သူနဲ႔အတူကစားဖို႔ စီေရာ္နယ္ဒိုဖိတ္ေခၚခဲ့တဲ့ ကစားသမား ၄ ေယာက္

စီေရာ္နယ္ဒုိဟာ ကမာၻ႔အေကာင္းဆုံးကစားသမားေတြထဲက တစ္ေယာက္ဆိုတာ အားလုံးသိၾကၿပီးသားပါ။ ၃၄ ႏွစ္ရွိၿပီျဖစ္ေပမယ့္လည္း အခုခ်ိန္ထိ ေျခစြမး္မက်ေသးပါဘူး။ ဒါေၾကာင့္လည္း စီေရာ္နယ္ဒုိကို ဘ၀တူကစားသမားေတြက ေလးစားအားက်ၾကပါတယ္။ သူ႔လို ကစားသမားတစ္ေယာက္က အတူကစားဖုိ႔ ဖိတ္ေခၚလာမယ္ဆုိရင္ သူတို႔အတြက္ကေတာ့ ဂုဏ္ယူစရာတစ္ခုပါ။ သတင္းေတြအရေတာ့ စီေရာ္နယ္ဒိုက သူ႔နဲ႔အတူကစားဖို႔ ဖိတ္ေခၚခဲ့တဲ့ ကစားသမားေတြရွိခဲ့ပါတယ္။ ဘယ္သူေတြလဲဆိုတာ တစ္ဦးခ်င္းစီၾကည့္ရေအင္…

photo-gettyimages

၁။ မာဆယ္လို

ရီးရဲလ္မွာကစားစဥ္ကတည္းက မာဆယ္လုိဟာ စီေရာ္နယ္ဒိုရဲ႕အေကာင္းဆုံးသူငယ္ခ်င္းျဖစ္ခဲ့ပါတယ္။ အီတလီကို စီေရာ္နယ္ဒိုေျပာင္းသြားေတာ့ မာဆယ္လိုဟာ ဂ်ဴဗင္တပ္နဲ႔ သတင္းေတြထြက္လာခဲ့ေသးတယ္။ အင္တာဗ်ဴးတစ္ခုမွာလည္း စီေရာ္နယ္ဒိုက ကစားသမားေကာင္းေတြအတြက္ တံခါးဖြင့္ထားေၾကာင္းနဲ႔ အဲဒီထဲမွာ မာဆယ္လိုလည္းပါေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

photo-gettyimages

၂။ လီ၀န္ေဒါစကီး

နာမည္ႀကီးစပိန္ေဘာလုံးဂ်ာနယ္လစ္တစ္ေယာက္ျဖစ္တဲ့ ဂူလီယမ္ဘယ္လာဂူးဟာ ၿပီးခဲ့တဲ့မတ္လမွာ ဘိုင္ယန္တိုက္စစ္မႈးလီ၀န္ေဒါစကီးနဲ႔စကားေျပာျဖစ္ခဲ့ပါတယ္။ အဲဒီမွာ ရာမို႔စ္နဲ႔စီေရာ္နယ္ဒိုတို႔က ရီးရဲလ္ကိုလာဖို႔ သူ႔ကို အရင္က ဖိတ္ေခၚခဲ့တာ ဟုတ္မွန္ျခင္းရွိ၊မရွိေမးျမန္းေတာ့ လီ၀န္ေဒါစကီးက ဟုတ္ပါတယ္လို႔ ျပန္ေျဖခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီပိုလန္သားက အဲဒီအခ်ိန္တုန္းက သူဟာ တျခားအသင္းကိုေျပာင္းဖို႔ စဥ္းစားခဲ့ျခင္းမရွိေၾကာင္း အခိုင္အမာေျပာခဲ့ပါတယ္။

photo-gettyimages

၃။ ဂ်ိမ္းစ္ရိုဒရိုဂြက္ဇ္

စီေရာ္နယ္ဒိုဟာ ရီးရဲလ္ကြင္းလယ္လူဂ်ိမ္းစ္ရိုဒရီဂြက္ဇ္ကို ဂ်ဴဗင္တပ္မွာ လာကစားေစလုိခဲ့ေၾကာင္း ဘိုင္ယန္ဂႏၳ၀င္လိုသာမားသီးယက္စ္ ဖြင့္ဟဖူးပါတယ္။ ဘိုုင္ယန္ရဲ႕ဘြန္ဒက္စ္လီဂါခ်န္ပီယံဆုအတြက္ ေအာင္ပြဲခံအခမ္းအနားမွာ မားသီးယက္စ္ဟာ အဲဒီကုိလံဘီယာသားနဲ႔ စကားေျပာခဲ့ၿပီးေနာက္ အဲဒီလိုဖြင့္ဟခဲ့တာလည္း ျဖစ္ပါတယ္။ ဘိုင္ယန္မွာ ၂ ရာသီအငွားကစားခဲ့တဲ့ ဂ်ိမ္းစ္ဟာ စီေရာ္နယ္ဒိုနဲ႔ရင္းႏွီးသလို ပုံမွန္အဆက္အသြယ္ရွိၿပီး အဲဒီေပၚတူဂီသားက သူ႔ကိုလွမ္းေခၚတဲ့အေၾကာင္း ဂ်ိမ္းစ္က မားသီယက္စ္ကို ေျပာခဲ့တာပါ။ အခုေတာ့ ဂ်ိမ္းစ္ရဲ႕ဂ်ဴဗင္တပ္အေျပာင္းအေရႊ႕က ျဖစ္ႏို္င္ဖြယ္မရွိေတာ့ဘဲ ကစားသမားဟာ အက္သလက္တီကိုနဲ႔ နာပိုလီတို႔ကို ေရာက္ဖို႔နီးစပ္ေနပါတယ္။

photo-gettyimages

၄။ ဒီလစ္

ေနးရွင္းလိဂ္ဗုိလ္လုပြဲအၿပီးမွာ ဂ်ဴဗင္တပ္ကိုလာဖို႔ စီေရာ္နယ္ဒိုက ဒီလစ္ကိုဖိတ္ေခၚခဲ့တာကိုေတာ့ အားလုံးသိထားၾကၿပီးသားပါ။ အဲဒီတုနး္က စီေရာ္နယ္ဒိုရဲ႕ဖိတ္ေခၚမႈေၾကာင့္ သူအံ့အားသင့္ခဲ့ရေၾကာင္းလည္း ဒီလစ္က ဖြင့္ဟခဲ့ပါတယ္။

[Unicode]

စီရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဆိုတာ အားလုံးသိကြပြီးသားပါ။ ၃၄ နှစ်ရှိပြီဖြစ်ပေမယ့်လည်း အခုချိန်ထိ ခြေစွမ်းမကျသေးပါဘူး။ ဒါကြောင့်လည်း စီရော်နယ်ဒိုကို ဘဝတူကစားသမားတွေက လေးစားအားကျကြပါတယ်။ သူ့လို ကစားသမားတစ်ယောက်က အတူကစားဖို့ ဖိတ်ခေါ်လာမယ်ဆိုရင် သူတို့အတွက်ကတော့ ဂုဏ်ယူစရာတစ်ခုပါ။ သတင်းတွေအရတော့ စီရော်နယ်ဒိုက သူ့နဲ့အတူကစားဖို့ ဖိတ်ခေါ်ခဲ့တဲ့ ကစားသမားတွေရှိခဲ့ပါတယ်။ ဘယ်သူတွေလဲဆိုတာ တစ်ဦးချင်းစီကြည့်ရအေင်…

၁။ မာဆယ်လို

ရီးရဲလ်မှာကစားစဉ်ကတည်းက မာဆယ်လိုဟာ စီရော်နယ်ဒိုရဲ့အကောင်းဆုံးသူငယ်ချင်းဖြစ်ခဲ့ပါတယ်။ အီတလီကို စီရော်နယ်ဒိုပြောင်းသွားတော့ မာဆယ်လိုဟာ ဂျူဗင်တပ်နဲ့ သတင်းတွေထွက်လာခဲ့သေးတယ်။ အင်တာဗျူးတစ်ခုမှာလည်း စီရော်နယ်ဒိုက ကစားသမားကောင်းတွေအတွက် တံခါးဖွင့်ထားကြောင်းနဲ့ အဲဒီထဲမှာ မာဆယ်လိုလည်းပါကြောင်း ဖွင့်ဟခဲ့ပါတယ်။

၂။ လီဝန်ဒေါစကီး

နာမည်ကြီးစပိန်ဘောလုံးဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ ဂူလီယမ်ဘယ်လာဂူးဟာ ပြီးခဲ့တဲ့မတ်လမှာ ဘိုင်ယန်တိုက်စစ်မှုးလီဝန်ဒေါစကီးနဲ့စကားပြောဖြစ်ခဲ့ပါတယ်။ အဲဒီမှာ ရာမို့စ်နဲ့စီရော်နယ်ဒိုတို့က ရီးရဲလ်ကိုလာဖို့ သူ့ကို အရင်က ဖိတ်ခေါ်ခဲ့တာ ဟုတ်မှန်ခြင်းရှိ၊မရှိမေးမြန်းတော့ လီဝန်ဒေါစကီးက ဟုတ်ပါတယ်လို့ ပြန်ဖြေခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီပိုလန်သားက အဲဒီအချိန်တုန်းက သူဟာ တခြားအသင်းကိုပြောင်းဖို့ စဉ်းစားခဲ့ခြင်းမရှိကြောင်း အခိုင်အမာပြောခဲ့ပါတယ်။

၃။ ဂျိမ်းစ်ရိုဒရိုဂွက်ဇ်

စီရော်နယ်ဒိုဟာ ရီးရဲလ်ကွင်းလယ်လူဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ဂျူဗင်တပ်မှာ လာကစားစေလိုခဲ့ကြောင်း ဘိုင်ယန်ဂန္ထဝင်လိုသာမားသီးယက်စ် ဖွင့်ဟဖူးပါတယ်။ ဘိုင်ယန်ရဲ့ဘွန်ဒက်စ်လီဂါချန်ပီယံဆုအတွက် အောင်ပွဲခံအခမ်းအနားမှာ မားသီးယက်စ်ဟာ အဲဒီကိုလံဘီယာသားနဲ့ စကားပြောခဲ့ပြီးနောက် အဲဒီလိုဖွင့်ဟခဲ့တာလည်း ဖြစ်ပါတယ်။ ဘိုင်ယန်မှာ ၂ ရာသီအငှားကစားခဲ့တဲ့ ဂျိမ်းစ်ဟာ စီရော်နယ်ဒိုနဲ့ရင်းနှီးသလို ပုံမှန်အဆက်အသွယ်ရှိပြီး အဲဒီပေါ်တူဂီသားက သူ့ကိုလှမ်းခေါ်တဲ့အကြောင်း ဂျိမ်းစ်က မားသီယက်စ်ကို ပြောခဲ့တာပါ။ အခုတော့ ဂျိမ်းစ်ရဲ့ဂျူဗင်တပ်အပြောင်းအရွှေ့က ဖြစ်နိုင်ဖွယ်မရှိတော့ဘဲ ကစားသမားဟာ အက်သလက်တီကိုနဲ့ နာပိုလီတို့ကို ရောက်ဖို့နီးစပ်နေပါတယ်။

၄။ ဒီလစ်

နေးရှင်းလိဂ်ဗိုလ်လုပွဲအပြီးမှာ ဂျူဗင်တပ်ကိုလာဖို့ စီရော်နယ်ဒိုက ဒီလစ်ကိုဖိတ်ခေါ်ခဲ့တာကိုတော့ အားလုံးသိထားကြပြီးသားပါ။ အဲဒီတုန်းက စီရော်နယ်ဒိုရဲ့ဖိတ်ခေါ်မှုကြောင့် သူအံ့အားသင့်ခဲ့ရကြောင်းလည်း ဒီလစ်က ဖွင့်ဟခဲ့ပါတယ်။