စပါးရဲ႕ၾကမး္တမ္းမႈ အတြက္မန္ယူကို ပိုခ်က္တီႏိုျပန္လည္ေတာင္းပန္

စပါးအသင္းနည္းျပ ပိုခ်က္တီႏိုက သူ႔အသင္းရဲ႕ၾကမ္းတမ္းတဲ႔ ကစားပုံအတြက္ မန္ယူအသင္းကိုျပန္လည္ေတာင္းပန္လိုက္ပါတယ္။ ရွန္ဟိုင္းၿမိဳ႕မွာမေန႔ညေနကယွဥ္ၿပိဳင္ခဲ့တဲ႔ ICC ဖလားပြဲစဥ္မွာ စပါးကစားသမားအခ်ဳိ႕ရဲ႕ၾကမ္းတမ္းမႈဟာ ပြဲကိုအရုပ္ဆိုးေစခဲ့ပါတယ္။

ဒီပြဲမွာမန္ယူက ၂-၁ နဲ႔အႏိုင္ရခဲ့ၿပီးရာသီႀကိဳေျခစမ္းပြဲေတြမွာရာႏႈန္းျပည့္ႏိုင္ပြဲရရွိေနမႈကိုဆက္ထိန္းႏိုင္ခဲ့ပါတယ္။ ဒါေပမယ္႔ စပါးအသင္းရဲ႕ၾကမ္းတမ္းတဲ႔ကစားဟန္က လာၾကည့္တဲ႔ပရိသတ္ေတြကိုစိတ္ပ်က္ေစတဲ႔အျပင္ ဒန္နီရယ္ဂ်ိမ္းစ္ကို ဆစ္ဆိုကိုတက္နင္းမႈဟာ အဆုိးဆုံးေသာျဖစ္ရပ္တစ္ခုအျဖစ္ သတ္မွတ္ခံခဲ့ရတာပါ။

ဒီျဖစ္ရပ္ေၾကာင့္ တြမ္မီေနးကျပန္္လည္တုံ႔ျပန္ရာကေနတစ္ဆင့္ ဟယ္ရီကိန္းနဲ႔ၿငိၿပီး ႏွစ္ဖက္ကစားသမားေတြပါ ပါ၀င္လာခဲ့ကာအေျခအတင္ျဖစ္ခဲ့ၾကပါတယ္။ ဒီျဖစ္ရပ္မတိုင္ခင္မွာလည္း ဒယ္လီအလီကမန္ယူေနာက္ခံလူ ၀မ္ဘစ္ဆာကိုအဖ်က္ၾကမ္းခဲ့ပါေသးတယ္။ ဆစ္ဆိုကိုရဲ႕လုပ္ရပ္ဟာအနီကတ္ျပစ္ဒဏ္အထိထုိက္တန္ခဲ့ေပမယ္႔ ဒိုင္ကဘာမွသတိေပးခဲ့ျခင္းမရွိလုိ႔ မန္ယူကစားသမားေတြေဒါသထြက္ခဲ့ၾကရပါတယ္။

ဒါေၾကာင့္လည္းပြဲအၿပီးမွာ ပိုခ်က္တီႏိုက”အသင္းရဲ႕ကိုယ္စားက်ြန္ေတာ္ကဘဲ မန္ယူကိုေတာင္းပန္ပါတယ္။တစ္ခ်ဳိ႕ျဖစ္ရပ္ေတြက တကယ္႔ကိုစိတ္အေႏွာင့္အယွက္ျဖစ္စရာပါ။ ဒါဟာေျခစမ္းပြဲသာျဖစ္လို႔ ဒါမ်ဳိးမျဖစ္သင့္ပါဘူး။ ဒါေပမယ္႔လည္း ရာသီဥတုက ပူၿပီးေမာပန္းလာၾကတဲ႔အခါမွာ တစ္ခုမဟုတ္တစ္ခုက ျဖစ္သြားတတ္ပါတယ္’ လို႔ေျပာသြားပါတယ္။

ဆစ္ဆိုကိုရဲ႕လုပ္ရပ္ဟာ ပရီးမီးယားလိဂ္မွာဆိုရင္ ဒိုင္လူႀကီးမျမင္ရင္ေတာင္မွာ အက္ဖ္ေအက ဗီဒီယိုကေနတစ္ဆင့္ ျပန္ၾကည့္ၿပီးအေရးယူမႈျပဳလုပ္ခံရမွာျဖစ္ေပမယ္႔ အခုပြဲေတြကျပည္ပကေျခစမ္းပြဲသာျဖစ္လို႔ အက္ဖ္ေအရဲ႕အေရးယူပိုင္ခြင့္ထဲမွာမရွိလို႔ ဘာအေရးယူမႈမွခံရမွာမဟုတ္ဖူးလို႔ သိရပါတယ္။

Unicode

စပါးရဲ့ကြမ်းတမ်းမှု အတွက်မန်ယူကို ပိုချက်တီနိုပြန်လည်တောင်းပန်
စပါးအသင်းနည်းပြ ပိုချက်တီနိုက သူ့အသင်းရဲ့ကြမ်းတမ်းတဲ့ ကစားပုံအတွက် မန်ယူအသင်းကိုပြန်လည်တောင်းပန်လိုက်ပါတယ်။ ရှန်ဟိုင်းမြို့မှာမနေ့ညနေကယှဉ်ပြိုင်ခဲ့တဲ့ ICC ဖလားပွဲစဉ်မှာ စပါးကစားသမားအချို့ရဲ့ကြမ်းတမ်းမှုဟာ ပွဲကိုအရုပ်ဆိုးစေခဲ့ပါတယ်။

ဒီပွဲမှာမန်ယူက ၂-၁ နဲ့အနိုင်ရခဲ့ပြီးရာသီကြိုခြေစမ်းပွဲတွေမှာရာနှုန်းပြည့်နိုင်ပွဲရရှိနေမှုကိုဆက်ထိန်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် စပါးအသင်းရဲ့ကြမ်းတမ်းတဲ့ကစားဟန်က လာကြည့်တဲ့ပရိသတ်တွေကိုစိတ်ပျက်စေတဲ့အပြင် ဒန်နီရယ်ဂျိမ်းစ်ကို ဆစ်ဆိုကိုတက်နင်းမှုဟာ အဆိုးဆုံးသောဖြစ်ရပ်တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။

ဒီဖြစ်ရပ်ကြောင့် တွမ်မီနေးကပြန်လည်တုံ့ပြန်ရာကနေတစ်ဆင့် ဟယ်ရီကိန်းနဲ့ငြိပြီး နှစ်ဖက်ကစားသမားတွေပါ ပါဝင်လာခဲ့ကာအခြေအတင်ဖြစ်ခဲ့ကြပါတယ်။ ဒီဖြစ်ရပ်မတိုင်ခင်မှာလည်း ဒယ်လီအလီကမန်ယူနောက်ခံလူ ဝမ်ဘစ်ဆာကိုအဖျက်ကြမ်းခဲ့ပါသေးတယ်။ ဆစ်ဆိုကိုရဲ့လုပ်ရပ်ဟာအနီကတ်ပြစ်ဒဏ်အထိထိုက်တန်ခဲ့ပေမယ့် ဒိုင်ကဘာမှသတိပေးခဲ့ခြင်းမရှိလို့ မန်ယူကစားသမားတွေဒေါသထွက်ခဲ့ကြရပါတယ်။

ဒါကြောင့်လည်းပွဲအပြီးမှာ ပိုချက်တီနိုက”အသင်းရဲ့ကိုယ်စားကျွန်တော်ကဘဲ မန်ယူကိုတောင်းပန်ပါတယ်။တစ်ချို့ဖြစ်ရပ်တွေက တကယ့်ကိုစိတ်အနှောင့်အယှက်ဖြစ်စရာပါ။ ဒါဟာခြေစမ်းပွဲသာဖြစ်လို့ ဒါမျိုးမဖြစ်သင့်ပါဘူး။ ဒါပေမယ့်လည်း ရာသီဥတုက ပူပြီးမောပန်းလာကြတဲ့အခါမှာ တစ်ခုမဟုတ်တစ်ခုက ဖြစ်သွားတတ်ပါတယ်’ လို့ပြောသွားပါတယ်။

ဆစ်ဆိုကိုရဲ့လုပ်ရပ်ဟာ ပရီးမီးယားလိဂ်မှာဆိုရင် ဒိုင်လူကြီးမမြင်ရင်တောင်မှာ အက်ဖ်အေက ဗီဒီယိုကနေတစ်ဆင့် ပြန်ကြည့်ပြီးအရေးယူမှုပြုလုပ်ခံရမှာဖြစ်ပေမယ့် အခုပွဲတွေကပြည်ပကခြေစမ်းပွဲသာဖြစ်လို့ အက်ဖ်အေရဲ့အရေးယူပိုင်ခွင့်ထဲမှာမရှိလို့ ဘာအရေးယူမှုမှခံရမှာမဟုတ်ဖူးလို့ သိရပါတယ်။