းေတြ

Photo Credit-football talk

စပို႔တင္းအသင္းရဲ႕ကစားသမားဖာနန္ဒက္စဟာ ကြင္းထဲမွာ ငိုခ့ဲတဲ့အခ်ိန္ကေန စၿပီးသတင္းလူသားအျဖစ္ ပိုမိုေက်ာ္ၾကားလာခဲ့တာျဖစ္ပါတယ္။ မန္ယူကိုေျပာင္းရလို႔ငိုတယ္ဆုိၿပီးမွတ္ခ်က္ခ်တာေတြ ရိွသလုိ၊မၾကာမီပဲေဆးစစ္ ရေတာ့မယ္ဆုိတဲ့သတင္းစကားေတြလည္းၾကားရပါတယ္။ ဒါ့အျပင္ ေလယာဥ္ပ်ံႀကီးစီးၿပီးမန္ယူကိုလာေနၿပန္ၿပီဆိုတဲ့ သတင္းေတြလည္းထြက္ေပၚျပန္ပါတယ္။

Photo Credit-Daily Express

ဒါေပမယ့္ အခုအခ်ိန္ထိတိက်ေသခ်ာတဲ့သတင္းေတြမရေသးပါဘူး။ ဒီလိုအေျခအေနမွာပဲ သတင္းေတြကိုပိုဆူေစမယ့္ အေနအထားတစ္ရပ္ျဖစ္လာပါတယ္။ ဒါကေတာ့ စပါးအသင္းက ဖာနန္ဒက္စ္ကို ၾကားျဖတ္ေခၚယူမယ္ဆုိတဲ့ သတင္းျဖစ္ပါတယ္။

Photo Credit-daily post

စပါးအသင္းဟာေျပာင္းေရႊ႕ေၾကးျမင့္မားတဲ့ကစားသမားေတြထက္ ေစ်းနည္းနည္း သက္သာတဲ့လူငယ္ကစားသမားေတြ ကိုသာပစ္မွတ္ထားေခၚယူတာျဖစ္ပါတယ္။ ဒါေၾကာင့္ တကယ္သာ ဖာနန္ဒက္စ္ကိုေခၚယူမယ္ဆုိရင္ေတာ့ ဒီႏွစ္ထဲမွာ ေျပာင္းေရႊ႕ေၾကးအတြက္ ေငြေတာ္ေတာ္သုံးမယ္လို႔ စပါးအေနနဲ႔ဆုံးျဖတ္ထားဟန္ရိွပါတယ္။

Photo Credit-Metro

ဖာနန္ဒက္စ္အတြက္ေျပာင္းေရႊ႕ေၾကး ေပါင္ 45 သန္းေပးထားေပမယ့္ အဆင္မေျပတာေၾကာင့္ ထပ္မံညိွႏိႈင္းဖို႔ႀကိဳးစားေန တယ္လို႔အခ်ဳိ႕သတင္းေတြက ဆိုၾကပါတယ္။ စပါးဟာတကယ္ပဲ ဖာနန္ဒက္စ္ကို ေခၚယူခ်င္တာလား၊ဒါမွမဟုတ္ မန္ယူ၊ဖာနန္ဒက္စ္္နဲ႔စပို႔တင္းကိစၥကို ပိုမိုဇာတ္ရိွန္တက္ေအာင္လုပ္တာလားဆုိတာေစာင့္ၾကည့္ရပါမယ္။ လက္ရိွမွာေတာ့ ဖာနန္ဒက္စ္အေနနဲ႔ စပုိ႔တင္းမွာပဲေလ့က်င့္ေရးေတြဆင္းေနလား၊ မန္ယူဆီကိုသြားတဲ့ေလယာဥ္ေပၚမွာလား ဆုိတာကေတာ့ မၾကာမီ အေျဖေပၚေတာ့မွာျဖစ္ပါတယ္။

Photo Credit-Metro

(Unicode Version)

ဖာနန်ဒက်စ်နဲ့ မပြီးဆုံးနိုင်တဲ့သတင်းတွေ

စပို့တင်းအသင်းရဲ့ကစားသမားဖာနန်ဒက်စဟာ ကွင်းထဲမှာ ငိုခဲ့တဲ့အချိန်ကနေ စပြီးသတင်းလူသားအဖြစ် ပိုမိုကျော်ကြားလာခဲ့တာဖြစ်ပါတယ်။ မန်ယူကိုပြောင်းရလို့ငိုတယ်ဆိုပြီးမှတ်ချက်ချတာတွေ ရှိသလို၊မကြာမီပဲဆေးစစ်ရတော့မယ်ဆိုတဲ့သတင်းစကားတွေလည်းကြားရပါတယ်။ ဒါ့အပြင် လေယာဉ်ပျံကြီးစီးပြီးမန်ယူကိုလာနေပြန်ပြီဆိုတဲ့ သတင်းတွေလည်းထွက်ပေါ်ပြန်ပါတယ်။

ဒါပေမယ့် အခုအချိန်ထိတိကျသေချာတဲ့သတင်းတွေမရသေးပါဘူး။ ဒီလိုအခြေအနေမှာပဲ သတင်းတွေကိုပိုဆူစေမယ့် အနေအထားတစ်ရပ်ဖြစ်လာပါတယ်။ ဒါကတော့ စပါးအသင်းက ဖာနန်ဒက်စ်ကို ကြားဖြတ်ခေါ်ယူမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။

စပါးအသင်းဟာပြောင်းရွှေ့ကြေးမြင့်မားတဲ့ကစားသမားတွေထက် ဈေးနည်းနည်း သက်သာတဲ့လူငယ်ကစားသမားတွေကိုသာပစ်မှတ်ထားခေါ်ယူတာဖြစ်ပါတယ်။ ဒါကြောင့် တကယ်သာ ဖာနန်ဒက်စ်ကိုခေါ်ယူမယ်ဆိုရင်တော့ ဒီနှစ်ထဲမှာ ပြောင်းရွှေ့ကြေးအတွက် ငွေတော်တော်သုံးမယ်လို့ စပါးအနေနဲ့ဆုံးဖြတ်ထားဟန်ရှိပါတယ်။

ဖာနန်ဒက်စ်အတွက်ပြောင်းရွှေ့ကြေး ပေါင် 45 သန်းပေးထားပေမယ့် အဆင်မပြေတာကြောင့် ထပ်မံညှိနှိုင်းဖို့ကြိုးစားနေတယ်လို့အချို့သတင်းတွေက ဆိုကြပါတယ်။ စပါးဟာတကယ်ပဲ ဖာနန်ဒက်စ်ကို ခေါ်ယူချင်တာလား၊ဒါမှမဟုတ် မန်ယူ၊ဖာနန်ဒက်စ်နဲ့စပို့တင်းကိစ္စကို ပိုမိုဇာတ်ရှိန်တက်အောင်လုပ်တာလားဆိုတာစောင့်ကြည့်ရပါမယ်။ လက်ရှိမှာတော့ ဖာနန်ဒက်စ်အနေနဲ့ စပို့တင်းမှာပဲလေ့ကျင့်ရေးတွေဆင်းနေလား၊ မန်ယူဆီကိုသွားတဲ့လေယာဉ်ပေါ်မှာလား ဆိုတာကတော့ မကြာမီ အဖြေပေါ်တော့မှာဖြစ်ပါတယ်။