ဘာေၾကာင့္ မန္ယူကို မသြားသလဲဆိုတာ ဖြင့္ဟလိုက္တဲ့ ဒီလစ္

ၿပီးခဲ့တဲ့အပတ္က ဂ်ဴဗင္တပ္ကို ေျပာင္းသြားတဲ့ ေနာက္ခံလူဒီလစ္ကို ဒီေႏြရာသီအေျပာင္းအေရႊ႕အတြင္း ႀကိဳးပမ္းခဲ့တဲ့အသင္းေတြထဲမွာ မန္ယူလည္း အပါအ၀င္ျဖစ္ခဲ့ပါတယ္။ မန္ယူဟာ ဒီလစ္ကို နည္းျပေဟာင္းဗန္ေဂါလ္လက္ထက္ကတည္းက ေခၚယူဖို႔အခြင့္အေရးရခဲ့ေပမယ့္ အဲဒါကို လက္လႊတ္ခံခဲ့ၿပီး ကစားသမားေက်ာ္ၾကားလာတဲ့ အခုေႏြရာသီအေျပာင္းအေရႊ႕ေရာက္မွသာ ႀကိဳးပမ္းခဲ့တာပါ။ ဒါေပမဲ့ ဒီလစ္ဖခင္ျဖစ္သူရဲ႕ကိုယ္အေလးခ်ိန္ျပသနာေၾကာင့္ အရင္က မေခၚခဲ့တာဆုိတဲ့ သတင္းတစ္ပုဒ္က ဒီလစ္ရဲ႕ေရြးခ်ယ္မႈေပၚမွာ သက္ေရာက္မႈရွိခဲ့ပါတယ္။ ဗန္ေဂါလ္ခန္႔အပ္ခဲ့တဲ့ကင္းေထာက္တစ္ေယာက္က ေနာင္က်ရင္ ဒီလစ္ဟာ သူ႔ဖခင္လုိပဲ ၀လာႏိုင္တယ္လို႔ ခန္႔မွန္းသုံးသပ္ခဲ့တာေၾကာင့္ အဲဒီအခ်ိန္က မေခၚျဖစ္ခဲ့တာပါ။

photo-gettyimages

အခုေႏြရာသီအေျပာင္းအေရႊ႕အေစာပိုင္းမွာ ထြက္ေပၚခဲ့တဲ့သူ႔ရဲ႕အေျပာင္းအေရႊ႕သတင္းေတြနဲ႔ပတ္သက္လုိ႔ နယ္သာလန္သတင္းစာတစ္ေစာင္ကေမးျမန္းေတာ့ ဒီလစ္က”အဲဒီအခ်ိန္က ေန႔စဥ္ေန႔တိုင္း သတင္းသစ္တစ္ခုခုကို ၾကားေနရတာပါ။ ရုတ္တရတ္ဆိုသလုိပဲ ကၽြန္ေတာ့အေဖက အရမ္း၀လြန္းလို႔ အသင္းႀကီးတစ္သင္းက မလိုခ်င္ခဲ့တာဆိုတာ သတင္းဖတ္လိုက္ရပါတယ္။ အဲဒါက ကၽြန္ေတာ့္ကို စိန္ေခၚသလုိပါပဲ”လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

photo-gettyimages

ဒါ့အျပင္ ဒီလစ္က လစာအမ်ားဆုံးမေပးလို႔ ပီအက္စ္ဂ်ီကို သူျငင္းလုိက္တယ္ဆုိတဲ့သတင္းေတြကိုလည္း ပယ္ခ်လိုက္ပါတယ္။ အသင္းသစ္ေရြးရာမွာ ေငြေၾကးကို ထည့္စဥ္းစားျခင္းမရွိေၾကာင္းလည္း ဒီလစ္က အခုိင္အမာေျပာသြားခဲ့တာပါ။

[Unicode]

ပြီးခဲ့တဲ့အပတ်က ဂျူဗင်တပ်ကို ပြောင်းသွားတဲ့ နောက်ခံလူဒီလစ်ကို ဒီနွေရာသီအပြောင်းအရွှေ့အတွင်း ကြိုးပမ်းခဲ့တဲ့အသင်းတွေထဲမှာ မန်ယူလည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။ မန်ယူဟာ ဒီလစ်ကို နည်းပြဟောင်းဗန်ဂေါလ်လက်ထက်ကတည်းက ခေါ်ယူဖို့အခွင့်အရေးရခဲ့ပေမယ့် အဲဒါကို လက်လွှတ်ခံခဲ့ပြီး ကစားသမားကျော်ကြားလာတဲ့ အခုနွေရာသီအပြောင်းအရွှေ့ရောက်မှသာ ကြိုးပမ်းခဲ့တာပါ။ ဒါပေမဲ့ ဒီလစ်ဖခင်ဖြစ်သူရဲ့ကိုယ်အလေးချိန်ပြသနာကြောင့် အရင်က မခေါ်ခဲ့တာဆိုတဲ့ သတင်းတစ်ပုဒ်က ဒီလစ်ရဲ့ရွေးချယ်မှုပေါ်မှာ သက်ရောက်မှုရှိခဲ့ပါတယ်။ ဗန်ဂေါလ်ခန့်အပ်ခဲ့တဲ့ကင်းထောက်တစ်ယောက်က နောင်ကျရင် ဒီလစ်ဟာ သူ့ဖခင်လိုပဲ ဝလာနိုင်တယ်လို့ ခန့်မှန်းသုံးသပ်ခဲ့တာကြောင့် အဲဒီအချိန်က မခေါ်ဖြစ်ခဲ့တာပါ။

အခုနွေရာသီအပြောင်းအရွှေ့အစောပိုင်းမှာ ထွက်ပေါ်ခဲ့တဲ့သူ့ရဲ့အပြောင်းအရွှေ့သတင်းတွေနဲ့ပတ်သက်လို့ နယ်သာလန်သတင်းစာတစ်စောင်ကမေးမြန်းတော့ ဒီလစ်က”အဲဒီအချိန်က နေ့စဉ်နေ့တိုင်း သတင်းသစ်တစ်ခုခုကို ကြားနေရတာပါ။ ရုတ်တရတ်ဆိုသလိုပဲ ကျွန်တော့အဖေက အရမ်းဝလွန်းလို့ အသင်းကြီးတစ်သင်းက မလိုချင်ခဲ့တာဆိုတာ သတင်းဖတ်လိုက်ရပါတယ်။ အဲဒါက ကျွန်တော့်ကို စိန်ခေါ်သလိုပါပဲ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် ဒီလစ်က လစာအများဆုံးမပေးလို့ ပီအက်စ်ဂျီကို သူငြင်းလိုက်တယ်ဆိုတဲ့သတင်းတွေကိုလည်း ပယ်ချလိုက်ပါတယ်။ အသင်းသစ်ရွေးရာမှာ ငွေကြေးကို ထည့်စဉ်းစားခြင်းမရှိကြောင်းလည်း ဒီလစ်က အခိုင်အမာပြောသွားခဲ့တာပါ။