စီေရာ္နယ္ဒို၊ ေပ့ါဂ္ဘာနဲ႔ ဟယ္ရီကိန္းတို႔ကို အားေပးခြင့္ရမယ့္ စင္ကာပူက ICC

ရာသီႀကိဳကာလကို ICC ပြဲေတြက လႊမ္းမိုးထားၿပီး ကမာၻအႏွ႔ံႏိုင္ငံေပါင္း ၆ ႏိုင္ငံက ကြင္းေပါင္း ၁၆ ကြင္းမွာ ကစားၾကမွာပါ။ ICC လို႔ လူသိမ်ားတဲ့ ဒီ International Champions Cup ပြဲေတြဟာ ၂၀၁၃ ခုႏွစ္ကတည္းက စတင္က်ငး္ပလာခ့ဲတာျဖစ္ၿပီး အေစာပိုင္းတုန္းက အေမရိကန္မွာသာ က်င္းပခဲ့ေပမယ့္ ေနာက္ပိုင္းႏွစ္ေတြမွာေတာ့ ႏိုင္ငံအႏွ႔ံက်င္းပၿပီး Global ပိုဆန္လာပါတယ္။ ဒီႏွစ္မွာလည္း အေရွ႕ေတာင္အာရွႏိုင္ငံတစ္ခုျဖစ္တဲ့ စင္ကာပူမွာ ၂ ပြဲက်င္းပသြားဖို႔ ရွိပါတယ္။ အဲဒီထဲက တစ္ပြဲကေတာ့ ဒီကေန႔ညေနမွာ ကစားမွာပါ။ ေလာေလာဆယ္ အေမရိကန္မွာေတာ့ ၂ ပြဲကစားၿပီးပါၿပီ။

photo-Strait Times

စင္ကာပူက ICC

တကယ္ေတာ့ စင္ကာပူမွာ ICC ပြဲေတြက်င္းပတာ ဒါနဲ႔ဆုိရင္ ၃ ႏွစ္ဆက္ရွိပါၿပီ။ ေနာက္ႏွစ္လည္း စင္ကာပူမွာ ICC ပြဲရွိဦးမွာျဖစ္ေပမယ့္ အဲဒါၿပီးရင္ေတာ့ ၿပိဳင္ပြဲစီစဥ္သူေတြနဲ႔ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာပါ။ အရင္ႏွစ္ေတြက ICC ပဲြေတြမွာေတာ့ နာမည္ႀကီးကစားသမားအခ်ိဳ႕ စင္ကာပူကို ေရာက္လာျခင္း မရွိပါဘူး။ ၿပီးခဲ့တဲ့ႏွစ္ကဆိုရင္ ပီအက္စ္ဂ်ီအသင္း စင္ကာပူကိုလာကစားေပမယ့္ ေနမာနဲ႔ အမ္ဘက္ပီတို႔လိုၾကယ္ပြင့္ေတြ ပါလာျခင္းမရွိတာပါ။ ဒီႏွစ္မွာလည္း ICC ၂ ပြဲအတြက္ စင္ကာပူကို ၄ သင္းလာကစားမွာျဖစ္ၿပီး အဲဒီအသင္းေတြကေတာ့ မန္ယူ၊စပါး၊ဂ်ဴဗင္တပ္နဲ႔အင္တာမီလန္တို႔ပါ၊ အဲဒီထဲမွာ မန္ယူက လူစုံနီးပါးနဲ႔လာကစားတာျဖစ္လို႔ ေပါ့ဂ္ဘာနဲ႔ ဒီဂီယာတို႔လိုကစားသမားေတြပါ၀င္လာၿပီး စပါးမွာလည္း ဟယ္ရီကိန္းတို႔လို ကစားသမားေတြ လုိက္ပါလာပါတယ္။ ဂ်ဴဗင္တပ္မွာလည္း စီေရာ္နယ္ဒိုအပါအ၀င္ လူစုံနီးပါးေရြးခ်ယ္ေခၚယူလာတာေတြ႕ရပါတယ္။

photo- Htin Aung Tun Facebook

ထြန္းထြန္း(Examplez)နဲ႔ ေန၀င္း(Snare)တို႔ သြားအားေပးၾကမယ္

ေလာေလာဆယ္ေတာ့ ဒီကေန႔ညေန စင္ကာပူမွာကစားမယ့္ မန္ယူနဲ႔အင္တာတုိ႔ရဲ႕ ICC ပြဲကေတာ့ ေဒသတြင္းပရိသတ္ေတြအတြက္ စိတ္၀င္စားစရာအေကာင္းဆုံးပြဲျဖစ္ေနတယ္။ မန္ယူဆိုတာ အာရွမွာ ပရိသတ္အားေပးမႈအမ်ားဆုံးျဖစ္လုိ႔ အခုလိုစိတ္၀င္စားၾကတာ မဆန္းပါဘူး။ ဒါေၾကာင့္လည္း ျမန္မာျပည္က အႏုပညာရွင္ေတြျဖစ္ၾကတဲ့ ထြန္းထြန္း(Examplez)နဲ႔ ေန၀င္း(Snare) တို႔ဟာ မန္ယူပြဲကိုသြားအားေပးၾကမွာပါ။ ထြန္းထြန္းကေတာ့ မန္ယူပရိသတ္တစ္ေယာက္ျဖစ္တာေၾကာင့္ ႀကဳံေတာင့္ႀကဳံခဲအေနနဲ႔  သြားအားေပးတာျဖစ္ၿပီး ေန၀င္းကေတာ့ Manchester Unitedရဲ႕ Global Spirits Partner ျဖစ္တဲ့ Chivas Regal ရဲ႕ဖိတ္ေခၚမႈေၾကာင့္ သြားအားေပးမယ့္အျပင္ ကစားသမားေတြနဲ႔ပါ ညစာအတူစားရမွာလို႔ သူ႔ရဲ႕ Facebook FanPage မွာ တင္ထားပါတယ္။

[Unicode]

ရာသီကြိုကာလကို ICC ပွဲတွေက လွှမ်းမိုးထားပြီး ကမ္ဘာအနှံ့နိုင်ငံပေါင်း ၆ နိုင်ငံက ကွင်းပေါင်း ၁၆ ကွင်းမှာ ကစားကြမှာပါ။ ICC လို့ လူသိများတဲ့ ဒီ International Champions Cup ပွဲတွေဟာ ၂၀၁၃ ခုနှစ်ကတည်းက စတင်ကျင်းပလာခဲ့တာဖြစ်ပြီး အစောပိုင်းတုန်းက အမေရိကန်မှာသာ ကျင်းပခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ နိုင်ငံအနှံ့ကျင်းပပြီး Global ပိုဆန်လာပါတယ်။ ဒီနှစ်မှာလည်း အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်တဲ့ စင်ကာပူမှာ ၂ ပွဲကျင်းပသွားဖို့ ရှိပါတယ်။ အဲဒီထဲက တစ်ပွဲကတော့ ဒီကနေ့ညနေမှာ ကစားမှာပါ။ လောလောဆယ် အမေရိကန်မှာတော့ ၂ ပွဲကစားပြီးပါပြီ။

စင်ကာပူက ICC

တကယ်တော့ စင်ကာပူမှာ ICC ပွဲတွေကျင်းပတာ ဒါနဲ့ဆိုရင် ၃ နှစ်ဆက်ရှိပါပြီ။ နောက်နှစ်လည်း စင်ကာပူမှာ ICC ပွဲရှိဦးမှာဖြစ်ပေမယ့် အဲဒါပြီးရင်တော့ ပြိုင်ပွဲစီစဉ်သူတွေနဲ့ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာပါ။ အရင်နှစ်တွေက ICC ပွဲတွေမှာတော့ နာမည်ကြီးကစားသမားအချို့ စင်ကာပူကို ရောက်လာခြင်း မရှိပါဘူး။ ပြီးခဲ့တဲ့နှစ်ကဆိုရင် ပီအက်စ်ဂျီအသင်း စင်ကာပူကိုလာကစားပေမယ့် နေမာနဲ့ အမ်ဘက်ပီတို့လိုကြယ်ပွင့်တွေ ပါလာခြင်းမရှိတာပါ။ ဒီနှစ်မှာလည်း ICC ၂ ပွဲအတွက် စင်ကာပူကို ၄ သင်းလာကစားမှာဖြစ်ပြီး အဲဒီအသင်းတွေကတော့ မန်ယူ၊စပါး၊ဂျူဗင်တပ်နဲ့အင်တာမီလန်တို့ပါ၊ အဲဒီထဲမှာ မန်ယူက လူစုံနီးပါးနဲ့လာကစားတာဖြစ်လို့ ပေါ့ဂ်ဘာနဲ့ ဒီဂီယာတို့လိုကစားသမားတွေပါဝင်လာပြီး စပါးမှာလည်း ဟယ်ရီကိန်းတို့လို ကစားသမားတွေ လိုက်ပါလာပေမယ့် ဂျူဗင်တပ်မှာတော့ အားလုံးတွေ့ချင်ကြတဲ့ စီရော်နယ်ဒိုပါဝင်ခြင်းမရှိပါဘူး။

ထွန်းထွန်း(Examplez)နဲ့ နေဝင်း(Snare)တို့ သွားအားပေးကြမယ်

လောလောဆယ်တော့ ဒီကနေ့ညနေ စင်ကာပူမှာကစားမယ့် မန်ယူနဲ့အင်တာတို့ရဲ့ ICC ပွဲကတော့ ဒေသတွင်းပရိသတ်တွေအတွက် စိတ်ဝင်စားစရာအကောင်းဆုံးပွဲဖြစ်နေတယ်။ မန်ယူဆိုတာ အာရှမှာ ပရိသတ်အားပေးမှုအများဆုံးဖြစ်လို့ အခုလိုစိတ်ဝင်စားကြတာ မဆန်းပါဘူး။ ဒါကြောင့်လည်း မြန်မာပြည်က အနုပညာရှင်တွေဖြစ်ကြတဲ့ ထွန်းထွန်း(Examplez)နဲ့ နေဝင်း(Snare) တို့ဟာ မန်ယူပွဲကိုသွားအားပေးကြမှာပါ။ ထွန်းထွန်းကတော့ မန်ယူပရိသတ်တစ်ယောက်ဖြစ်တာကြောင့် ကြုံတောင့်ကြုံခဲအနေနဲ့ သွားအားပေးတာဖြစ်ပြီး နေဝင်းကတော့ Manchester Unitedရဲ့ Global Spirits Partner ဖြစ်တဲ့ Chivas Regal ရဲ့ဖိတ်ခေါ်မှုကြောင့် သွားအားပေးမယ့်အပြင် ကစားသမားတွေနဲ့ပါ ညစာအတူစားရမှာလို့ သူ့ရဲ့ Facebook FanPage မှာ တင်ထားပါတယ်။