ခါးသီးၿပိဳင္ဘက္ စပါးအသင္းဂ်ာစီနဲ႔ အရူးလုပ္ခံရလုနီးပါးျဖစ္သြားတဲ့ အာဆင္နယ္ၾကယ္ပြင့္

Photo Credit: Daily Mail

အာဆင္နယ္အသင္းေနာက္ခံလူေရာ့ဘ္ဟိုးလ္ဒင္းဟာ အေမရိကခရီးစဥ္အတြင္း ေနာက္ေျပာင္တတ္တဲ့ ပရိသတ္တစ္ဦးေၾကာင့္ ခါးသီးၿပိဳင္ဘက္ စပါးအသင္းဂ်ာစီနဲဲ႔ အရူးလုပ္ခံံရလုနီးပါးျဖစ္သြားခဲ့ၿပီး အဲဒီျဖစ္ရပ္ကိုရုိက္ကူးထားတဲ့ ဗီဒီယိုဖိုင္နယ္ကလည္း twitter စာမ်က္ႏွာေတြထက္မွာ ေတာ္ေတာ္ေလးကိုေရပန္းစားသြားခဲ့ပါတယ္။

Photo Credit: Daily Mail

အသက္ ၂၃ ႏွစ္အရြယ္ ဟုိးလ္ဒင္းဟာ ၿပီးခဲ့တဲ့ႏွစ္ဒီဇင္ဘာက မန္ယူနဲဲ႔ပြဲစဥ္မွာ ဒူးဒဏ္ရာျပင္းထန္စြာရရွိခဲ့လုိ႔ အခုခ်ိန္ထိ အနားယူေနရဆဲျဖစ္ၿပီး ကလပ္ရဲ႕ ရာသီႀကိဳခရီးစဥ္မွာေတာ့ ပရိသတ္တစ္ဦးသေဘာမ်ဳိးသာလုိက္ပါလာခဲ့ရတာပါ။ အာဆင္နယ္နဲ႔ ရီးရဲလ္တုိ႔ရင္ဆုိင္ခဲ့တဲ့ ICC ဖလားပြဲစဥ္မတုိင္ခင္ ပြဲၾကည့္စင္ေပၚမွာရွိေနတဲ့ ပရိသတ္ေတြကို ဟုိးလ္ဒင္းက လုိက္ႏႈတ္ဆက္ၿပီး အမွတ္တရလက္မွတ္လည္းေရးထိုးေပးခဲ့ပါတယ္။ အဲဒီအခ်ိန္မွာပဲ ေနာက္ေျပာင္တတ္တဲ့ ပရိသတ္တစ္ဦးက ဟိုးလ္ဒင္းကို အရူးလုပ္ဖုိ႔ႀကိဳးစားခဲ့တာပါ။

Photo Credit: Daily Mail

အဲဒီပရိသတ္ဟာ လက္မွတ္ထုိးေပးေနတဲ့ ဟုိးလ္ဒင္းထံကို ဆြန္ေဟာင္မင္နာမည္ပါတဲဲ့ စပါးအသင္းဂ်ာစီကိုလွမ္းေပးလုိက္ပါတယ္။ ဟိုးလ္ဒင္းကလည္း အမွတ္မထင္ဘဲ လက္မွတ္ထုိးဖုိ႔ ေဘာပင္ကိုရြယ္လုိက္ၿပီးမွ ဂ်ာစီတစ္ဖက္က စပါးအသင္းရဲ႕ အမွတ္တံဆိပ္ကိုျမင္ေတြ႕သြားၿပီး လက္မွတ္မထုိးေပးေတာ့ဘဲ ဂ်ာစီကိုျပန္ေပးကာ ရယ္ေမာခဲ့တာေတြ႕ရပါတယ္။ ပြဲၾကည့္စင္ေပၚက ပရိသတ္ေတြကလည္း အဲဒီျဖစ္ရပ္ကိုၾကည့္ကာ ရယ္ေမာေပ်ာ္ရႊင္ခဲ့ၾကၿပီး ဟုိးလ္ဒင္းကိုလည္း ေအာ္ဟစ္အားေပးခဲ့ၾကပါတယ္။

Photo Credit: Daily Mail

အာဆင္နယ္အသင္းရဲ႕ twitter အေကာင့္မွာလည္း ဟိုးလ္ဒင္းရဲ႕ျဖစ္ရပ္ကိုရိုက္ကူးထားတဲ့ ဗီဒီယိုဖုိင္ကိုတင္ထားခဲ့ၿပီး ပရိသတ္ေထာင္ေပါင္းမ်ားစြာကလည္း မွတ္ခ်က္ေတြေပးခဲ့ၾကပါတယ္။ စပါးနဲ႔ အာဆင္နယ္တုိ႔ဟာ အလြန္ခါးသီးတဲ့ဒါဘီၿပိဳင္ဘက္ေတြျဖစ္တာေၾကာင့္ ဟိုးလ္ဒင္းရဲ႕ အာဆင္နယ္အေပၚ သစၥာရွိမႈကုိၾကည့္ကာ အသင္းေခါင္းေဆာင္ရာထူးကို ခ်က္ခ်င္းေပးသင့္တယ္လုိ႔လည္း ဆုိခဲ့ၾကပါတယ္။

(Unicode)

ခါးသီးပြိုင်ဘက် စပါးအသင်းဂျာစီနဲ့ အရူးလုပ်ခံရလုနီးပါးဖြစ်သွားတဲ့ အာဆင်နယ်ကြယ်ပွင့်

အာဆင်နယ်အသင်းနောက်ခံလူရော့ဘ်ဟိုးလ်ဒင်းဟာ အမေရိကခရီးစဉ်အတွင်း နောက်ပြောင်တတ်တဲ့ ပရိသတ်တစ်ဦးကြောင့် ခါးသီးပြိုင်ဘက် စပါးအသင်းဂျာစီနဲဲ့ အရူးလုပ်ခံံရလုနီးပါးဖြစ်သွားခဲ့ပြီး အဲဒီဖြစ်ရပ်ကိုရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်နယ်ကလည်း twitter စာမျက်နှာတွေထက်မှာ တော်တော်လေးကိုရေပန်းစားသွားခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် ဟိုးလ်ဒင်းဟာ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာက မန်ယူနဲဲ့ပွဲစဉ်မှာ ဒူးဒဏ်ရာပြင်းထန်စွာရရှိခဲ့လို့ အခုချိန်ထိ အနားယူနေရဆဲဖြစ်ပြီး ကလပ်ရဲ့ ရာသီကြိုခရီးစဉ်မှာတော့ ပရိသတ်တစ်ဦးသဘောမျိုးသာလိုက်ပါလာခဲ့ရတာပါ။ အာဆင်နယ်နဲ့ ရီးရဲလ်တို့ရင်ဆိုင်ခဲ့တဲ့ ICC ဖလားပွဲစဉ်မတိုင်ခင် ပွဲကြည့်စင်ပေါ်မှာရှိနေတဲ့ ပရိသတ်တွေကို ဟိုးလ်ဒင်းက လိုက်နှုတ်ဆက်ပြီး အမှတ်တရလက်မှတ်လည်းရေးထိုးပေးခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ နောက်ပြောင်တတ်တဲ့ ပရိသတ်တစ်ဦးက ဟိုးလ်ဒင်းကို အရူးလုပ်ဖို့ကြိုးစားခဲ့တာပါ။

အဲဒီပရိသတ်ဟာ လက်မှတ်ထိုးပေးနေတဲ့ ဟိုးလ်ဒင်းထံကို ဆွန်ဟောင်မင်နာမည်ပါတဲဲ့ စပါးအသင်းဂျာစီကိုလှမ်းပေးလိုက်ပါတယ်။ ဟိုးလ်ဒင်းကလည်း အမှတ်မထင်ဘဲ လက်မှတ်ထိုးဖို့ ဘောပင်ကိုရွယ်လိုက်ပြီးမှ ဂျာစီတစ်ဖက်က စပါးအသင်းရဲ့ အမှတ်တံဆိပ်ကိုမြင်တွေ့သွားပြီး လက်မှတ်မထိုးပေးတော့ဘဲ ဂျာစီကိုပြန်ပေးကာ ရယ်မောခဲ့တာတွေ့ရပါတယ်။ ပွဲကြည့်စင်ပေါ်က ပရိသတ်တွေကလည်း အဲဒီဖြစ်ရပ်ကိုကြည့်ကာ ရယ်မောပျော်ရွှင်ခဲ့ကြပြီး ဟိုးလ်ဒင်းကိုလည်း အော်ဟစ်အားပေးခဲ့ကြပါတယ်။

အာဆင်နယ်အသင်းရဲ့ twitter အကောင့်မှာလည်း ဟိုးလ်ဒင်းရဲ့ဖြစ်ရပ်ကိုရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကိုတင်ထားခဲ့ပြီး ပရိသတ်ထောင်ပေါင်းများစွာကလည်း မှတ်ချက်တွေပေးခဲ့ကြပါတယ်။ စပါးနဲ့ အာဆင်နယ်တို့ဟာ အလွန်ခါးသီးတဲ့ဒါဘီပြိုင်ဘက်တွေဖြစ်တာကြောင့် ဟိုးလ်ဒင်းရဲ့ အာဆင်နယ်အပေါ် သစ္စာရှိမှုကိုကြည့်ကာ အသင်းခေါင်းဆောင်ရာထူးကို ချက်ချင်းပေးသင့်တယ်လို့လည်း ဆိုခဲ့ကြပါတယ်။