လူငယ္ေတြရဲ႕အားနဲ႔ ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္မွာ ပြဲတုိင္းအႏိုင္ရေနတဲ့ယူႏုိက္တက္ စပါးကိုလည္း ထပ္မံေက်ာ္ျဖတ္

Photo Credit ; Reutuers

Photo Credit ; Getty Images

ယခုေႏြရာသီေျခစမ္းပြဲခရီးစဥ္မွာ လူငယ္ေတြရဲ႕အားနဲ႔အတူ အထူးေျခစြမ္းျပသေနတဲ့ယူႏုိက္တက္ဟာ ဒီပြဲမွာလည္း ပရီးမီးယားလိဂ္ၿပိဳင္ဘက္ စပါးကို ေနာက္က်သြင္းဂိုးနဲ႔အႏိုင္ယူကာ ရာႏႈန္းျပည့္ႏိုင္ပြဲဆက္စံခ်ိန္ ဆက္ထိန္းႏိုင္ခဲ့ပါတယ္။ ယူႏိုက္တက္ဟာ ကစားၿပီးသမွ် ရာသီႀကိဳေျခစမ္းပြဲ ၃ပြဲမွာ ပြဲတုိင္း Clean Sheets ကစားႏိုင္ခဲ့ၿပီး ဒီပြဲေရာက္မွ လူးကပ္စ္မုိရာရဲ႕ဂိုးေၾကာင့္ အဲဒီစံခ်ိန္ေကာင္းရပ္တန္႔သြားေပမယ့္ ဂိုမက္စ္ရဲ႕အႏုိင္ဂိုးက ယူႏုိက္တက္ပရိသတ္ေတြကို အေတာ္ေလးစိတ္လႈပ္ရွားေစခဲ့ပါတယ္။

Photo Credit ; Reuters

ႏွစ္သင္းစလုံး ပဲြစကတည္းက တုိက္စစ္အၿပိဳင္ဖြင့္ကစားခဲ့ၿပီး ပြဲခ်ိန္ ၄မိနစ္မွာ ေတာင္ပံကစားသမား ဒန္နီရယ္ဂ်ိမ္းစ္ အသာေမွ်ာေပးလုိက္တာကို တုိက္စစ္မွဴး မာရွယ္က ဂိုးဧရိယာဘယ္ဘက္ေလာက္ကေန ဂိုးသမားရဲ႕ဘယ္ဘက္ေအာက္ေထာင့္ထဲ ဘယ္ေျခနဲ႔ ကန္သြင္းခဲ့ေပမယ့္ တုိင္ထိထြက္သားလုိ႔ ယူႏုိက္တက္အသင္း နစ္နာခဲ့ရပါတယ္။ ေနာက္ ၆မိနစ္အၾကာမွာလည္း စပါးအသင္း အပိုင္အခြင့္အေရးရရွိခဲ့ၿပီး လူငယ္တုိက္စစ္မွဴး ပါေရာ့ အပိုင္ထိုးေပးတာကို တစ္ေယာက္တည္းလြတ္လြတ္ကၽြတ္ကၽြတ္ျဖစ္ေနတဲ့ အယ္လီ မနားတမ္းကန္သြင္းခဲ့ေပမယ့္ ဂုိးသမား ဒီဂီယာကာကြယ္ႏိုင္ခဲ့ပါတယ္။

Photo Credit ; Getty Images

ပြဲခ်ိန္ ၂၁မိနစ္မွာေတာ့ ယူႏုိက္တက္အသင္း ဦးေဆာင္ဂိုးရရွိသြားခဲ့ၿပီး ပါရဲရားရဲ႕ထိုးေပးမႈကေန မာရွယ္က ညာေျခနဲ႔ ေထာင့္ျဖတ္ေဘာ ကန္သြင္းတာ စပါးဂုိးသမား ဂါဇာနီဂါရဲ႕ေပါင္ၾကားထဲကေန ဂိုးထဲ၀င္သြားခ့ဲတာျဖစ္ပါတယ္။ ဒုတိယပိုင္းမွာေတာ့ ပြဲက ပိုမိုအႀကိတ္အနယ္ရွိလာၿပီး ပြဲခ်ိန္ ၆၅မိနစ္မွာေတာ့ ၁၉ကိုက္အကြာကေန လူးကပ္စ္မုိရာ ဘယ္ေျခနဲ႔ကန္သြင္းတာ ယူႏိုက္တက္ဘယ္ေနာက္ခံလူ လုခ္ေရွာနဲ႔ ထိကာ လမ္းေၾကာင္းေျပာင္း၀င္သြားလုိ႔ ဟန္ခ်က္ပ်က္သြားတဲ့ ဂိုးသမား ႐ိုမဲ႐ိုးလည္း ဘယ္လုိမွမကာကြယ္ႏိုင္ခဲ့ပါဘူး။

Photo Credit ; Getty Images

ႏွစ္သင္းစလုံး ပြဲခ်ိန္ေနာက္ပိုင္းမွာအႏိုင္ရရွိဖို႔ တုိက္စစ္ဖြင့္ကစားလာၿပီး ပြဲခ်ိန္မိနစ္ ၈၀မွာေတာ့ ဂိုမက္စ္က ယူႏုိက္တက္ပရိသတ္ေတြ ပါးစပ္အေဟာင္းသားျဖစ္ေစမယ့္ အႏုိင္ဂိုးသြင္းယူႏိုင္ခ့ဲလုိ႔ ယူႏုိက္တက္အသင္း ရာႏႈန္းျပည့္ႏို္င္ပြဲဆက္ခဲ့တာျဖစ္ပါတယ္။ ဂိုမက္စ္ဟာ ဘယ္ေတာင္ပံကေန ၀ါရင့္ကြင္းလယ္လူ မာတာနဲ႔ တစ္ခ်က္ထိအျမန္ေပကစားကာ ဂိုးသမားရဲ႕အေ၀းတုိင္ေထာင့္ထဲ ေျမလွိမ့္ေဘာ တည္တည္ၿငိမ္ၿငိမ္ကန္သြင္းတာျဖစ္ပါတယ္။

Photo Credit ; Getty Images

Unicode

လူငယ်တွေရဲ့အားနဲ့ ရာသီကြိုခြေစမ်းပွဲခရီးစဉ်မှာ ပွဲတိုင်းအနိုင်ရနေတဲ့ယူနိုက်တက် စပါးကိုလည်း ထပ်မံကျော်ဖြတ်

ယခုနွေရာသီခြေစမ်းပွဲခရီးစဉ်မှာ လူငယ်တွေရဲ့အားနဲ့အတူ အထူးခြေစွမ်းပြသနေတဲ့ယူနိုက်တက်ဟာ ဒီပွဲမှာလည်း ပရီးမီးယားလိဂ်ပြိုင်ဘက် စပါးကို နောက်ကျသွင်းဂိုးနဲ့အနိုင်ယူကာ ရာနှုန်းပြည့်နိုင်ပွဲဆက်စံချိန် ဆက်ထိန်းနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ ကစားပြီးသမျှ ရာသီကြိုခြေစမ်းပွဲ ၃ပွဲမှာ ပွဲတိုင်း Clean Sheets ကစားနိုင်ခဲ့ပြီး ဒီပွဲရောက်မှ လူးကပ်စ်မိုရာရဲ့ဂိုးကြောင့် အဲဒီစံချိန်ကောင်းရပ်တန့်သွားပေမယ့် ဂိုမက်စ်ရဲ့အနိုင်ဂိုးက ယူနိုက်တက်ပရိသတ်တွေကို အတော်လေးစိတ်လှုပ်ရှားစေခဲ့ပါတယ်။
နှစ်သင်းစလုံး ပွဲစကတည်းက တိုက်စစ်အပြိုင်ဖွင့်ကစားခဲ့ပြီး ပွဲချိန် ၄မိနစ်မှာ တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ် အသာမျှောပေးလိုက်တာကို တိုက်စစ်မှူး မာရှယ်က ဂိုးဧရိယာဘယ်ဘက်လောက်ကနေ ဂိုးသမားရဲ့ဘယ်ဘက်အောက်ထောင့်ထဲ ဘယ်ခြေနဲ့ ကန်သွင်းခဲ့ပေမယ့် တိုင်ထိထွက်သားလို့ ယူနိုက်တက်အသင်း နစ်နာခဲ့ရပါတယ်။ နောက် ၆မိနစ်အကြာမှာလည်း စပါးအသင်း အပိုင်အခွင့်အရေးရရှိခဲ့ပြီး လူငယ်တိုက်စစ်မှူး ပါရော့ အပိုင်ထိုးပေးတာကို တစ်ယောက်တည်းလွတ်လွတ်ကျွတ်ကျွတ်ဖြစ်နေတဲ့ အယ်လီ မနားတမ်းကန်သွင်းခဲ့ပေမယ့် ဂိုးသမား ဒီဂီယာကာကွယ်နိုင်ခဲ့ပါတယ်။
ပွဲချိန် ၂၁မိနစ်မှာတော့ ယူနိုက်တက်အသင်း ဦးဆောင်ဂိုးရရှိသွားခဲ့ပြီး ပါရဲရားရဲ့ထိုးပေးမှုကနေ မာရှယ်က ညာခြေနဲ့ ထောင့်ဖြတ်ဘော ကန်သွင်းတာ စပါးဂိုးသမား ဂါဇာနီဂါရဲ့ပေါင်ကြားထဲကနေ ဂိုးထဲဝင်သွားခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ ပွဲက ပိုမိုအကြိတ်အနယ်ရှိလာပြီး ပွဲချိန် ၆၅မိနစ်မှာတော့ ၁၉ကိုက်အကွာကနေ လူးကပ်စ်မိုရာ ဘယ်ခြေနဲ့ကန်သွင်းတာ ယူနိုက်တက်ဘယ်နောက်ခံလူ လုခ်ရှောနဲ့ ထိကာ လမ်းကြောင်းပြောင်းဝင်သွားလို့ ဟန်ချက်ပျက်သွားတဲ့ ဂိုးသမား ရိုမဲရိုးလည်း ဘယ်လိုမှမကာကွယ်နိုင်ခဲ့ပါဘူး။
နှစ်သင်းစလုံး ပွဲချိန်နောက်ပိုင်းမှာအနိုင်ရရှိဖို့ တိုက်စစ်ဖွင့်ကစားလာပြီး ပွဲချိန်မိနစ် ၈၀မှာတော့ ဂိုမက်စ်က ယူနိုက်တက်ပရိသတ်တွေ ပါးစပ်အဟောင်းသားဖြစ်စေမယ့် အနိုင်ဂိုးသွင်းယူနိုင်ခဲ့လို့ ယူနိုက်တက်အသင်း ရာနှုန်းပြည့်နိုင်ပွဲဆက်ခဲ့တာဖြစ်ပါတယ်။ ဂိုမက်စ်ဟာ ဘယ်တောင်ပံကနေ ဝါရင့်ကွင်းလယ်လူ မာတာနဲ့ တစ်ချက်ထိအမြန်ပေကစားကာ ဂိုးသမားရဲ့အဝေးတိုင်ထောင့်ထဲ မြေလှိမ့်ဘော တည်တည်ငြိမ်ငြိမ်ကန်သွင်းတာဖြစ်ပါတယ်။