အိမ္ကြင္း၀တ္စုံသစ္အေပၚ ဟက္ဒါဖီးလ္ပရိသတ္ေတြ ျပင္းထန္စြာေ၀ဖန္

Photo Credit

Photo Credit

ဟက္ဒါဖီးလ္အသင္းဟာ ရာသီသစ္မွာ ၀တ္ဆင္မယ့္အိမ္ကြင္း၀တ္စုံသစ္ကို မိတ္ဆက္ျပသလုိက္ၿပီျဖစ္ရာ ပရိသတ္ေတြလည္း အေတာ္ေလးေဒါသထြက္ေနၿပီး သမုိင္းတစ္ေလွ်ာက္ အဆိုးရြားဆုံးအက်ႌအျဖစ္ ျပင္းထန္စြာေ၀ဖန္ခဲ့ပါတယ္။ အဲဒီအိမ္ကြင္း၀တ္စုံသစ္မွာ ဟက္ဒါဖီးလ္ရဲ႕သမုိင္းအစဥ္အလာမပ်က္ အျပာနဲ႔အျဖဴ ေဒါင္လုိက္အစင္းၾကားအတုိင္းျဖစ္ေပမယ့္ စပြန္ဆာသစ္ျဖစ္တဲ့ ပက္ဒီပါ၀ါနာမည္ကို ခါးကေန ပခုံးဆီ ေဘးတစ္ေစာင္းတက္သြားတဲ့ပုံစံေရးထုိးထားတာျဖစ္ၿပီး စပြန္ဆာနာမည္က အေတာ္ေလးထင္ရွားေပၚလြင္ေနပါတယ္။

Photo Credit

ယေန႔ညကစားရမယ့္ ေရာ့ခ်္ေဒးလ္နဲ႔အေ၀းကြင္းေျခစမ္းပြဲမွာ ပထမဆုံးအႀကိမ္၀တ္ဆင္ကစားမယ့္ အဲဒီအိမ္ကြင္း၀တ္စုံသစ္ကို စေနေန႔မွာ htafcmegastore.com နဲ႔ အသင္းရဲ႕စတိုးဆုိင္ေတြမွာ စတင္ေရာင္းခ်မွာျဖစ္ပါတယ္။ ဟက္ဒါဖီးလ္ဟာ အိမ္ကြင္း၀တ္စုံသစ္မိတ္ဆက္ပြဲကို ေဒသစံေတာ္ခ်ိန္ ယေန႔နံနက္ ၉နာရီမွာ သူတုိ႔ရဲ႕တြစ္တာစာမ်က္ႏွာကေန ျပသခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္ကစတင္ကာ ပရိသတ္ေတရဲ႕ႀကီးမားျပင္းထန္တဲ့ေ၀ဖန္ျပစ္တင္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။

Photo Credit

”ဒီ၀တ္စုံက ျမင္ဖူးသမွ်ထဲမွာ အဆုိးဆုံးပဲ။ မ်က္လုံးေတြျပန္ေဆးရေတာ့မယ္”လုိ႔ ပရိသတ္တစ္ဦးက လူမႈမီဒီယာမွာ ေရးသားခဲ့ပါတယ္။ ”ဟက္ဒါဖီးလ္ရဲ႕နံပါတ္ ၁ပရိသတ္တစ္ဦးအေနနဲ႔ေတာင္ ဒီအက်ႌက အေတာ္ေလးဆုိးရြားပါတယ္”လုိ႔ တစ္ေယာက္က ေရးသားခဲ့ပါတယ္။ ေနာက္တစ္ေယာက္ကေတာ့ အဲဒီအက်ႌကို ေလွာင္ေျပာင္သေရာ္သြားခဲ့ၿပီး ”ကၽြန္ေတာ္ျမင္ဖူးသမွ်အက်ႌေတြထဲမွာ အဆုိးရြားဆုံးအက်ႌပါပဲ”လုိ႔ ေရးသားခဲ့ပါတယ္။

Photo Credit

ပရိသတ္တစ္ဦးကေတာ့ အဲဒီအက်ႌကို မ၀ယ္ဘူးလုိ႔ ၿခိမ္းေျခာက္တဲ့အေနနဲ႔ ”ဒီအက်ႌသာ ေရာင္းမယ္ဆုိရင္ ကၽြန္ေတာ္လည္း ပိုက္ဆံကုန္သက္သာတာေပါ့”လုိ႔ ေရးသားခဲ့ပါတယ္။ ဟက္ဒါဖီးလ္ဟာ ယခုတစ္ပတ္အေစာပိုင္းက ရင္ဘတ္စပြန္ဆာသစ္အျဖစ္ ေလာင္းကစားကုမၸဏီ ပက္ဒီပါ၀ါနဲ႔ စာခ်ဳပ္ခ်ဳပ္ဆုိလုိက္ၿပီျဖစ္ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ခဲ့ၿပီး ဟက္ဒါဖီးလ္အသင္းရဲ႕စီးပြားေရးဆုိင္ရာဒါ႐ိုက္တာ ေရွာင္ဂ်ာဗစ္က အျငင္းပြားဖြယ္ဒီဇုိင္းက ဆန္းသစ္တီထြင္သူေတြအျဖစ္ မိမိတုိ႔အသင္းရဲ႕ဂုဏ္သတင္းကို ပိုမိုေက်ာ္ေစာေစမွာျဖစ္ေၾကာင္း ဆုိပါတယ္။

Photo Credit

Unicode

အိမ်ကွင်းဝတ်စုံသစ်အပေါ် ဟက်ဒါဖီးလ်ပရိသတ်တွေ ပြင်းထန်စွာဝေဖန်

ဟက်ဒါဖီးလ်အသင်းဟာ ရာသီသစ်မှာ ဝတ်ဆင်မယ့်အိမ်ကွင်းဝတ်စုံသစ်ကို မိတ်ဆက်ပြသလိုက်ပြီဖြစ်ရာ ပရိသတ်တွေလည်း အတော်လေးဒေါသထွက်နေပြီး သမိုင်းတစ်လျှောက် အဆိုးရွားဆုံးအင်္ကျီအဖြစ် ပြင်းထန်စွာဝေဖန်ခဲ့ပါတယ်။ အဲဒီအိမ်ကွင်းဝတ်စုံသစ်မှာ ဟက်ဒါဖီးလ်ရဲ့သမိုင်းအစဉ်အလာမပျက် အပြာနဲ့အဖြူ ဒေါင်လိုက်အစင်းကြားအတိုင်းဖြစ်ပေမယ့် စပွန်ဆာသစ်ဖြစ်တဲ့ ပက်ဒီပါဝါနာမည်ကို ခါးကနေ ပခုံးဆီ ဘေးတစ်စောင်းတက်သွားတဲ့ပုံစံရေးထိုးထားတာဖြစ်ပြီး စပွန်ဆာနာမည်က အတော်လေးထင်ရှားပေါ်လွင်နေပါတယ်။
ယနေ့ညကစားရမယ့် ရော့ချ်ဒေးလ်နဲ့အဝေးကွင်းခြေစမ်းပွဲမှာ ပထမဆုံးအကြိမ်ဝတ်ဆင်ကစားမယ့် အဲဒီအိမ်ကွင်းဝတ်စုံသစ်ကို စနေနေ့မှာ htafcmegastore.com နဲ့ အသင်းရဲ့စတိုးဆိုင်တွေမှာ စတင်ရောင်းချမှာဖြစ်ပါတယ်။ ဟက်ဒါဖီးလ်ဟာ အိမ်ကွင်းဝတ်စုံသစ်မိတ်ဆက်ပွဲကို ဒေသစံတော်ချိန် ယနေ့နံနက် ၉နာရီမှာ သူတို့ရဲ့တွစ်တာစာမျက်နှာကနေ ပြသခဲ့တာဖြစ်ပြီး အဲဒီအချိန်ကစတင်ကာ ပရိသတ်တေရဲ့ကြီးမားပြင်းထန်တဲ့ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
”ဒီဝတ်စုံက မြင်ဖူးသမျှထဲမှာ အဆိုးဆုံးပဲ။ မျက်လုံးတွေပြန်ဆေးရတော့မယ်”လို့ ပရိသတ်တစ်ဦးက လူမှုမီဒီယာမှာ ရေးသားခဲ့ပါတယ်။ ”ဟက်ဒါဖီးလ်ရဲ့နံပါတ် ၁ပရိသတ်တစ်ဦးအနေနဲ့တောင် ဒီအင်္ကျီက အတော်လေးဆိုးရွားပါတယ်”လို့ တစ်ယောက်က ရေးသားခဲ့ပါတယ်။ နောက်တစ်ယောက်ကတော့ အဲဒီအင်္ကျီကို လှောင်ပြောင်သရော်သွားခဲ့ပြီး ”ကျွန်တော်မြင်ဖူးသမျှအင်္ကျီတွေထဲမှာ အဆိုးရွားဆုံးအင်္ကျီပါပဲ”လို့ ရေးသားခဲ့ပါတယ်။
ပရိသတ်တစ်ဦးကတော့ အဲဒီအင်္ကျီကို မဝယ်ဘူးလို့ ခြိမ်းခြောက်တဲ့အနေနဲ့ ”ဒီအင်္ကျီသာ ရောင်းမယ်ဆိုရင် ကျွန်တော်လည်း ပိုက်ဆံကုန်သက်သာတာပေါ့”လို့ ရေးသားခဲ့ပါတယ်။ ဟက်ဒါဖီးလ်ဟာ ယခုတစ်ပတ်အစောပိုင်းက ရင်ဘတ်စပွန်ဆာသစ်အဖြစ် လောင်းကစားကုမ္ပဏီ ပက်ဒီပါဝါနဲ့ စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဟက်ဒါဖီးလ်အသင်းရဲ့စီးပွားရေးဆိုင်ရာဒါရိုက်တာ ရှောင်ဂျာဗစ်က အငြင်းပွားဖွယ်ဒီဇိုင်းက ဆန်းသစ်တီထွင်သူတွေအဖြစ် မိမိတို့အသင်းရဲ့ဂုဏ်သတင်းကို ပိုမိုကျော်စောစေမှာဖြစ်ကြောင်း ဆိုပါတယ်။