မက္ဂြဲယားေရာက္လာရင္ မန္ယူကေနဘယ္သူထြက္ရမွာလဲ

မန္ယူအသင္းဟာ လက္စတာေနာက္ခံလူ မက္ဂြဲယားေရာက္လာရင္လက္ရွိအသင္းမွာရွိေနတဲ႔ ဗဟိုေနာက္ခံလူေတြထဲက တစ္ဦးနဲ႔လမ္းခြဲရမွာျဖစ္လို႔ ဘယ္သူထြက္ရမလဲဆိုတာ စိတ္၀င္စားစရာေကာင္းေနတယ္လို႔ သိရပါတယ္။

မန္ယူဟာ လက္ရွိရာသီႀကိဳေျခစမ္းခရီးမွာ ဗဟိုေနာက္ခံလူ ၆ ဦးလိုက္ပါသြားၿပီး သူတို႔ကေတာ႔ ဘိုင္လီ၊ စေမာလင္း၊ ဖီးလ္ဂ်ဳံးစ္၊ လင္ဒီေလာ႔ဖ္၊ ရိုဂ်ဳိနဲ႔ တူအန္ဇီဘီတို႔ျဖစ္ၾကပါတယ္။ မန္ယူဟာ မက္ဂြဲယားကိုေပါင္သန္း ၈၀ နဲ႔ေခၚယူဖို႔နီးစပ္ေနလို႔ လက္ရွိခံစစ္မွဴ းထဲကတစ္ဦးကေသခ်ာေပါက္ထြက္ရမွာျဖစ္ၿပီး ဒါကိုလည္း နည္းျပဆိုးလ္ရွားကအတည္ျပဳထားၿပီးျဖစ္ပါတယ္။

ဒီလိုမ်ဳိးလက္ရွိ ၆ ဦးထဲကတစ္ဦးထြက္ရမွာျဖစ္ေပမယ္႔ လင္ဒီေလာ႔ဖ္ကေတာ႔ မန္ယူမွာ သူေပ်ာ္ေနတယ္လို႔ေျပာထားတဲ႔အျပင္ ၿပီးခဲ့တဲ႔ရာသီကေျခစြမ္းေၾကာင့္ အသင္းနဲ႔လမ္းခြဲရမယ္႔ထဲမွာသူမပါႏိုင္ဘူးလို႔လည္း ခန္႔မွန္းထားၾကပါတယ္။ ဒီ ၆ ဦးစလုံးဟာၿပီးခဲ့တဲ႔ ရာသီမွာေျခစြမ္းမျပႏိုင္ခဲ့ေပမယ္႔ လင္ဒီေလာ႔ဖ္ကေတာ႔ ပုံမွန္နီးပါးျဖစ္ခဲ့လို႔ မန္ယူရဲ႕အေကာင္းဆုံးေနာက္ခံလူျဖစ္ခဲ့တာပါ။

ဆိုးလ္ရွားက”ကစားသမားစာရင္းက အကန္႔အသတ္နဲ႔ရွိမွာပါ။  စြမ္းေဆာင္ရည္ေကာင္းတဲ႔သူကေတာ႔ ဆက္ရွိေနမွာျဖစ္ၿပီး မေကာင္းတဲ႔သူကေတာ႔ ထြက္ရမွာေပါ့။ ေလာေလာဆယ္မွာေတာ႔ ဘာမွေျပာလို႔မရေသးပါဘူး” လို႔ေျပာသြားပါတယ္။ ဆိုးလ္ရွားဟာ မႏွစ္ကဗီလာမွာအငွားသြားကစားၿပီး ေျခစြမ္းျပႏိုင္ခဲ့တဲ႔ ေနာက္ခံလူ တူအန္ဇီဘီကိုေတာ႔အႀကိဳက္ေတြ႔ေနပုံရၿပီး သူ႔ေျခစြမ္းကိုထပ္ၾကည့္ဖို႔ စိတ္လႈပ္ရွားေနတယ္လို႔ ေျပာသြားပါတယ္။

မန္ယူဟာ မက္ဂြဲယားကိုေပါင္သန္း ၈၀ နဲ႔ေခၚယူႏိုင္ေတာ႔မယ္လို႔ ဆိုေနေပမယ္႔ အခုခ်ိန္အထိမျဖစ္ေသးတာဟာ လက္စတာဘက္က ေပါင္သန္း ၉၀ အထိေတာင္းဆိုထားတာေၾကာင့္ ျဖစ္တယ္ဆိုၿပီး သတင္းေတြထြက္ေနပါေသးတယ္။ ထြက္ခြာရႏိုင္တဲ႔သူေတြထဲမွာ ရိုဂ်ဳိ၊ ဘိုင္လီနဲ႔ စေမာလင္းတို႔ကေရပန္းအစားဆုံးျဖစ္ေနတယ္လို႔ လည္းသိရပါတယ္။

Unicode

မက်ဂွဲယားရောက်လာရင် မန်ယူကနေဘယ်သူထွက်ရမှာလဲ
မန်ယူအသင်းဟာ လက်စတာနောက်ခံလူ မက်ဂွဲယားရောက်လာရင်လက်ရှိအသင်းမှာရှိနေတဲ့ ဗဟိုနောက်ခံလူတွေထဲက တစ်ဦးနဲ့လမ်းခွဲရမှာဖြစ်လို့ ဘယ်သူထွက်ရမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေတယ်လို့ သိရပါတယ်။

မန်ယူဟာ လက်ရှိရာသီကြိုခြေစမ်းခရီးမှာ ဗဟိုနောက်ခံလူ ၆ ဦးလိုက်ပါသွားပြီး သူတို့ကတော့ ဘိုင်လီ၊ စမောလင်း၊ ဖီးလ်ဂျုံးစ်၊ လင်ဒီလော့ဖ်၊ ရိုဂျိုနဲ့ တူအန်ဇီဘီတို့ဖြစ်ကြပါတယ်။ မန်ယူဟာ မက်ဂွဲယားကိုပေါင်သန်း ၈၀ နဲ့ခေါ်ယူဖို့နီးစပ်နေလို့ လက်ရှိခံစစ်မှူ းထဲကတစ်ဦးကသေချာပေါက်ထွက်ရမှာဖြစ်ပြီး ဒါကိုလည်း နည်းပြဆိုးလ်ရှားကအတည်ပြုထားပြီးဖြစ်ပါတယ်။

ဒီလိုမျိုးလက်ရှိ ၆ ဦးထဲကတစ်ဦးထွက်ရမှာဖြစ်ပေမယ့် လင်ဒီလော့ဖ်ကတော့ မန်ယူမှာ သူပျော်နေတယ်လို့ပြောထားတဲ့အပြင် ပြီးခဲ့တဲ့ရာသီကခြေစွမ်းကြောင့် အသင်းနဲ့လမ်းခွဲရမယ့်ထဲမှာသူမပါနိုင်ဘူးလို့လည်း ခန့်မှန်းထားကြပါတယ်။ ဒီ ၆ ဦးစလုံးဟာပြီးခဲ့တဲ့ ရာသီမှာခြေစွမ်းမပြနိုင်ခဲ့ပေမယ့် လင်ဒီလော့ဖ်ကတော့ ပုံမှန်နီးပါးဖြစ်ခဲ့လို့ မန်ယူရဲ့အကောင်းဆုံးနောက်ခံလူဖြစ်ခဲ့တာပါ။

ဆိုးလ်ရှားက”ကစားသမားစာရင်းက အကန့်အသတ်နဲ့ရှိမှာပါ။  စွမ်းဆောင်ရည်ကောင်းတဲ့သူကတော့ ဆက်ရှိနေမှာဖြစ်ပြီး မကောင်းတဲ့သူကတော့ ထွက်ရမှာပေါ့။ လောလောဆယ်မှာတော့ ဘာမှပြောလို့မရသေးပါဘူး” လို့ပြောသွားပါတယ်။ ဆိုးလ်ရှားဟာ မနှစ်ကဗီလာမှာအငှားသွားကစားပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့ နောက်ခံလူ တူအန်ဇီဘီကိုတော့အကြိုက်တွေ့နေပုံရပြီး သူ့ခြေစွမ်းကိုထပ်ကြည့်ဖို့ စိတ်လှုပ်ရှားနေတယ်လို့ ပြောသွားပါတယ်။

မန်ယူဟာ မက်ဂွဲယားကိုပေါင်သန်း ၈၀ နဲ့ခေါ်ယူနိုင်တော့မယ်လို့ ဆိုနေပေမယ့် အခုချိန်အထိမဖြစ်သေးတာဟာ လက်စတာဘက်က ပေါင်သန်း ၉၀ အထိတောင်းဆိုထားတာကြောင့် ဖြစ်တယ်ဆိုပြီး သတင်းတွေထွက်နေပါသေးတယ်။ ထွက်ခွာရနိုင်တဲ့သူတွေထဲမှာ ရိုဂျို၊ ဘိုင်လီနဲ့ စမောလင်းတို့ကရေပန်းအစားဆုံးဖြစ်နေတယ်လို့ လည်းသိရပါတယ်။