စီးတီးနဲ႔ပြဲစဥ္မွာ ဆာလာနဲ႔ဖာမီႏိုတို႔ကို ပြဲထုတ္ဖြယ္ရွိတယ္လုိ႔ ကေလာ့ပ္ဖြင့္ဟ

Photo Credit ; Getty Images

Photo Credit ; Reuters

လီဗာပူးနည္းျပ ဂ်ာဂင္ကေလာ့ပ္က တနဂၤေႏြေန႔မွာ ယွဥ္ၿပိဳင္ကစားမယ့္ ကြန္ျမဴနတီဒိုင္းၿပိဳင္ပြဲ မန္စီးတီးအသင္းနဲ႔ပြဲစဥ္မွာ ဆာလာနဲ႕ ဖာမီႏိုတို႔ကို ပြဲထြက္ကစားေစဖို႔ စဥ္းစားေနပါတယ္။ လီဗာပူးအသင္းဟာ ရာသီႀကိဳပြဲစဥ္ေတြမွာ ရလဒ္ေတြ ဆိုးရြားေနခဲ့ၿပီး ၄ ပြဲကစားရမွာ ၃ ပြဲ႐ံႈးနိမ့္ခဲ့ကာ ၁ ပြဲက သေရက်ခဲ့ပါတယ္။ ၅ ပြဲေျမာက္ ရာသီႀကိဳပြဲစဥ္ျဖစ္တဲ့ ယမန္ေန႔ညက လီယြန္အသင္းနဲ႔ပြဲစဥ္မွာေတာ့ ဖာမီႏိုနဲ႔ဆာလာတို႔က အသင္းနဲ႔ ျပန္လည္ပူးေပါင္းခဲ့ၿပီး တိုက္စစ္မွာ ဦးေဆာင္ကစားခဲ့ကာ ၃-၁ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

Photo Credit

ဆာလာနဲ႔ ဖာမီႏိုတို႔ဟာ ေႏြရာသီအားလပ္ရက္ အပန္ေျဖအနားယူေနရာကေန တနလာၤေန႔မွာ အသင္းေလ့က်င့္ေရးနဲ႔ ျပန္လည္ ပူးေပါင္းခဲ့ၿပီး သူတို႔ ၂ ဦးဟာ လီယြန္အသင္းနဲ႔ပြဲစဥ္မတိုင္ခင္ ျပင္သစ္ၿမိဳ႕ အီဗီယန္ ေလ့က်င့္ကြင္းမွာ ေလ့က်င့္ခန္း ၄ႀကိမ္သာ ပါဝင္ပတ္သက္ခဲ့ရတာ ျဖစ္ပါတယ္။ ဒါေပမဲ့ အဆိုပါပြဲစဥ္မွာ ဆာလတ္နဲ႔ ဖာမီႏိုတို႔ေၾကာင့္ တိုက္စစ္က မ်ားစြာ သက္ဝင္လႈပ္ရွားခဲ့ၿပီး လီယြန္အသင္းကို ဂိုးျပတ္အႏိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။ နည္းျပ ကေလာ့ပ္ကေတာ့ မန္စီးတီးအသင္းနဲ႔ပြဲစဥ္မွာ သူတို႔ ၂ ဦးကို ပြဲထြက္ ကစားေစဖို႔ သင့္မသင့္ စဥ္းစား ခ်င့္ခ်ိန္ေနပါတယ္။

Photo Credit ; Getty Images

လီယြန္အသင္းနဲ႔ပြဲစဥ္မွာ ဖာမီႏိုက မိနစ္ ၃၀ ၾကာပါ၀င္ကစားခဲ့ၿပီး ပြဲခ်ိန္ ၁၇မိနစ္မွာ ေခ်ပဂိုးသြင္းယူႏိုင္ခဲ့သလို ဆာလာကလည္း ပထမပိုင္းတစ္ပုိင္းလုံး ပါ၀င္ကစားကာ တိုက္စစ္ပိုင္းကို မ်ားစြာ အေထာက္အပံ့ ျဖစ္ေစခဲ့ပါတယ္။ အဆိုပါပြဲစဥ္မွာ လီဗာပူးအသင္းက လူစားလဲမႈ ၂၇ ႀကိမ္ျပဳလုပ္ခဲ့ၿပီး ကစားသမားေတြနဲ႔ ပြဲရလဒ္ကိုေတာ့ နညး္ျပကေလာ့ပ္က ေက်နပ္ေနပါတယ္။

Photo Credit ; Getty Images

အဆိုပါ ပြဲစဥ္အၿပီးမွာေတာ့ ကေလာ့ပ္က ”မန္စီတီးအသင္းက ယခင္ၿပိဳင္ပြဲေတြက အသင္းေတြနဲ႕ ကြဲျပားျခားနားတဲ့အသင္းပါ။ စိတ္ပိုင္းဆိုင္ရာ ႐ႈေထာင့္ကၾကည့္မယ္ဆိုရင္ ဆက္တိုက္ရံႈးပြဲေတြ ႀကံဳေတြ႕ခဲ့ရျပီး ျပန္လည္ အႏိုင္ရရွိခဲ့တာ ေကာင္းပါတယ္။ တကယ္ကို ေပ်ာ္ရႊင္မိပါတယ္။ ဒါေပမဲ့ မန္စီးတီးအသင္းနဲ႔ပြဲစဥ္မွာ ဒီထက္ပိုေကာင္းေအာင္ ကစားဖို႔လိုပါတယ္”လုိ႔ ေျပာပါတယ္။

Photo Credit ; Sky Sports

Unicode

စီးတီးနဲ့ပွဲစဉ်မှာ ဆာလာနဲ့ဖာမီနိုတို့ကို ပွဲထုတ်ဖွယ်ရှိတယ်လို့ ကလော့ပ်ဖွင့်ဟ

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်က တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားမယ့် ကွန်မြူနတီဒိုင်းပြိုင်ပွဲ မန်စီးတီးအသင်းနဲ့ပွဲစဉ်မှာ ဆာလာနဲ့ ဖာမီနိုတို့ကို ပွဲထွက်ကစားစေဖို့ စဉ်းစားနေပါတယ်။ လီဗာပူးအသင်းဟာ ရာသီကြိုပွဲစဉ်တွေမှာ ရလဒ်တွေ ဆိုးရွားနေခဲ့ပြီး ၄ ပွဲကစားရမှာ ၃ ပွဲရှုံးနိမ့်ခဲ့ကာ ၁ ပွဲက သရေကျခဲ့ပါတယ်။ ၅ ပွဲမြောက် ရာသီကြိုပွဲစဉ်ဖြစ်တဲ့ ယမန်နေ့ညက လီယွန်အသင်းနဲ့ပွဲစဉ်မှာတော့ ဖာမီနိုနဲ့ဆာလာတို့က အသင်းနဲ့ ပြန်လည်ပူးပေါင်းခဲ့ပြီး တိုက်စစ်မှာ ဦးဆောင်ကစားခဲ့ကာ ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဆာလာနဲ့ ဖာမီနိုတို့ဟာ နွေရာသီအားလပ်ရက် အပန်ဖြေအနားယူနေရာကနေ တနလာၤနေ့မှာ အသင်းလေ့ကျင့်ရေးနဲ့ ပြန်လည် ပူးပေါင်းခဲ့ပြီး သူတို့ ၂ ဦးဟာ လီယွန်အသင်းနဲ့ပွဲစဉ်မတိုင်ခင် ပြင်သစ်မြို့ အီဗီယန် လေ့ကျင့်ကွင်းမှာ လေ့ကျင့်ခန်း ၄ကြိမ်သာ ပါဝင်ပတ်သက်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဆိုပါပွဲစဉ်မှာ ဆာလတ်နဲ့ ဖာမီနိုတို့ကြောင့် တိုက်စစ်က များစွာ သက်ဝင်လှုပ်ရှားခဲ့ပြီး လီယွန်အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ကလော့ပ်ကတော့ မန်စီးတီးအသင်းနဲ့ပွဲစဉ်မှာ သူတို့ ၂ ဦးကို ပွဲထွက် ကစားစေဖို့ သင့်မသင့် စဉ်းစား ချင့်ချိန်နေပါတယ်။
လီယွန်အသင်းနဲ့ပွဲစဉ်မှာ ဖာမီနိုက မိနစ် ၃၀ ကြာပါဝင်ကစားခဲ့ပြီး ပွဲချိန် ၁၇မိနစ်မှာ ချေပဂိုးသွင်းယူနိုင်ခဲ့သလို ဆာလာကလည်း ပထမပိုင်းတစ်ပိုင်းလုံး ပါဝင်ကစားကာ တိုက်စစ်ပိုင်းကို များစွာ အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ လီဗာပူးအသင်းက လူစားလဲမှု ၂၇ ကြိမ်ပြုလုပ်ခဲ့ပြီး ကစားသမားတွေနဲ့ ပွဲရလဒ်ကိုတော့ နည်းပြကလော့ပ်က ကျေနပ်နေပါတယ်။
အဆိုပါ ပွဲစဉ်အပြီးမှာတော့ ကလော့ပ်က ”မန်စီတီးအသင်းက ယခင်ပြိုင်ပွဲတွေက အသင်းတွေနဲ့ ကွဲပြားခြားနားတဲ့အသင်းပါ။ စိတ်ပိုင်းဆိုင်ရာ ရှုထောင့်ကကြည့်မယ်ဆိုရင် ဆက်တိုက်ရှုံးပွဲတွေ ကြုံတွေ့ခဲ့ရပြီး ပြန်လည် အနိုင်ရရှိခဲ့တာ ကောင်းပါတယ်။ တကယ်ကို ပျော်ရွှင်မိပါတယ်။ ဒါပေမဲ့ မန်စီးတီးအသင်းနဲ့ပွဲစဉ်မှာ ဒီထက်ပိုကောင်းအောင် ကစားဖို့လိုပါတယ်”လို့ ပြောပါတယ်။