Aiming high! မက္ဆီကို သူ႕အသင္းအတြက္ ေခၚယူဖို႔ ဘက္ခမ္း ဆက္သြယ္ခ်ဥ္းကပ္ခဲ့တယ္လုိ႔ သတင္းထြက္ေပၚ

Photo Credit

Photo Credit ; Getty Images / AFP

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ အဂၤလန္အသင္းေခါင္းေဆာင္ေဟာင္း ေဒးဗစ္ဘက္ခမ္းဟာ ေမဂ်ာလိဂ္မွာ ပါ၀င္ယွဥ္ၿပိဳင္ေတာ့မယ့္ သူ႕ရဲ႕အသင္းသစ္ အင္တာမုိင္ယာမီအသင္းအတြက္ ဘာစီလုိနာအသင္းေခါင္းေဆာင္ မက္ဆီကို ေခၚယူဖုိ႔ ဆက္သြယ္ခ်ဥ္းကပ္ခဲ့တယ္လုိ႔ သိရပါတယ္။

Photo Credit ; AP

ဘက္ခမ္းရဲ႕ကလပ္ျဖစ္တဲ့ အင္တာမုိင္ယာမီအသင္းဟာ ၂၀၂၀ မတ္လမွာစတင္မယ့္ ေမဂ်ာလိဂ္ရာသီသစ္မွာ စတင္ပါ၀င္ယွဥ္ၿပိဳင္ေတာ့မွာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္နဲ႔ ယူႏုိက္တက္ဂႏၳ၀င္ကစားသမား ဘက္ခမ္းအေနနဲ႔ ပထမဆုံးရာသီမွာကတည္းက အင္အားႀကီးအသင္းအျဖစ္ ရပ္တည္ႏိုင္ဖို႔ ႀကိဳးစားေနတာျဖစ္ပါတယ္။

Photo Credit

အခုလည္း Barcelona Radio host Xavi Campos ရဲ႕ေဖာ္ျပခ်က္အရ မက္ဆီအေနနဲ႔ သူသာ ဆႏၵရွိရင္ ၂၀၁၉-၂၀ ရာသီအကုန္မွာ ဘာစီလုိနာအသင္းကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ရိွတယ္လုိ႔ သတင္းေတြထြက္ေပၚလာၿပီးေနာက္ ဘက္ခမ္းက မက္ဆီကို အေမရိကန္ႏိုင္ငံဆီ ေျပာင္းေရႊ႕လာဖုိ႔ ဆက္သြယ္ခ်ဥ္းကပ္ခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။

Photo Credit

ဘက္ခမ္းကိုယ္တုိင္ကလည္း အရင္တုန္းက သူ႕ရဲ႕အိပ္မက္ဆန္တဲ့အေျပာင္းအေရႊ႕ပစ္မွတ္ေတြအေၾကာင္း ဖြင့္ဟခဲ့ဖူးၿပီး ယခုႏွစ္အေစာပိုင္းက လက္ရွိကမၻာ့ေဘာလုံးေလာကရဲ႕အေကာင္းဆုံးကစားသမားေတြအျဖစ္ သတ္မွတ္ခံထားရတ့ဲ မက္ဆီနဲ႔ ေရာ္နယ္ဒို ႏွစ္ေယာက္စလုံးကို သူ႕အသင္းသစ္အတြက္ ေခၚယူလုိတယ္လုိ႔ ၀န္ခံခဲ့ဖူးပါတယ္။

Photo Credit ; AP

မက္ဆီဟာ ရာသီသစ္မစတင္ခင္ ရရိွခဲ့တဲ့ ဒဏ္ရာျပႆနာေၾကာင့္ ဒီရာသီမွာ ဘာစီလုိနာအသင္းအတြက္ တစ္ပြဲမွ ပါ၀င္မကစားရေသးေပမယ့္ သူနဲ႔ပတ္သက္လုိ႔ သတင္းေတြက ဒီရက္ပိုင္းအတြင္း အေတာ္ေလးထြက္ေပၚေနပါတယ္။

Photo Credit

”မက္ဆီဟာ ၂၀၂၁ အထိ စာခ်ဳပ္ခ်ဳပ္ဆိုထားၿပီး စာခ်ဳပ္မျပည့္ခင္ ၁ႏွစ္အလုိမွာ သူဆႏၵရွိရင္ အသင္းကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ရရွိထားပါတယ္။ သူဟာ သူ႕အနာဂတ္အတြက္ လြတ္လြတ္လပ္လပ္ဆုံးျဖတ္ပိုင္ခြင့္ရရွိထားပါတယ္။ ဒါေပမဲ့ သူက အသင္းအေပၚ အရမ္းခ်စ္ျမတ္ႏိုးၿပီး ကၽြန္ေတာ္လည္း ဒီအခ်က္ကို မစိုးရိမ္ပါဘူး”

Photo Credit

”ဇာဗီ၊ အင္နီေယစတာနဲ႔ ပူယိုးလ္တုိ႔လည္း မက္ဆီလုိပဲ စာခ်ဳပ္ထဲမွာ အဲဒီအခ်က္ပါ၀င္ခဲ့ပါတယ္။ မက္ဆီကို ကြဲျပားျခားနားတဲ့အခ်က္နဲ႔ စာခ်ဳပ္ထဲမွာ ထည့္သြင္းမခ်ဳပ္ဆိုထားပါဘူး။ ဒါေပမဲ့ ကၽြန္ေတာ္ ထပ္ေျပာပါမယ္။ မက္ဆီအေနနဲ႔ အသင္းမွာ ေနာက္ႏွစ္အၾကာႀကီး ဆက္ကစားဦးမယ္ဆုိတာ ကၽြန္ေတာ္ လုံး၀သံသယမ၀င္ပါဘူး”လုိ႔ ဘာစီလုိနာအသင္းဥကၠ႒ ဘာတိုမူက မၾကာေသးခင္က ေျပာၾကားထားပါတယ္။

Photo Credit

Unicode

Aiming high! မက်ဆီကို သူ့အသင်းအတွက် ခေါ်ယူဖို့ ဘက်ခမ်း ဆက်သွယ်ချဉ်းကပ်ခဲ့တယ်လို့ သတင်းထွက်ပေါ်

သတင်းတွေရဲ့ဖော်ပြချက်အရ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းဟာ မေဂျာလိဂ်မှာ ပါဝင်ယှဉ်ပြိုင်တော့မယ့် သူ့ရဲ့အသင်းသစ် အင်တာမိုင်ယာမီအသင်းအတွက် ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီကို ခေါ်ယူဖို့ ဆက်သွယ်ချဉ်းကပ်ခဲ့တယ်လို့ သိရပါတယ်။
ဘက်ခမ်းရဲ့ကလပ်ဖြစ်တဲ့ အင်တာမိုင်ယာမီအသင်းဟာ ၂၀၂၀ မတ်လမှာစတင်မယ့် မေဂျာလိဂ်ရာသီသစ်မှာ စတင်ပါဝင်ယှဉ်ပြိုင်တော့မှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နဲ့ ယူနိုက်တက်ဂန္ထဝင်ကစားသမား ဘက်ခမ်းအနေနဲ့ ပထမဆုံးရာသီမှာကတည်းက အင်အားကြီးအသင်းအဖြစ် ရပ်တည်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
အခုလည်း Barcelona Radio host Xavi Campos ရဲ့ဖော်ပြချက်အရ မက်ဆီအနေနဲ့ သူသာ ဆန္ဒရှိရင် ၂၀၁၉-၂၀ ရာသီအကုန်မှာ ဘာစီလိုနာအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရှိတယ်လို့ သတင်းတွေထွက်ပေါ်လာပြီးနောက် ဘက်ခမ်းက မက်ဆီကို အမေရိကန်နိုင်ငံဆီ ပြောင်းရွှေ့လာဖို့ ဆက်သွယ်ချဉ်းကပ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ဘက်ခမ်းကိုယ်တိုင်ကလည်း အရင်တုန်းက သူ့ရဲ့အိပ်မက်ဆန်တဲ့အပြောင်းအရွှေ့ပစ်မှတ်တွေအကြောင်း ဖွင့်ဟခဲ့ဖူးပြီး ယခုနှစ်အစောပိုင်းက လက်ရှိကမ္ဘာ့ဘောလုံးလောကရဲ့အကောင်းဆုံးကစားသမားတွေအဖြစ် သတ်မှတ်ခံထားရတဲ့ မက်ဆီနဲ့ ရော်နယ်ဒို နှစ်ယောက်စလုံးကို သူ့အသင်းသစ်အတွက် ခေါ်ယူလိုတယ်လို့ ဝန်ခံခဲ့ဖူးပါတယ်။
မက်ဆီဟာ ရာသီသစ်မစတင်ခင် ရရှိခဲ့တဲ့ ဒဏ်ရာပြဿနာကြောင့် ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် တစ်ပွဲမှ ပါဝင်မကစားရသေးပေမယ့် သူနဲ့ပတ်သက်လို့ သတင်းတွေက ဒီရက်ပိုင်းအတွင်း အတော်လေးထွက်ပေါ်နေပါတယ်။
”မက်ဆီဟာ ၂၀၂၁ အထိ စာချုပ်ချုပ်ဆိုထားပြီး စာချုပ်မပြည့်ခင် ၁နှစ်အလိုမှာ သူဆန္ဒရှိရင် အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရရှိထားပါတယ်။ သူဟာ သူ့အနာဂတ်အတွက် လွတ်လွတ်လပ်လပ်ဆုံးဖြတ်ပိုင်ခွင့်ရရှိထားပါတယ်။ ဒါပေမဲ့ သူက အသင်းအပေါ် အရမ်းချစ်မြတ်နိုးပြီး ကျွန်တော်လည်း ဒီအချက်ကို မစိုးရိမ်ပါဘူး”
”ဇာဗီ၊ အင်နီယေစတာနဲ့ ပူယိုးလ်တို့လည်း မက်ဆီလိုပဲ စာချုပ်ထဲမှာ အဲဒီအချက်ပါဝင်ခဲ့ပါတယ်။ မက်ဆီကို ကွဲပြားခြားနားတဲ့အချက်နဲ့ စာချုပ်ထဲမှာ ထည့်သွင်းမချုပ်ဆိုထားပါဘူး။ ဒါပေမဲ့ ကျွန်တော် ထပ်ပြောပါမယ်။ မက်ဆီအနေနဲ့ အသင်းမှာ နောက်နှစ်အကြာကြီး ဆက်ကစားဦးမယ်ဆိုတာ ကျွန်တော် လုံးဝသံသယမဝင်ပါဘူး”လို့ ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမူက မကြာသေးခင်က ပြောကြားထားပါတယ်။