စီေရာ္နယ္ဒိုရဲ႕ လူသိပ္မသိတဲ့ လွ်ဳိ႕၀ွက္ခ်က္မ်ား

Photo Credit-daily star

ေဘာလုံးကစားသမားေတြထဲမွာ စီေရာ္နယ္ဒိုဟာ လူႀကိဳက္မ်ားတဲ့ကစားသမားတစ္ေယာက္ျဖစ္ပါတယ္။ သူနဲ႔ပတ္သက္တဲ့အခ်ဳိ႕အေၾကာင္းအရာေတြကိုေတာ့ လူအမ်ားစုသိၾကပါတယ္။ အဲဒါေတြကေတာ့ ေလ့က်င့္ခန္းေတြကို ျပင္းျပင္းထန္ထန္လုပ္တတ္တာ၊ ေသြးလွဴတတ္တာ၊ ေဆးလိပ္မေသာက္တာ၊ တက္တူးမထိုးတာေတြအျပင္မိန္းမ ကိစၥရႈပ္တတ္တာစတာေတြျဖစ္ပါတယ္။

Photo Credit-euro sport

ဒါေပမယ့္ စီေရာ္နယ္ဒိုဟာ ပိုကာကစားတဲ့ေနရာမွာ ကၽြမ္းက်င္တယ္ဆုိတာကေတာ့ အမ်ားစုမသိၾကပါဘူး။ သူဟာေဆးလိပ္၊အရက္နဲ႔ကင္းေပမယ့္ မိန္းမနဲ႔ဖဲကိစၥမွာေတာ့ ၀ါသနာပါတတ္သူျဖစ္ပါတယ္။ သူဟာအိမ္မွာ သူငယ္ခ်င္းေတြနဲ႔ ဖဲကစားတတ္ေလ့ရိွၿပီး ကစားရင္လည္း အခ်ိန္ေတာ္ေတာ္ၾကာၾကာ ကစားတတ္ပါတယ္။ ပိုကာကို စီေရာ္နယ္ဒိုတစ္ေယာက္တည္း ၀ါသနာပါတာေတာ့ မဟုတ္ပါဘူး။ အျခားေဘာလုံးသမားေတြျဖစ္တဲ့ ေနမာ၊ ဂ်ရတ္၊ တိုနီကတ္စ္ကဲရီႏို တို႔လည္း ၀ါသနာပါၾကပါတယ္။

Photo Credit-GQ

စီေရာ္နယ္ဒိုဟာ အပန္းေျဖခ်ိန္ ဒါမွမဟုတ္ဒဏ္ရာရလုိ႔ ကုစားေနခ်ိန္ေတြမွာ ပိုကာကစားတတ္ပါတယ္။ သူဟာပိုကာအဆင့္မွာ high-intermediate အေနအထားကိုေရာက္ရိွထားသူျဖစ္ပါတယ္။ ဒါေၾကာင့္ သူဟာ PokerStars ရဲ႕အဖြဲ႕၀င္ျဖစ္ခြင့္ရခဲ့ပါတယ္။ အဲဒီလို PokerStars ရဲ႕အဖြဲ႕၀င္ျဖစ္ဖုိ႔ဆုိတာဟာ နာမည္ေက်ာ္ၾကား လူသိမ်ားတဲ့ ပုဂိၢဳလ္တစ္ေယာက္ျဖစ္ေနရုံနဲ႔မရပါဘူး။ ပိုကာကိုကၽြမ္းကၽြမ္းက်င္က်င္ေဆာ့တတ္တဲ့ အဆင့္ရိွမွ သာအဖြဲ႕၀င္အျဖစ္ ၀င္ခြင့္ရမွာျဖစ္ပါတယ္။

Photo Credit-Internet

စီေရာ္နယ္ဒိုဟာ ပိုကာကၽြမ္းက်င္စြာေဆာ့တတ္တဲ့ မင္းသား ေအရြန္ေပါလ္ကိုလည္း အႏိုင္ကစားခဲ့ဖူးပါတယ္။ ေနာက္ထပ္ခ်ီးက်ဴးရမယ့္အခ်က္တစ္ခ်က္ကေတာ့ ဒိုေလးဟာ အႏိုင္ရတဲ့ ပိုက္ဆံေတြကို ျပန္ၿပီး လွဴတယ္ဆိုတဲ့ အခ်က္ပဲျဖစ္ပါတယ္။ သူဟာ ၀ါသနာအရ ဖဲကစားေပမယ့္ ပိုက္ဆံအတြက္မဟုတ္ပါဘူး။

Photo Credit-Internet

သူနဲ႔ပတ္သက္တ့ဲေနာက္ထပ္ လူသိနည္းတဲ့ အခ်က္ေတြကေတာ့ သူ႔ရဲ႕နာမည္စီေရာ္နယ္ဒိုျဖစ္လာရတာဟာ အေဖျဖစ္သူက အေမရိကန္သမၼတ ေရာ္နယ္ေရဂင္ကို သေဘာက်ၿပီး ေပၚတူဂီအျမင္နဲ႔ ေရာ္နယ္ဒိုဆိုၿပီး မွည့္ေခၚခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ CR7 ဆိုၿပီး လူသိမမ်ားခဲ့ပါက သူ႔ကို CR28 ဆိုၿပီးေခၚရမွာျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ စီေရာ္နယ္ဒိုဟာအစပိုင္းမွာ ေက်ာနံပါတ္ 7 ကိုမ၀တ္ခ်င္ခဲ့ပါဘူး။ မန္ယူရဲ႕ ဂုဏ္သတင္းႀကီးတဲ့ ေက်ာနံပါတ္ 7 ကိုသူ႔အေနနဲ႔ ၀တ္ဆင္ဖုိ႔ မ၀င့္မရဲျဖစ္ခဲ့ၿပီး၊ နည္းျပ ဖာဂူဆန္ရဲ႕ အားေပးမႈေၾကာင့္တာ ၀တ္ဆင္ျဖစ္ခဲ့တာျဖစ္ပါတယ္။

Photo Credit-Internet

လူတိုင္းမွာ တျခားသူေတြကို မသိေစခ်င္တဲ့ လွ်ဳိ႕၀ွက္ခ်က္ေတြ ရိွတတ္ၾကပါတယ္။ အဲလုိကိစၥနဲ႔ပတ္သက္ၿပီး သာမန္လူတစ္ေယာက္အေနနဲ႔ ထိန္းထိန္းသိမ္းသိမ္း ထားလို႔ရေပမယ့္ ေအာင္ျမင္ေက်ာ္ၾကားလူသိမ်ားတဲ့ သူေတြအတြက္ကေတာ့ သိပ္မလြယ္ကူပါဘူး။ တစ္ခါတေလလွ်ဳိ႕၀ွက္ခ်က္ေတြ ထိန္းသိမ္းဖို႔အတြက္ မ်ားျပားလွတဲ့ ေငြပမာဏာေတြကို သုံးၿပီး ဖုံးဖိရတတ္ပါတယ္။

Photo Credit-deadspin

(Unicode Version)

စီရော်နယ်ဒိုရဲ့ လူသိပ်မသိတဲ့ လျှို့ဝှက်ချက်များ

ဘောလုံးကစားသမားတွေထဲမှာ စီရော်နယ်ဒိုဟာ လူကြိုက်များတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ သူနဲ့ပတ်သက်တဲ့အချို့အကြောင်းအရာတွေကိုတော့ လူအများစုသိကြပါတယ်။ အဲဒါတွေကတော့ လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန်လုပ်တတ်တာ၊ သွေးလှူတတ်တာ၊ ဆေးလိပ်မသောက်တာ၊ တက်တူးမထိုးတာတွေအပြင်မိန်းမကိစ္စရှုပ်တတ်တာစတာတွေဖြစ်ပါတယ်။

ဒါပေမယ့် စီရော်နယ်ဒိုဟာ ပိုကာကစားတဲ့နေရာမှာ ကျွမ်းကျင်တယ်ဆိုတာကတော့ အများစုမသိကြပါဘူး။ သူဟာဆေးလိပ်၊အရက်နဲ့ကင်းပေမယ့် မိန်းမနဲ့ဖဲကိစ္စမှာတော့ ၀ါသနာပါတတ်သူဖြစ်ပါတယ်။ သူဟာအိမ်မှာ သူငယ်ချင်းတွေနဲ့ ဖဲကစားတတ်လေ့ရှိပြီး ကစားရင်လည်း အချိန်တော်တော်ကြာကြာ ကစားတတ်ပါတယ်။ ပိုကာကို စီရော်နယ်ဒိုတစ်ယောက်တည်း ၀ါသနာပါတာတော့ မဟုတ်ပါဘူး။ အခြားဘောလုံးသမားတွေဖြစ်တဲ့ နေမာ၊ ဂျရတ်၊ တိုနီကတ်စ်ကဲရီနို တို့လည်း ၀ါသနာပါကြပါတယ်။

စီရော်နယ်ဒိုဟာ အပန်းဖြေချိန် ဒါမှမဟုတ်ဒဏ်ရာရလို့ ကုစားနေချိန်တွေမှာ ပိုကာကစားတတ်ပါတယ်။ သူဟာပိုကာအဆင့်မှာ high-intermediate အနေအထားကိုရောက်ရှိထားသူဖြစ်ပါတယ်။ ဒါကြောင့် သူဟာ PokerStars ရဲ့အဖွဲ့ဝင်ဖြစ်ခွင့်ရခဲ့ပါတယ်။ အဲဒီလို PokerStars ရဲ့အဖွဲ့ဝင်ဖြစ်ဖို့ဆိုတာဟာ နာမည်ကျော်ကြား လူသိများတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေရုံနဲ့မရပါဘူး။ ပိုကာကိုကျွမ်းကျွမ်းကျင်ကျင်ဆော့တတ်တဲ့ အဆင့်ရှိမှ သာအဖွဲ့ဝင်အဖြစ် ၀င်ခွင့်ရမှာဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ ပိုကာကျွမ်းကျင်စွာဆော့တတ်တဲ့ မင်းသား အေရွန်ပေါလ်ကိုလည်း အနိုင်ကစားခဲ့ဖူးပါတယ်။ နောက်ထပ်ချီးကျူးရမယ့်အချက်တစ်ချက်ကတော့ ဒိုလေးဟာ အနိုင်ရတဲ့ ပိုက်ဆံတွေကို ပြန်ပြီး လှူတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ သူဟာ ၀ါသနာအရ ဖဲကစားပေမယ့် ပိုက်ဆံအတွက်မဟုတ်ပါဘူး။

သူနဲ့ပတ်သက်တဲ့နောက်ထပ် လူသိနည်းတဲ့ အချက်တွေကတော့ သူ့ရဲ့နာမည်စီရော်နယ်ဒိုဖြစ်လာရတာဟာ အဖေဖြစ်သူက အမေရိကန်သမ္မတ ရော်နယ်ရေဂင်ကို သဘောကျပြီး ပေါ်တူဂီအမြင်နဲ့ ရော်နယ်ဒိုဆိုပြီး မှည့်ခေါ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် CR7 ဆိုပြီး လူသိမများခဲ့ပါက သူ့ကို CR28 ဆိုပြီးခေါ်ရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် စီရော်နယ်ဒိုဟာအစပိုင်းမှာ ကျောနံပါတ် 7 ကိုမဝတ်ချင်ခဲ့ပါဘူး။ မန်ယူရဲ့ ဂုဏ်သတင်းကြီးတဲ့ ကျောနံပါတ် 7 ကိုသူ့အနေနဲ့ ၀တ်ဆင်ဖို့ မဝင့်မရဲဖြစ်ခဲ့ပြီး၊ နည်းပြ ဖာဂူဆန်ရဲ့ အားပေးမှုကြောင့်တာ ၀တ်ဆင်ဖြစ်ခဲ့တာဖြစ်ပါတယ်။

လူတိုင်းမှာ တခြားသူတွေကို မသိစေချင်တဲ့ လျှို့ဝှက်ချက်တွေ ရှိတတ်ကြပါတယ်။ အဲလိုကိစ္စနဲ့ပတ်သက်ပြီး သာမန်လူတစ်ယောက်အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ထားလို့ရပေမယ့် အောင်မြင်ကျော်ကြားလူသိများတဲ့ သူတွေအတွက်ကတော့ သိပ်မလွယ်ကူပါဘူး။ တစ်ခါတလေလျှို့ဝှက်ချက်တွေ ထိန်းသိမ်းဖို့အတွက် များပြားလှတဲ့ ငွေပမာဏာတွေကို သုံးပြီး ဖုံးဖိရတတ်ပါတယ်။