ဆုိးလ္ရွား နဲ႔ေပါ့ဘာတို႔ရဲ႕ မီးစတစ္ဖက္၊ေရမႈတ္တစ္ဖက္

Photo Credit-telegraph

မန္ယူအသင္းမွာ ေပါ့ဘာရဲ႕အေျခအေနဟာတက္လိုက္၊က်လိုက္ျဖစ္ေနပါတယ္။ ဘာေၾကာင့္လဲဆုိရင္ နည္းျပဆိုးလ္ရွားအေနနဲ႔ ေပါ့ဘာရဲ႕အေနအထားကိုၾကည့္ၿပီး လုိတုိးပိုေလွ်ာ့လုပ္ေနတာေၾကာင့္ပါ။ ၿပီးခဲ့တဲ့ ရက္က ဆိုးလ္ရွားက ပရိသတ္ေတြအေနနဲ႔ ေပါ့ဘာကိုျပစ္တင္ေ၀ဖန္တာေတြမလုပ္ဘဲ အားေပးဖို႔ ေျပာဆုိလာခဲ့ပါတယ္။ ဒါေပမယ့္ တစ္ဖက္မွာလည္း ေပါ့ဘာေနရာမွာ အစားထုိးဖို႔ ကစားသမားတစ္ေယာက္ကိုလည္း အရံသင့္ စီမံထားပါတယ္။

Photo Credit-getty

ေပါ့ဘာဟာ ရာသီႀကိဳေျခစမ္းပြဲေတြမွာ ပါ၀င္ခဲ့ေပမယ့္ သူ႔အေနနဲ႔ မန္ယူကေနထြက္ခြာခ်င္စိတ္ကေတာ့ မေပ်ာက္ပ်က္တဲ့အေနအထားရိွပါတယ္။ ဒါေၾကာင့္ ဆုိးလ္ရွားက ေပါ့ဘာကို ေျမွာက္လုိက္၊ေျခာက္လုိက္လုပ္ ဟန္တူပါတယ္။ “ေပါ့ဘာဟာမန္ယူအတြက္ ျပႆနာမရိွတဲ့ကစားသမားတစ္ေယာက္ပါ။ သူအသင္းအတြက္ လုပ္ေဆာင္ခဲ့တာေတြဟာအားရစရာေတြျဖစ္ပါတယ္။ မန္ယူအတြက္ေပးဆပ္ကစားႏိုင္စြမ္းရိွတာကို ပရိသတ္ေတြ သိမွာပါ။ဒါေၾကာင့္ ပရိသတ္ေတြအေနနဲ႔ ေပ့ါဘာကို ျပစ္တင္ေ၀ဖန္တာေတြမလုပ္ဖုိ႔ေျပာခ်င္ ပါတယ္” ဆိုၿပီး ဆိုးလ္ရွားက မွတ္ခ်က္ျပဳထားပါတယ္။

Photo Credit-independent

တကယ္လုိ႔ေပ့ါဘာသာ မန္ယူကေန ထြက္ခြာျဖစ္မယ္ဆုိရင္ သူ႔ေနရာမွာအစားထုိးဖို႔ ကစားသမားတစ္ေယာက္ ကေတာ့ က်ိန္းေသလုိပါတယ္။ ဒါေၾကာင့္ ဆုိးလ္ရွားက ႀကိဳတင္စီမံတဲ့အေနနဲ႔ လာဇီယိုက ဆားဘီးယား ကြင္းလယ္လူ ဆာဗစ္ကို ေခၚယူဖို႔စဥ္းစားထားပါတယ္။ အသက္ 24 ႏွစ္အရြယ္ ဆာဗစ္ကို ေခၚယူမယ္ဆုိရင္ ေတာ့ မန္ယူအေနနဲ႔ ေပါင္ 67 သန္းအသုံးျပဳရမွာျဖစ္ပါတယ္။

Photo Credit-getty

ဆာဗစ္ဟာ မန္ယူအတြက္သင့္ေတာ္တဲ့ကစားသမားတစ္ေယာက္ျဖစ္ၿပီး၊ လာဇီယိုအသင္းကလည္း ဆာဗစ္ကို ထုတ္ေရာင္းဖုိ႔ အဆင္သင့္ျဖစ္ေနပါတယ္။ ေပါ့ဘာရဲ႕ေျပာင္းေရႊ႕ေၾကးေတြသာ အဆင္ေျပခဲ့ရင္ေတာ့ မန္ယူအေနနဲ႔ ေပ့ါဘာကို ဆြဲထားေတာ့မွာ မဟုတ္ဘဲ ဆာဗစ္ကိုသာ လက္ကမ္းႀကိဳေတာ့မွာျဖစ္ပါတယ္။ ဒါေၾကာင့္ ေလာေလာဆယ္မွာ ေပ့ါဘာကို ခဏသာထိန္းထားဟန္ရိွၿပီး၊ အားေပးစကားေတြေျပာေနဟန္ျဖစ္ပါတယ္။

Photo Credit-goalcom

(Unicode Version)

ဆိုးလ်ရှား နဲ့ပေါ့ဘာတို့ရဲ့ မီးစတစ်ဖက်၊ရေမှုတ်တစ်ဖက်

မန်ယူအသင်းမှာ ပေါ့ဘာရဲ့အခြေအနေဟာတက်လိုက်၊ကျလိုက်ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုရင် နည်းပြဆိုးလ်ရှားအနေနဲ့ ပေါ့ဘာရဲ့အနေအထားကိုကြည့်ပြီး လိုတိုးပိုလျှော့လုပ်နေတာကြောင့်ပါ။ ပြီးခဲ့တဲ့ ရက်က ဆိုးလ်ရှားက ပရိသတ်တွေအနေနဲ့ ပေါ့ဘာကိုပြစ်တင်ဝေဖန်တာတွေမလုပ်ဘဲ အားပေးဖို့ ပြောဆိုလာခဲ့ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ပေါ့ဘာနေရာမှာ အစားထိုးဖို့ ကစားသမားတစ်ယောက်ကိုလည်း အရံသင့် စီမံထားပါတယ်။

ပေါ့ဘာဟာ ရာသီကြိုခြေစမ်းပွဲတွေမှာ ပါဝင်ခဲ့ပေမယ့် သူ့အနေနဲ့ မန်ယူကနေထွက်ခွာချင်စိတ်ကတော့ မပျောက်ပျက်တဲ့အနေအထားရှိပါတယ်။ ဒါကြောင့် ဆိုးလ်ရှားက ပေါ့ဘာကို မြှောက်လိုက်၊ခြောက်လိုက်လုပ် ဟန်တူပါတယ်။ “ပေါ့ဘာဟာမန်ယူအတွက် ပြဿနာမရှိတဲ့ကစားသမားတစ်ယောက်ပါ။ သူအသင်းအတွက် လုပ်ဆောင်ခဲ့တာတွေဟာအားရစရာတွေဖြစ်ပါတယ်။ မန်ယူအတွက်ပေးဆပ်ကစားနိုင်စွမ်းရှိတာကို ပရိသတ်တွေသိမှာပါ။ဒါကြောင့် ပရိသတ်တွေအနေနဲ့ ပေ့ါဘာကို ပြစ်တင်ဝေဖန်တာတွေမလုပ်ဖို့ပြောချင် ပါတယ်” ဆိုပြီး ဆိုးလ်ရှားက မှတ်ချက်ပြုထားပါတယ်။

တကယ်လို့ပေ့ါဘာသာ မန်ယူကနေ ထွက်ခွာဖြစ်မယ်ဆိုရင် သူ့နေရာမှာအစားထိုးဖို့ ကစားသမားတစ်ယောက် ကတော့ ကျိန်းသေလိုပါတယ်။ ဒါကြောင့် ဆိုးလ်ရှားက ကြိုတင်စီမံတဲ့အနေနဲ့ လာဇီယိုက ဆားဘီးယား ကွင်းလယ်လူ ဆာဗစ်ကို ခေါ်ယူဖို့စဉ်းစားထားပါတယ်။ အသက် 24 နှစ်အရွယ် ဆာဗစ်ကို ခေါ်ယူမယ်ဆိုရင် တော့ မန်ယူအနေနဲ့ ပေါင် 67 သန်းအသုံးပြုရမှာဖြစ်ပါတယ်။

ဆာဗစ်ဟာ မန်ယူအတွက်သင့်တော်တဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး၊ လာဇီယိုအသင်းကလည်း ဆာဗစ်ကို ထုတ်ရောင်းဖို့ အဆင်သင့်ဖြစ်နေပါတယ်။ ပေါ့ဘာရဲ့ပြောင်းရွှေ့ကြေးတွေသာ အဆင်ပြေခဲ့ရင်တော့ မန်ယူအနေနဲ့ ပေ့ါဘာကို ဆွဲထားတော့မှာ မဟုတ်ဘဲ ဆာဗစ်ကိုသာ လက်ကမ်းကြိုတော့မှာဖြစ်ပါတယ်။ ဒါကြောင့် လောလောဆယ်မှာ ပေ့ါဘာကို ခဏသာထိန်းထားဟန်ရှိပြီး၊ အားပေးစကားတွေပြောနေဟန်ဖြစ် ပါတယ်။