ခ်ဲလ္ဆီးနဲ႔ရာသီအဖြင့္ပြဲစဥ္မွာ မာဆန္ဂရင္း၀ုဒ္ ပြဲထြက္ႏိုင္တယ္လို႔ ဆိုးလ္ရွားေျပာ

Photo Credit: Getty Images

မန္ယူအသင္းနည္းျပ ဆိုးလ္ရွားက လူငယ္တိုက္စစ္မွဴ း မာဆန္ဂရင္း၀ုဒ္ဟာ ပရီးမီးယားလိဂ္ရာသီအဖြင့္ ခ်ဲလ္ဆီးနဲ႔ပြဲမွာ ပြဲထြက္ကစားသမားအျဖစ္ပါ၀င္လာႏိုင္တယ္လို႔ ေျပာလိုက္ပါတယ္။ မန္ယူက လိဒ္ယူႏိုက္တက္ကို ၄-၀ နဲ႔အႏိုင္ရခဲ့တဲ႔ ပြဲမွာ ဂရင္း၀ုဒ္ဟာ စီနီယာအသင္းအတြက္ သူ႔ရဲ႕ပထမဆုံးဂိုးကိုသြင္းယူႏိုင္ခဲ့တာပါ။

အသက္ ၁၇ ႏွစ္သာရွိေသးတဲ႔ ဂရင္း၀ုဒ္ဟာ ပြဲခ်ိန္ ၇ မိနစ္မွာဘစ္ဆာကာရဲ႕ျဖတ္တင္ေဘာကေနတဆင့္ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ သူဟာဒီပြဲမွာေျခစြမ္းျပႏိုင္ခဲ့လို႔ ပရိသတ္ေတြရဲ႕အာရုံစိုက္မႈကိုလည္းခံခဲ့ရပါတယ္။ မန္ယူဟာ လူကာကူ ကိုအင္တာမီလန္အသင္းဆီေရာင္းလိုက္ရင္ အစားထိုးဖို႔ကစားသမားရွာရမွာျဖစ္ေပမယ္႔ လက္ရွိအေျခအေနအရ ဂရင္း၀ုဒ္ဘဲ ပြဲထြက္လာႏိုင္တယ္လို႔ ဆိုးလ္ရွားကဆိုပါတယ္။

သူက”ခ်ဲလ္ဆီးနဲ႔ပြဲမွာသူအခြင့္အေရး ရမွာေသခ်ာပါတယ္။ သူဟာေဘာက္စ္ထဲမွာ ေနရာယူတာေကာင္းၿပီးဖန္တီးမႈေတြလည္းျပဳလုပ္ႏိုင္တဲ႔သူျဖစ္လို႔ စြမ္းေဆာင္ႏိုင္တာထက္ကိုပိုတဲ႔သူလည္းျဖစ္ပါတယ္။ သူသာေျခစြမ္းထိန္းထားႏိုင္မယ္ဆိုရင္ေတာ႔ မျဖစ္ႏိုင္ဘူးဆိုတာမရွိပါဘူး။ ေျခစြမ္းဆက္တိုက္ျပေနတဲ႔သူကို ဖယ္ထုတ္ထားဖို႔ဆိုတာအရမး္ကိုခက္ပါတယ္။

သူဟာ လႈပ္ရွားႏိုင္စြမ္းရွိၿပီး ပါးနပ္တဲ႔သူလည္းျဖစ္ပါတယ္။ သူ႔လိုအသက္အရြယ္နဲ႔ ဒီလိုကစားႏိုင္တာဟာ အံအားသင့္စရာလည္းေကာင္းပါတယ္။ သူဟာတိုက္စစ္မွာ ၃ ေနရာစလုံးကစားႏိုင္သလို ဘယ္ေျခေရာ ညာေျခပါသန္တဲ႔သူျဖစ္ပါတယ္” လို႔ေျပာသြားပါတယ္။

လက္ရွိမွာ လူကာကူဟာအင္တာမီလန္ကိုေရာက္ဖို႔ရွိေနလို႔ မန္ယူရဲ႕ပထမဆုံးေျခစမ္းပြဲေတြမွာ ပါ၀င္ႏိုင္စြမ္းမရွိေပမယ္႔ အေျပာင္းအေရႊ႕သတင္းနဲ႔ပတ္သက္လို႔ေတာ႔ ဆိုးလ္ရွားကဘာမွမေျပာသြားဘဲ ဒဏ္ရာအနည္းငယ္သာရွိေနတယ္လို႔ ဆိုခဲ့ပါတယ္။

Unicode

ချဲလ်ဆီးနဲ့ရာသီအဖွင့်ပွဲစဉ်မှာ မာဆန်ဂရင်းဝုဒ် ပွဲထွက်နိုင်တယ်လို့ ဆိုးလ်ရှားပြော
မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက လူငယ်တိုက်စစ်မှူ း မာဆန်ဂရင်းဝုဒ်ဟာ ပရီးမီးယားလိဂ်ရာသီအဖွင့် ချဲလ်ဆီးနဲ့ပွဲမှာ ပွဲထွက်ကစားသမားအဖြစ်ပါဝင်လာနိုင်တယ်လို့ ပြောလိုက်ပါတယ်။ မန်ယူက လိဒ်ယူနိုက်တက်ကို ၄-၀ နဲ့အနိုင်ရခဲ့တဲ့ ပွဲမှာ ဂရင်းဝုဒ်ဟာ စီနီယာအသင်းအတွက် သူ့ရဲ့ပထမဆုံးဂိုးကိုသွင်းယူနိုင်ခဲ့တာပါ။

အသက် ၁၇ နှစ်သာရှိသေးတဲ့ ဂရင်းဝုဒ်ဟာ ပွဲချိန် ၇ မိနစ်မှာဘစ်ဆာကာရဲ့ဖြတ်တင်ဘောကနေတဆင့် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ သူဟာဒီပွဲမှာခြေစွမ်းပြနိုင်ခဲ့လို့ ပရိသတ်တွေရဲ့အာရုံစိုက်မှုကိုလည်းခံခဲ့ရပါတယ်။ မန်ယူဟာ လူကာကူ ကိုအင်တာမီလန်အသင်းဆီရောင်းလိုက်ရင် အစားထိုးဖို့ကစားသမားရှာရမှာဖြစ်ပေမယ့် လက်ရှိအခြေအနေအရ ဂရင်းဝုဒ်ဘဲ ပွဲထွက်လာနိုင်တယ်လို့ ဆိုးလ်ရှားကဆိုပါတယ်။

သူက”ချဲလ်ဆီးနဲ့ပွဲမှာသူအခွင့်အရေး ရမှာသေချာပါတယ်။ သူဟာဘောက်စ်ထဲမှာ နေရာယူတာကောင်းပြီးဖန်တီးမှုတွေလည်းပြုလုပ်နိုင်တဲ့သူဖြစ်လို့ စွမ်းဆောင်နိုင်တာထက်ကိုပိုတဲ့သူလည်းဖြစ်ပါတယ်။ သူသာခြေစွမ်းထိန်းထားနိုင်မယ်ဆိုရင်တော့ မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။ ခြေစွမ်းဆက်တိုက်ပြနေတဲ့သူကို ဖယ်ထုတ်ထားဖို့ဆိုတာအရမ်းကိုခက်ပါတယ်။

သူဟာ လှုပ်ရှားနိုင်စွမ်းရှိပြီး ပါးနပ်တဲ့သူလည်းဖြစ်ပါတယ်။ သူ့လိုအသက်အရွယ်နဲ့ ဒီလိုကစားနိုင်တာဟာ အံအားသင့်စရာလည်းကောင်းပါတယ်။ သူဟာတိုက်စစ်မှာ ၃ နေရာစလုံးကစားနိုင်သလို ဘယ်ခြေရော ညာခြေပါသန်တဲ့သူဖြစ်ပါတယ်” လို့ပြောသွားပါတယ်။

လက်ရှိမှာ လူကာကူဟာအင်တာမီလန်ကိုရောက်ဖို့ရှိနေလို့ မန်ယူရဲ့ပထမဆုံးခြေစမ်းပွဲတွေမှာ ပါဝင်နိုင်စွမ်းမရှိပေမယ့် အပြောင်းအရွှေ့သတင်းနဲ့ပတ်သက်လို့တော့ ဆိုးလ်ရှားကဘာမှမပြောသွားဘဲ ဒဏ်ရာအနည်းငယ်သာရှိနေတယ်လို့ ဆိုခဲ့ပါတယ်။