စီေရာ္နယ္ဒိုကို အရန္ခုံမွာပဲထားလို႔ စာခ်ဳပ္ခ်ိဳးေဖာက္တယ္လို႔ စြပ္စြဲခံေနရတဲ့ဂ်ဳဗင္တပ္

È£³¯µÎ '¿À´ÃÀº º¥Ä¡·Î ½ÃÀÛ' (¼­¿ï=¿¬ÇÕ´º½º) ±èµµÈÆ ±âÀÚ = 26ÀÏ ¿ÀÈÄ ¼­¿ï ¸¶Æ÷±¸ ¼º»êµ¿ ¼­¿ï¿ùµåÄÅ°æ±âÀå¿¡¼­ ¿­¸° Çϳª¿øÅ¥ ÆÀ K¸®±×¿Í À¯º¥Åõ½º FCÀÇ Ä£¼±°æ±â. À¯º¥Åõ½ºÀÇ È£³¯µÎ°¡ º¥Ä¡¿¡¼­ °æ±â ½ÃÀÛÀ» ±â´Ù¸®°í ÀÖ´Ù. 2019.7.26 [email protected]/2019-07-26 21:11:47/

ေတာင္ကိုရီးယားႏိုင္ငံ ဆိုးလ္ၿမိဳ႕မွာကစားခဲ့တဲ့ ေျခစမ္းပြဲစဥ္မွာ စူပါစတားကစားသမားစီေရာ္နယ္ဒိုကုိ ၀င္မကစားေစဘဲ အရန္ခုံမွာပဲထားခဲ့တာေၾကာင့္ စီးရီးေအခ်န္ပီယံဂ်ဴဗင္တပ္ဟာ စာခ်ဳပ္ပါသေဘာတူညီမႈတစ္ခုကိုခ်ိဳးေဖာက္ခဲ့ေၾကာင္း ေဒသတြင္းပြဲစီစဥ္သူဘက္က ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ဂ်ဴဗင္တပ္ဟာ မၾကာေသးခင္ရက္ပိုင္းက ေတာင္ကိုရီးယားလိဂ္ All-Star အသင္းနဲ႔ ဆိုးလ္ကမာၻ႔ဖလားကြင္းမွာ ေျခစမ္းခဲ့တာျဖစ္ၿပီး ၃-၃ သေရက်ခဲ့ပါတယ္။ အဲဒီပြဲကို ပရိသတ္ ၆၃၀၀၀ ေလာက္တက္ေရာက္အားေပးခဲ့ေပမယ့္ စီေရာ္နယ္ဒိုပါ၀င္ကစားျခင္းမရွိလို႔ စိတ္ပ်က္လက္ပ်က္ျဖစ္ခ့ဲၾကပါတယ္။

photo-gettyimages

အဲဒီပြဲကိုစီစဥ္တဲ့ TheFasta ေအဂ်င္စီက စီေရာ္နယ္ဒိုကုိမပါေစတဲ့ ဂ်ဴဗင္တပ္ရဲ႕ဆုံးျဖတ္ခ်က္ကို သူတို႔မသိေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။ “စီေရာ္နယ္ဒိုဟာ ပြဲခ်ိန္အေတာ္မ်ားမ်ားပါ၀င္ကစားမယ္လု႔ိ ဂ်ဴဗင္တပ္အသင္းက သေဘာတူညီခဲ့ပါတယ္။ ပြဲခ်ိန္အေတာ္မ်ားမ်ားဆုိတဲ့သေဘာက ပြဲရဲ႕အနည္းဆုံး ၄၅ မိနစ္ကစားမယ္ဆုိတာပါ။ ဒုတိယပိုင္းလူစာရင္းမွာ စီေရာ္နယ္ဒိုမပါဘူးဆိုတာ သိရၿပီးတဲ့ေနာက္ ကၽြန္ေတာ္တို႔ဟာ စာခ်ဳပ္မွာပါထားတဲ့အတိုင္း စီေရာ္နယ္ဒိုကိုထည့္ကစားဖို႔ ဂ်ဴဗင္တပ္ကို ေတာင္းဆုိခဲ့ပါတယ္။ နည္းျပနဲ႔ကစားသမားက စာခ်ဳပ္ပါအခ်က္ကိုသိေပမယ့္ ရုပ္ပိုင္းဆိုင္ရာအေျခအေနေၾကာင့္ စီေရာ္နယ္ဒိုမကစားႏိုင္ဘူးဆိုတဲ့အေၾကာင္း ကလပ္ဘက္က ေျပာလာပါတယ္။ ေနာက္ၿပီးေတာ့ ကၽြန္ေတာ္တို႔ရဲ႕ေတာင္းဆိုမႈေတြကို ဂ်ဴဗင္တပ္ဘက္က တုံ႔ျပန္မႈမလုပ္ခဲ့ပါဘူး”လို႔ TheFasta ေအဂ်င္စီရဲ႕ေၾကညာခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

photo-gettyimages

ေတာင္ကိုရီးယားလိဂ္အဖြဲ႕ခ်ဳပ္ျဖစ္တဲ့ ေကလိဂ္ကေတာ့ စီေရာ္နယ္ဒိုပါ၀င္ကစားျခင္းမရွိလို႔ ေၾကညာခ်က္ထုတ္ျပန္ၿပီး ပရိသတ္ေတြကို ေတာင္းပန္မႈလုပ္ခဲ့ပါတယ္။ ဒါ့အျပင္ TheFasta ေအဂ်င္စီကေန ေလ်ာ္ေၾကးေတာင္းမယ္လုိ႔လည္း ေကလိဂ္ရဲ႕ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ ဂ်ဴဗင္တပ္နည္းျပဆာရီကေတာ့ ကစားသမားရဲ႕ၾကြက္သားျပသနာေၾကာင့္ စီေရာ္နယ္ဒုိကို မထည့္တာလို႔ ပြဲအၿပီးသတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

[Unicode]

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ စူပါစတားကစားသမားစီရော်နယ်ဒိုကို ဝင်မကစားစေဘဲ အရန်ခုံမှာပဲထားခဲ့တာကြောင့် စီးရီးအေချန်ပီယံဂျူဗင်တပ်ဟာ စာချုပ်ပါသဘောတူညီမှုတစ်ခုကိုချိုးဖောက်ခဲ့ကြောင်း ဒေသတွင်းပွဲစီစဉ်သူဘက်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဂျူဗင်တပ်ဟာ မကြာသေးခင်ရက်ပိုင်းက တောင်ကိုရီးယားလိဂ် All-Star အသင်းနဲ့ ဆိုးလ်ကမ္ဘာ့ဖလားကွင်းမှာ ခြေစမ်းခဲ့တာဖြစ်ပြီး ၃-၃ သရေကျခဲ့ပါတယ်။ အဲဒီပွဲကို ပရိသတ် ၆၃၀၀၀ လောက်တက်ရောက်အားပေးခဲ့ပေမယ့် စီရော်နယ်ဒိုပါဝင်ကစားခြင်းမရှိလို့ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ကြပါတယ်။

အဲဒီပွဲကိုစီစဉ်တဲ့ TheFasta အေဂျင်စီက စီရော်နယ်ဒိုကိုမပါစေတဲ့ ဂျူဗင်တပ်ရဲ့ဆုံးဖြတ်ချက်ကို သူတို့မသိကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ “စီရော်နယ်ဒိုဟာ ပွဲချိန်အတော်များများပါဝင်ကစားမယ်လု့ိ ဂျူဗင်တပ်အသင်းက သဘောတူညီခဲ့ပါတယ်။ ပွဲချိန်အတော်များများဆိုတဲ့သဘောက ပွဲရဲ့အနည်းဆုံး ၄၅ မိနစ်ကစားမယ်ဆိုတာပါ။ ဒုတိယပိုင်းလူစာရင်းမှာ စီရော်နယ်ဒိုမပါဘူးဆိုတာ သိရပြီးတဲ့နောက် ကျွန်တော်တို့ဟာ စာချုပ်မှာပါထားတဲ့အတိုင်း စီရော်နယ်ဒိုကိုထည့်ကစားဖို့ ဂျူဗင်တပ်ကို တောင်းဆိုခဲ့ပါတယ်။ နည်းပြနဲ့ကစားသမားက စာချုပ်ပါအချက်ကိုသိပေမယ့် ရုပ်ပိုင်းဆိုင်ရာအခြေအနေကြောင့် စီရော်နယ်ဒိုမကစားနိုင်ဘူးဆိုတဲ့အကြောင်း ကလပ်ဘက်က ပြောလာပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ရဲ့တောင်းဆိုမှုတွေကို ဂျူဗင်တပ်ဘက်က တုံ့ပြန်မှုမလုပ်ခဲ့ပါဘူး”လို့ TheFasta အေဂျင်စီရဲ့ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

တောင်ကိုရီးယားလိဂ်အဖွဲ့ချုပ်ဖြစ်တဲ့ ကေလိဂ်ကတော့ စီရော်နယ်ဒိုပါဝင်ကစားခြင်းမရှိလို့ ကြေညာချက်ထုတ်ပြန်ပြီး ပရိသတ်တွေကို တောင်းပန်မှုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် TheFasta အေဂျင်စီကနေ လျော်ကြေးတောင်းမယ်လို့လည်း ကေလိဂ်ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဂျူဗင်တပ်နည်းပြဆာရီကတော့ ကစားသမားရဲ့ကြွက်သားပြသနာကြောင့် စီရော်နယ်ဒိုကို မထည့်တာလို့ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။