အခုချိန်အထိ သူ့နာမည်ကို အစွဲပြုပြီး ပင်နယ်တီကန်သွင်းတဲ့စနစ် ကျော်ကြားနေခြင်းအပေါ် ပါနန်ကာ ဂုဏ်ယူ

Photo Credit

ချက်ဂန္ထဝင်ကစားသမားကြီး အန်တိုနင်ပါနန်ကာက ယခုချိန်အထိ သူ့နာမည်ကို အစွဲပြုပြီး ပင်နယ်တီကန်သွင်းမှုနည်းစနစ် အောင်မြင်ကျော်ကြားနေခြင်းအပေါ် ဂုဏ်ယူမိကြောင်းနဲ့ အခုချိန်မှာ ကမ္ဘာကျော်နေပြီဖြစ်တဲ့ အဲဒီလိုပင်နယ်တီကန်သွင်းမှုအကြိမ်တိုင်းကို မဝင်မှာစိုးရိမ်တဲ့တုန်လှုပ်ခြင်းမျိုးမရှိဘဲ ကန်သွင်းခဲ့တာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

https://twitter.com/i/status/744881222510325760

ပါနန်ကာဟာ ယူရို ၇၆ ဗိုလ်လုပွဲအဖြစ် ချက်ကိုစလိုဗက်ကီးယားနဲ့ အနောက်ဂျာမနီအသင်းတို့ ယှဉ်ပြိုင်ကစားစဉ် သာမန်ပွဲကစားချိန်အတွင်း ၂-၂ ဂိုးသရေကျနေခဲ့ပြီးနောက် ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ အဲဒီနာမည်ကျော်ပင်နယ်တီကန်သွင်းမှုကို စတင်မွေးဖွားခဲ့တာဖြစ်ပါတယ်။ အဲဒီမှာ သူ့ရဲ့ချက်အသင်းဖော် ၄ဦးက ပထမပင်နယ်တီ ၄ကြိမ်စလုံးဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ပြီး အနောက်ဂျာမနီအတွက် အူလီဟိုးနက်စ်ရဲ့ကန်သွင်းချက်ကတော့ ဂိုးမဝင်ခဲ့ပါဘူး။

Photo Credit

အဲဒီမှာ ပါနန်ကာက အဆုံးအဖြတ်ပင်နယ်တီကန်သွင်းခဲ့တာဖြစ်ပြီး ပြင်းထန်အားပါတဲ့ကန်ချက်နဲ့ ကန်မလိုဟန်ပြင်ရင်း ဂိုးသမားရဲ့တည့်တည့်ကို အသာလေး မတင်ကန်သွင်းခဲ့တာဖြစ်ကာ အဲဒီအချိန်ကတည်းက ပါနန်ကာရဲ့ပင်နယ်တီကန်သွင်းတဲ့ပုံစံက လူကြိုက်များရေပန်းစားခဲ့တာဖြစ်ပါတယ်။

Photo Credit

ပီယာလို၊ ရာမို့စ်နဲ့ ဇီဒန်းတို့အပါအဝင် နာမည်ကြီးကစားသမားအများအပြားလည်း အဲဒီကန်ချက်အတိုင်း ဂိုးသမားကို လှည့်စားကာ ပင်နယ်တီကန်သွင်းယူနိုင်ခဲ့ပြီး ယခုအချိန်မှာ ဘိုဟီးမီးယန်းအသင်းဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ ပါနန်ကာက ဘောလုံးပွဲတွေမှာ သူစတင်တီထွင်လိုက်တဲ့ပင်နယ်တီကန်သွင်းပုံနည်းစနစ်က အောင်မြင်ကျော်ကြားတဲ့ကန်သွင်းမှုအဖြစ် ဆက်လက်ရပ်တည်နေလို့ ဂုဏ်ယူမိကြောင်း ဆိုပါတယ်။

Photo Credit

”လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက တောင်အမေရိကအခြေစိုက် ရုပ်သံသတင်းဌာနတချို့ ကျွန်တော့်ဆီ ရောက်လာပြီး ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ ပါနန်ကာပင်နယ်တီကန်သွင်းမှု အကြိမ် ၅၀ လောက် ကျွန်တော့်ကို လာပြပါတယ်။ အဲဒီမှာ အကောင်းဆုံးပါနန်ကာကန်သွင်းသူကတော့ ပါရာဂွေးဒုတိယတန်းကပါ။ ကျွန်တော်လည်း ဂုဏ်ယူမိပါတယ်”

Photo Credit

”တစ်ကမ္ဘာလုံးက အဲဒီပင်နယ်တီကန်သွင်းချက်ကို ပါနန်ကာလို့ သတ်မှတ်ထားကြတာလည်း ကျွန်တော့်ကို ပျော်ရွှင်စေပါတယ်။ အနောက်ဂျာမနီနဲ့ကစားခဲ့တဲ့ဗိုလ်လုပွဲမှာလည်း အဲဒီလိုပင်နယ်တီကန်ဖို့လည်း ကျွန်တော့်မှာ စိုးရိမ်တာတွေ၊ ရင်တုန်တာတွေမရှိခဲ့ပါဘူး။ ဒီနည်းလမ်းက ဂိုးသွင်းနိုင်ဖို့ အကောင်းဆုံးနည်းလမ်းလို့ ယုံကြည်ခဲ့ပါတယ်။ အဲဒီပင်နယ်တီဝင်သွားတော့ ကျွန်တော်လည်း အရမ်းပျော်သွားပါတယ်”

Photo Credit

”ဒါက ကျွန်တော့်ရဲ့ပင်နယ်တီကန်သွင်းမှုပုံစံအသစ် အောင်မြင်သွားလို့မဟုတ်ဘဲ ကျွန်တော်တု့ိနိုင်ငံလိုသေးငယ်တဲ့နိုင်ငံအတွက် အံ့အားသင့်စရာကောင်းတဲ့အောင်မြင်မှုရရှိခဲ့လို့ပါ။ ကျွန်တော်တစ်သက်လုံး အဲဒီပုံစံနဲ့ ပင်နယ်တီကန်သွင်းခဲ့ရာမှာ ၁ခါပဲ လွဲခဲ့ဖူးပါတယ်။ ဘယ်ဂိုးသမားမဆို တစ်ဘက်ဘက်ကို ဒိုင်ဗင်ထိုးမှာပဲလို့ ကျွန်တော် တွေးမိခဲ့ပါတယ်။ ဒီတော့ အလယ်တည့်တည့်ကို ကန်တာက အကောင်းဆုံးဖြစ်လိမ့်မယ်လို့ အတွေးဝင်ခဲ့ပါတယ်”လို့ ပါနန်ကာက ဆိုပါတယ်။

Photo Credit

zawgyi

အခုခ်ိန္အထိ သူ႔နာမည္ကို အစြဲျပဳၿပီး ပင္နယ္တီကန္သြင္းတဲ့စနစ္ ေက်ာ္ၾကားေနျခင္းအေပၚ ပါနန္ကာ ဂုဏ္ယူ

ခ်က္ဂႏၳဝင္ကစားသမားႀကီး အန္တိုနင္ပါနန္ကာက ယခုခ်ိန္အထိ သူ႔နာမည္ကို အစြဲျပဳၿပီး ပင္နယ္တီကန္သြင္းမႈနည္းစနစ္ ေအာင္ျမင္ေက်ာ္ၾကားေနျခင္းအေပၚ ဂုဏ္ယူမိေၾကာင္းနဲ႔ အခုခ်ိန္မွာ ကမာၻေက်ာ္ေနၿပီျဖစ္တဲ့ အဲဒီလိုပင္နယ္တီကန္သြင္းမႈအႀကိမ္တိုင္းကို မဝင္မွာစိုးရိမ္တဲ့တုန္လႈပ္ျခင္းမ်ိဳးမရွိဘဲ ကန္သြင္းခဲ့တာျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ပါနန္ကာဟာ ယူ႐ို ၇၆ ဗိုလ္လုပြဲအျဖစ္ ခ်က္ကိုစလိုဗက္ကီးယားနဲ႔ အေနာက္ဂ်ာမနီအသင္းတို႔ ယွဥ္ၿပိဳင္ကစားစဥ္ သာမန္ပြဲကစားခ်ိန္အတြင္း ၂-၂ ဂိုးသေရက်ေနခဲ့ၿပီးေနာက္ ပင္နယ္တီအဆုံးအျဖတ္ခံယူရာမွာ အဲဒီနာမည္ေက်ာ္ပင္နယ္တီကန္သြင္းမႈကို စတင္ေမြးဖြားခဲ့တာျဖစ္ပါတယ္။ အဲဒီမွာ သူ႔ရဲ႕ခ်က္အသင္းေဖာ္ ၄ဦးက ပထမပင္နယ္တီ ၄ႀကိမ္စလုံးဂိုးဝင္ေအာင္ ကန္သြင္းႏိုင္ခဲ့ၿပီး အေနာက္ဂ်ာမနီအတြက္ အူလီဟိုးနက္စ္ရဲ႕ကန္သြင္းခ်က္ကေတာ့ ဂိုးမဝင္ခဲ့ပါဘူး။

အဲဒီမွာ ပါနန္ကာက အဆုံးအျဖတ္ပင္နယ္တီကန္သြင္းခဲ့တာျဖစ္ၿပီး ျပင္းထန္အားပါတဲ့ကန္ခ်က္နဲ႔ ကန္မလိုဟန္ျပင္ရင္း ဂိုးသမားရဲ႕တည့္တည့္ကို အသာေလး မတင္ကန္သြင္းခဲ့တာျဖစ္ကာ အဲဒီအခ်ိန္ကတည္းက ပါနန္ကာရဲ႕ပင္နယ္တီကန္သြင္းတဲ့ပုံစံက လူႀကိဳက္မ်ားေရပန္းစားခဲ့တာျဖစ္ပါတယ္။ ပီယာလို၊ ရာမို႔စ္နဲ႔ ဇီဒန္းတို႔အပါအဝင္ နာမည္ႀကီးကစားသမားအမ်ားအျပားလည္း အဲဒီကန္ခ်က္အတိုင္း ဂိုးသမားကို လွည့္စားကာ ပင္နယ္တီကန္သြင္းယူႏိုင္ခဲ့ၿပီး ယခုအခ်ိန္မွာ ဘိုဟီးမီးယန္းအသင္းဥကၠ႒အျဖစ္ တာဝန္ယူေဆာင္႐ြက္ေနတဲ့ ပါနန္ကာက ေဘာလုံးပြဲေတြမွာ သူစတင္တီထြင္လိုက္တဲ့ပင္နယ္တီကန္သြင္းပုံနည္းစနစ္က ေအာင္ျမင္ေက်ာ္ၾကားတဲ့ကန္သြင္းမႈအျဖစ္ ဆက္လက္ရပ္တည္ေနလို႔ ဂုဏ္ယူမိေၾကာင္း ဆိုပါတယ္။ ”လြန္ခဲ့တဲ့ႏွစ္အနည္းငယ္တုန္းက ေတာင္အေမရိကအေျခစိုက္ ႐ုပ္သံသတင္းဌာနတခ်ိဳ႕ ကြၽန္ေတာ့္ဆီ ေရာက္လာၿပီး ကမာၻတစ္ဝွမ္းလုံးမွာရွိတဲ့ ပါနန္ကာပင္နယ္တီကန္သြင္းမႈ အႀကိမ္ ၅၀ ေလာက္ ကြၽန္ေတာ့္ကို လာျပပါတယ္။ အဲဒီမွာ အေကာင္းဆုံးပါနန္ကာကန္သြင္းသူကေတာ့ ပါရာေဂြးဒုတိယတန္းကပါ။ ကြၽန္ေတာ္လည္း ဂုဏ္ယူမိပါတယ္”

”တစ္ကမာၻလုံးက အဲဒီပင္နယ္တီကန္သြင္းခ်က္ကို ပါနန္ကာလို႔ သတ္မွတ္ထားၾကတာလည္း ကြၽန္ေတာ့္ကို ေပ်ာ္႐ႊင္ေစပါတယ္။ အေနာက္ဂ်ာမနီနဲ႔ကစားခဲ့တဲ့ဗိုလ္လုပြဲမွာလည္း အဲဒီလိုပင္နယ္တီကန္ဖို႔လည္း ကြၽန္ေတာ့္မွာ စိုးရိမ္တာေတြ၊ ရင္တုန္တာေတြမရွိခဲ့ပါဘူး။ ဒီနည္းလမ္းက ဂိုးသြင္းႏိုင္ဖို႔ အေကာင္းဆုံးနည္းလမ္းလို႔ ယုံၾကည္ခဲ့ပါတယ္။ အဲဒီပင္နယ္တီဝင္သြားေတာ့ ကြၽန္ေတာ္လည္း အရမ္းေပ်ာ္သြားပါတယ္”

”ဒါက ကြၽန္ေတာ့္ရဲ႕ပင္နယ္တီကန္သြင္းမႈပုံစံအသစ္ ေအာင္ျမင္သြားလို႔မဟုတ္ဘဲ ကြၽန္ေတာ္တု႔ိႏိုင္ငံလိုေသးငယ္တဲ့ႏိုင္ငံအတြက္ အံ့အားသင့္စရာေကာင္းတဲ့ေအာင္ျမင္မႈရရွိခဲ့လို႔ပါ။ ကြၽန္ေတာ္တစ္သက္လုံး အဲဒီပုံစံနဲ႔ ပင္နယ္တီကန္သြင္းခဲ့ရာမွာ ၁ခါပဲ လြဲခဲ့ဖူးပါတယ္။ ဘယ္ဂိုးသမားမဆို တစ္ဘက္ဘက္ကို ဒိုင္ဗင္ထိုးမွာပဲလို႔ ကြၽန္ေတာ္ ေတြးမိခဲ့ပါတယ္။ ဒီေတာ့ အလယ္တည့္တည့္ကို ကန္တာက အေကာင္းဆုံးျဖစ္လိမ့္မယ္လို႔ အေတြးဝင္ခဲ့ပါတယ္”လို႔ ပါနန္ကာက ဆိုပါတယ္။