ICC မွာ လူငယ္ကစားသမားေလးရဲ႕ေနာက္က်ဂိုးနဲ႔ ဘုိင္ယန္ကို အာဆင္နယ္အႏိုင္ရခဲ့

ဒီမနက္ကစားသြားတဲ့ အေမရိကန္က International Champions Cup ပြဲစဥ္မွာ အာဆင္နယ္ဟာ လူစား၀င္လူငယ္ကစားသမားေလးရဲ႕ေနာက္က်အႏိုင္ဂိုးနဲ႔ ဘိုင္ယန္ျမဴးနစ္ကို အႏိုင္ရသြားခဲ့ပါတယ္။ ေမဂ်ာလိဂ္ကလပ္ေကာ္လိုရာဒိုရက္ပစ္ကို ၃ ဂိုးျပတ္နဲ႔အႏိုင္ရခဲ့တဲ့ပြဲတုန္းက လူငယ္အမ်ားစုကိုသာ အသုံးျပဳသြားခဲ့တဲ့ အာဆင္နယ္ဟာ ဘိုင္ယန္ျမဴးနစ္နဲ႔ ဒီ ICC ပြဲစဥ္မွာေတာ့ ေတာင့္တင္းတဲ့ပြဲထြက္စာရင္းကို အသုံးျပဳသြားခဲ့တာပါ။ ေရွ႕တန္းမွာ အူဘာမီယန္နဲ႔ လာကာဇက္တီတို႔ပြဲထြက္လာၾကၿပီး ကြင္းလယ္တိုက္စစ္မွာလည္း အိုေဇးလ္နဲ႔ ခီတာယန္တို႔ပါ၀င္လာၾကကာ ေနာက္တန္းလည္း လူစုံခဲ့ပါတယ္။ အာဆင္နယ္နဲ႔ယွဥ္ရင္ ဘိုင္ယန္ကေတာ့ အဲဒီေလာက္ လူမစုံဘဲ လီ၀န္ေဒါစကီး၊ကိုမန္နဲ႔ကင္မစ္ခ်္တို႔ဟာ ဒုတိယပိုငး္ေရာက္မွာ ၀င္ကစားၾကတာပါ။

photo-flashscore

ပထမပိုင္းမွာ ဘုိင္ယန္ထက္စာရင္ အာဆင္နယ္က ပိုၿပီးလႈပ္လႈပ္ရွားရွားရွိခဲ့ပါတယ္။ ပြဲအစ ၆ မိနစ္မွာတင္ အိုေဇးလ္ရဲ႕ႀကိဳးပမ္းမႈက ဂိုးေရွ႕က ျဖတ္ထြက္သြားတယ္။ ဘိုင္ယန္က တန္ျပန္တိုက္စစ္ေတြမွာ ပိုေကာင္းၿပီး အာဆင္နယ္က ဂိုးရႏိုင္ေျခပိုရွိခဲ့ပါတယ္။ ဒါေပမဲ့ မိနစ္ ၃၀ ေလာက္မွာ ဘိုင္ယန္ဟာ စတင္ဦးေဆာင္ႏိုင္မလုိရွိခဲ့ေပမယ့္ ဘယ္ျခမ္းက အလာဘာရဲ႕အနိမ့္ေဘာျဖတ္ပို႔ေပးမႈကို မူလာအနီးကပ္ပိတ္သြင္းရာမွာ အာဆင္နယ္ဂိုးသမားလီႏို ကာကြယ္လုိက္ႏိုင္ခဲ့ပါတယ္။ ၃၈ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန အူဘာမီယန္ေပးလုိက္တဲ့ေဘာလံုးကို အိုေဇးလ္ကန္သြင္းရာမွာ ဘိုင္ယန္ဂိုးသမားႏူအာရဲ႕ကာကြယ္မႈေၾကာင့္ ဂိုးမျဖစ္လုိက္ပါဘူး။

photo-Arsenal

ဒုတိယပိုင္းမွာေတာ့ ပြဲစၿပီး ၄ မိနစ္အၾကာမွာတင္ အာဆင္နယ္စတင္ဦးေဆာင္ႏိုင္ခဲ့ၿပီး အူဘာမီယန္ရဲ႕ညာျခမ္းက ျဖတ္တင္ေဘာကို ဘိုင္ယန္ကစားသမားေပါ့ဇ္နန္စကီကိုယ့္ဂိုးကိုယ္သြင္းခဲ့မိတာပါ။ အဲဒီဂိုးေၾကာင့္ ပြဲက ပိုလႈပ္သြားၿပီး ႏွစ္သင္းစလုံးအျပန္အလွန္အခြင့္အလမ္းေတြရလာခဲ့ၾကပါတယ္။ ၇၁ မိနစ္ေရာက္မွ ဘိုင္ယန္ျပန္လည္ေခ်ပႏိုင္ခဲ့တာျဖစ္ၿပီး ဂနာဘရီရဲ႕ျဖတ္တင္ေဘာကေန ဒုတိယပိုင္းလူစား၀င္လာတဲ့ အဓိကတိုက္စစ္မႈးလီ၀န္ေဒါစကီးက ေခါင္းတုိက္သြင္းခဲ့တာပါ။ အဲဒီေနာက္ပိုင္း ဘိုင္ယန္ဟာ ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြ ဆက္တိုက္လုပ္ႏိုင္ခဲ့ေပမယ့္ အာဆင္နယ္ကသာ အႏိုင္ဂိုးရသြားခဲ့ၿပီး ၈၈ မိနစ္မွာ လူစား၀င္လူငယ္ကစားသမားေလးအန္ကီတီအာက ပိတ္သြင္းယူသြားခဲ့တာပါ။

[Unicode]

ဒီမနက်ကစားသွားတဲ့ အမေရိကန်က International Champions Cup ပွဲစဉ်မှာ အာဆင်နယ်ဟာ လူစားဝင်လူငယ်ကစားသမားလေးရဲ့နောက်ကျအနိုင်ဂိုးနဲ့ ဘိုင်ယန်မြူးနစ်ကို အနိုင်ရသွားခဲ့ပါတယ်။ မေဂျာလိဂ်ကလပ်ကော်လိုရာဒိုရက်ပစ်ကို ၃ ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ပွဲတုန်းက လူငယ်အများစုကိုသာ အသုံးပြုသွားခဲ့တဲ့ အာဆင်နယ်ဟာ ဘိုင်ယန်မြူးနစ်နဲ့ ဒီ ICC ပွဲစဉ်မှာတော့ တောင့်တင်းတဲ့ပွဲထွက်စာရင်းကို အသုံးပြုသွားခဲ့တာပါ။ ရှေ့တန်းမှာ အူဘာမီယန်နဲ့ လာကာဇက်တီတို့ပွဲထွက်လာကြပြီး ကွင်းလယ်တိုက်စစ်မှာလည်း အိုဇေးလ်နဲ့ ခီတာယန်တို့ပါဝင်လာကြကာ နောက်တန်းလည်း လူစုံခဲ့ပါတယ်။ အာဆင်နယ်နဲ့ယှဉ်ရင် ဘိုင်ယန်ကတော့ အဲဒီလောက် လူမစုံဘဲ လီဝန်ဒေါစကီး၊ကိုမန်နဲ့ကင်မစ်ချ်တို့ဟာ ဒုတိယပိုင်းရောက်မှာ ဝင်ကစားကြတာပါ။

ပထမပိုင်းမှာ ဘိုင်ယန်ထက်စာရင် အာဆင်နယ်က ပိုပြီးလှုပ်လှုပ်ရှားရှားရှိခဲ့ပါတယ်။ ပွဲအစ ၆ မိနစ်မှာတင် အိုဇေးလ်ရဲ့ကြိုးပမ်းမှုက ဂိုးရှေ့က ဖြတ်ထွက်သွားတယ်။ ဘိုင်ယန်က တန်ပြန်တိုက်စစ်တွေမှာ ပိုကောင်းပြီး အာဆင်နယ်က ဂိုးရနိုင်ခြေပိုရှိခဲ့ပါတယ်။ ဒါပေမဲ့ မိနစ် ၃၀ လောက်မှာ ဘိုင်ယန်ဟာ စတင်ဦးဆောင်နိုင်မလိုရှိခဲ့ပေမယ့် ဘယ်ခြမ်းက အလာဘာရဲ့အနိမ့်ဘောဖြတ်ပို့ပေးမှုကို မူလာအနီးကပ်ပိတ်သွင်းရာမှာ အာဆင်နယ်ဂိုးသမားလီနို ကာကွယ်လိုက်နိုင်ခဲ့ပါတယ်။ ၃၈ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ အူဘာမီယန်ပေးလိုက်တဲ့ဘောလုံးကို အိုဇေးလ်ကန်သွင်းရာမှာ ဘိုင်ယန်ဂိုးသမားနူအာရဲ့ကာကွယ်မှုကြောင့် ဂိုးမဖြစ်လိုက်ပါဘူး။

ဒုတိယပိုင်းမှာတော့ ပွဲစပြီး ၄ မိနစ်အကြာမှာတင် အာဆင်နယ်စတင်ဦးဆောင်နိုင်ခဲ့ပြီး အူဘာမီယန်ရဲ့ညာခြမ်းက ဖြတ်တင်ဘောကို ဘိုင်ယန်ကစားသမားပေါ့ဇ်နန်စကီကိုယ့်ဂိုးကိုယ်သွင်းခဲ့မိတာပါ။ အဲဒီဂိုးကြောင့် ပွဲက ပိုလှုပ်သွားပြီး နှစ်သင်းစလုံးအပြန်အလှန်အခွင့်အလမ်းတွေရလာခဲ့ကြပါတယ်။ ၇၁ မိနစ်ရောက်မှ ဘိုင်ယန်ပြန်လည်ချေပနိုင်ခဲ့တာဖြစ်ပြီး ဂနာဘရီရဲ့ဖြတ်တင်ဘောကနေ ဒုတိယပိုင်းလူစားဝင်လာတဲ့ အဓိကတိုက်စစ်မှုးလီဝန်ဒေါစကီးက ခေါင်းတိုက်သွင်းခဲ့တာပါ။ အဲဒီနောက်ပိုင်း ဘိုင်ယန်ဟာ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ဆက်တိုက်လုပ်နိုင်ခဲ့ပေမယ့် အာဆင်နယ်ကသာ အနိုင်ဂိုးရသွားခဲ့ပြီး ၈၈ မိနစ်မှာ လူစားဝင်လူငယ်ကစားသမားလေးအန်ကီတီအာက ပိတ်သွင်းယူသွားခဲ့တာပါ။