အာဆင္နယ္နဲ႔ပြဲမွာ ရီးရဲလ္ျပန္လာႏိုင္ခဲ့ၿပီး ပင္နယ္တီအဆုံးအျဖတ္နဲ႔အႏိုင္ရခဲ့

ICC ပြဲစဥ္တစ္ပြဲ၊ ရာသီႀကိဳေျခစမ္းပြဲတစ္ပြဲဆိုေပမယ့္္လည္း အေမရိကန္က ရီးရဲလ္နဲ႔အာဆင္နယ္တို႔ရဲ႕ေတြ႕ဆုံမႈဟာ အဲဒါေတြထက္ပိုခဲ့ၿပီး ရာသီႀကိဳမွာ လက္ရွိအခ်ိန္အထိ အေကာင္းဆုံးေဖ်ာ္ေျဖႏိုင္ခဲ့တဲ့ ပြဲတစ္ပြဲျဖစ္ခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အနီကတ္ ၂ ကတ္၊ ၂ ဂိုးျပတ္အရႈံးကေန ရီးရဲလ္ရဲ႕ျပန္လာႏိုင္မႈ၊ အသင္းကေန ကန္ထုတ္ခံေနရတဲ့ဂါရတ္ေဘးလ္က ျပန္လာႏိုင္ေအာင္ကူညီေပးမႈ၊ လြဲေခ်ာ္တာေတြက ပိုမ်ားတဲ့ ပင္နယ္တီအဆုံးအျဖတ္တို႔ေၾကာင့္ပါ။ အဆုံးသတ္မွာ ရီးရဲလ္က ပင္နယ္တီ ၃-၂ ရလဒ္နဲ႔ အႏိုင္ရသြားခဲ့တယ္။ အာဆင္နယ္ကေတာ့ ဒီရာသီႀကိဳမွာ ပထမဆုံးရႈံးခဲ့ရတယ္ဆိုေပမယ့္ မိနစ္ ၉၀ အတြင္းမွာေတာ့ ရႈံးပြဲမရွိေသးပါဘူး။ ဒါ့အျပင္ သူတို႔ဟာ ၿပိဳင္ပြဲစည္းမ်ဥ္းအရ ဒီပြဲမွာ တစ္မွတ္ေတာ့ရခဲ့ၿပီး ကစားၿပီးသြားၿပီျဖစ္တဲ့ ICC ၃ ပြဲမွာ ၇ မွတ္ရယူႏိုင္ခဲ့ၿပီး ခ်န္ပီယံျဖစ္ဖို႔ နီးစပ္သြားပါတယ္။

photo-soccerway

ႏွစ္သင္းစလုံး လူစံုနီးပါးနဲ႔ ပြဲထြက္လာခဲ့ၾကတာျဖစ္ေပမယ့္ ပထမပိုင္းမွာ ဟာဇတ္ပါတဲ့ရီးရဲလ္ထက္ အာဆင္နယ္က ပိုေကာင္းခဲ့ပါတယ္။ ၈ မိနစ္မွာ လာကာဇက္တီက ဂိုးသမားကိုလိမ္ၿပီးကန္သြင္းမွာ ရီးရဲလ္ေနာက္ခံလူနာခ်ိဳဟာ ဂိုးစည္းေပၚကေန လက္နဲ႔တားခဲ့တဲ့အတြက္ အာဆင္နယ္ပင္နယ္တီရၿပီး နာခ်ိဳကေတာ့ ပြဲခ်ိန္အေစာပိုင္းမွာတင္ အနီကတ္နဲ႔အထုတ္ခံခဲ့ရတယ္။ ေျခစမ္းပြဲတစ္ပြဲကို ထူးထူးဆန္းဆန္းနည္းလမ္းနဲ႔စတင္လုိက္တာပါ။ သူ႔ေၾကာင့္ရတဲ့ပင္နယ္တီကို လာကာဇက္တီက သူကုိယ္တိုင္ပဲကန္သြင္းႏိုင္ခဲဲ့လို႔ အာဆင္နယ္စတင္ဦးေဆာင္ႏိုင္ခဲ့တယ္။ ၂၃ မိနစ္မွာလည္း အူဘာမီယန္က ဂိုးသမားနဲ႔တစ္ေယာက္ခ်င္းအေတြ႕ အာဆင္နယ္အတြက္ ဒုတိယဂိုးကို လိမ္ေခါက္သြင္းခဲ့ပါတယ္။ ပထမပိုင္းၿပီးကာနီး ၃၉ မိနစ္မွာ မိုဒရစ္ကို လူခ်လိုက္လို႔ အာဆင္နယ္ေနာက္ခံလူဆိုကရာတစ္ဟာ ၂ ၀ါ ၁ နီနဲ႔ အထုတ္ခံလိုက္ရပါတယ္။ အဲဒီေတာ့မွပဲ ၁၀ ေယာက္စီ ျပန္ျဖစ္သြားတာပါ။ ရီးရဲလ္ကစားသမားသစ္ဟာဇတ္ကေတာ့ ပထမပိုင္းမွာ ပါတယ္လို႔ေတာင္ မထင္ရပါဘူး။

photo-gettyimages

ဒုတိယပိုင္းေရာက္ေတာ့ ဇီဒန္းက လူစားလဲမႈေတြျပဳလုပ္တဲ့ေနရာမွာ ဂါရတ္ေဘးလ္ကိုပါထည့္သြင္းခဲ့တာပါ။ အသင္းမွာ သူမရွိေစခ်င္တဲ့တစ္ေယာက္ကို ထည့္သြင္းလုိက္တာလည္း ျဖစ္ပါတယ္။ ဒါေပမဲ့ ဂါရတ္ေဘးလ္ကပဲ ရီးရဲလ္ျပန္လာႏိုင္မယ့္ လမ္းစျဖစ္ခဲ့တာပါ။ ၅၆ မိနစ္မွာ ရီးရဲလ္ ေခ်ပဂိုးတစ္ဂိုးျပန္ရခဲ့ၿပီး အာဆင္နယ္ဂိုးသမားမာတီနက္ဇ္လက္က ျပန္ထြက္လာတဲ့ေဘာလုံးကို ဂါရတ္ေဘးလ္က ပိတ္သြင္းခဲ့တာပါ။ ေနာက္ ၃ မိနစ္အၾကာမွာလည္း မာဆယ္လုိနဲ႔တြဲလုံးကေန အဆန္စီယိုက ရီးရဲလ္အတြက္ ဒုတိယေခ်ပဂိုးကိုသြင္းလိုက္ႏို္င္ခဲ့လုိ႔ ၂-၂ ျဖစ္သြားပါတယ္။ မိနစ္ ၉၀ အထိအဲဒီအတိုင္းျဖစ္ေနလို႔ ပင္နယ္တီအဆုံးအျဖတ္တန္းယူရာမွာ ရီးရဲလ္က ၄ လုံးမွာ ၃ လုံး၀င္ခဲ့ၿပီး အာဆင္နယ္က ၅ လုံးမွာ ၃ လုံးလြဲခဲ့လို႔ ပင္နယ္တီမွာေတာ့ ရီးရဲလ္အႏိုင္ရသြားခဲ့တာပါ။

[Unicode 2]

ICC ပွဲစဉ်တစ်ပွဲ၊ ရာသီကြိုခြေစမ်းပွဲတစ်ပွဲဆိုပေမယ့််လည်း အမေရိကန်က ရီးရဲလ်နဲ့အာဆင်နယ်တို့ရဲ့တွေ့ဆုံမှုဟာ အဲဒါတွေထက်ပိုခဲ့ပြီး ရာသီကြိုမှာ လက်ရှိအချိန်အထိ အကောင်းဆုံးဖျော်ဖြေနိုင်ခဲ့တဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အနီကတ် ၂ ကတ်၊ ၂ ဂိုးပြတ်အရှုံးကနေ ရီးရဲလ်ရဲ့ပြန်လာနိုင်မှု၊ အသင်းကနေ ကန်ထုတ်ခံနေရတဲ့ဂါရတ်ဘေးလ်က ပြန်လာနိုင်အောင်ကူညီပေးမှု၊ လွဲချော်တာတွေက ပိုများတဲ့ ပင်နယ်တီအဆုံးအဖြတ်တို့ကြောင့်ပါ။ အဆုံးသတ်မှာ ရီးရဲလ်က ပင်နယ်တီ ၃-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့တယ်။ အာဆင်နယ်ကတော့ ဒီရာသီကြိုမှာ ပထမဆုံးရှုံးခဲ့ရတယ်ဆိုပေမယ့် မိနစ် ၉၀ အတွင်းမှာတော့ ရှုံးပွဲမရှိသေးပါဘူး။ ဒါ့အပြင် သူတို့ဟာ ပြိုင်ပွဲစည်းမျဉ်းအရ ဒီပွဲမှာ တစ်မှတ်တော့ရခဲ့ပြီး ကစားပြီးသွားပြီဖြစ်တဲ့ ICC ၃ ပွဲမှာ ၇ မှတ်ရယူနိုင်ခဲ့ပြီး ချန်ပီယံဖြစ်ဖို့ နီးစပ်သွားပါတယ်။

နှစ်သင်းစလုံး လူစုံနီးပါးနဲ့ ပွဲထွက်လာခဲ့ကြတာဖြစ်ပေမယ့် ပထမပိုင်းမှာ ဟာဇတ်ပါတဲ့ရီးရဲလ်ထက် အာဆင်နယ်က ပိုကောင်းခဲ့ပါတယ်။ ၈ မိနစ်မှာ လာကာဇက်တီက ဂိုးသမားကိုလိမ်ပြီးကန်သွင်းမှာ ရီးရဲလ်နောက်ခံလူနာချိုဟာ ဂိုးစည်းပေါ်ကနေ လက်နဲ့တားခဲ့တဲ့အတွက် အာဆင်နယ်ပင်နယ်တီရပြီး နာချိုကတော့ ပွဲချိန်အစောပိုင်းမှာတင် အနီကတ်နဲ့အထုတ်ခံခဲ့ရတယ်။ ခြေစမ်းပွဲတစ်ပွဲကို ထူးထူးဆန်းဆန်းနည်းလမ်းနဲ့စတင်လိုက်တာပါ။ သူ့ကြောင့်ရတဲ့ပင်နယ်တီကို လာကာဇက်တီက သူကိုယ်တိုင်ပဲကန်သွင်းနိုင်ခဲဲ့လို့ အာဆင်နယ်စတင်ဦးဆောင်နိုင်ခဲ့တယ်။ ၂၃ မိနစ်မှာလည်း အူဘာမီယန်က ဂိုးသမားနဲ့တစ်ယောက်ချင်းအတွေ့ အာဆင်နယ်အတွက် ဒုတိယဂိုးကို လိမ်ခေါက်သွင်းခဲ့ပါတယ်။ ပထမပိုင်းပြီးကာနီး ၃၉ မိနစ်မှာ မိုဒရစ်ကို လူချလိုက်လို့ အာဆင်နယ်နောက်ခံလူဆိုကရာတစ်ဟာ ၂ ၀ါ ၁ နီနဲ့ အထုတ်ခံလိုက်ရပါတယ်။ အဲဒီတော့မှပဲ ၁၀ ယောက်စီ ပြန်ဖြစ်သွားတာပါ။ ရီးရဲလ်ကစားသမားသစ်ဟာဇတ်ကတော့ ပထမပိုင်းမှာ ပါတယ်လို့တောင် မထင်ရပါဘူး။

ဒုတိယပိုင်းရောက်တော့ ဇီဒန်းက လူစားလဲမှုတွေပြုလုပ်တဲ့နေရာမှာ ဂါရတ်ဘေးလ်ကိုပါထည့်သွင်းခဲ့တာပါ။ အသင်းမှာ သူမရှိစေချင်တဲ့တစ်ယောက်ကို ထည့်သွင်းလိုက်တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဂါရတ်ဘေးလ်ကပဲ ရီးရဲလ်ပြန်လာနိုင်မယ့် လမ်းစဖြစ်ခဲ့တာပါ။ ၅၆ မိနစ်မှာ ရီးရဲလ် ချေပဂိုးတစ်ဂိုးပြန်ရခဲ့ပြီး အာဆင်နယ်ဂိုးသမားမာတီနက်ဇ်လက်က ပြန်ထွက်လာတဲ့ဘောလုံးကို ဂါရတ်ဘေးလ်က ပိတ်သွင်းခဲ့တာပါ။ နောက် ၃ မိနစ်အကြာမှာလည်း မာဆယ်လိုနဲ့တွဲလုံးကနေ အဆန်စီယိုက ရီးရဲလ်အတွက် ဒုတိယချေပဂိုးကိုသွင်းလိုက်နို်င်ခဲ့လို့ ၂-၂ ဖြစ်သွားပါတယ်။ မိနစ် ၉၀ အထိအဲဒီအတိုင်းဖြစ်နေလို့ ပင်နယ်တီအဆုံးအဖြတ်တန်းယူရာမှာ ရီးရဲလ်က ၄ လုံးမှာ ၃ လုံးဝင်ခဲ့ပြီး အာဆင်နယ်က ၅ လုံးမှာ ၃ လုံးလွဲခဲ့လို့ ပင်နယ်တီမှာတော့ ရီးရဲလ်အနိုင်ရသွားခဲ့တာပါ။