AIDS ေၾကာင့္ ေဆးက်ခဲ့ရတဲ႔ ဘရာဇီးေဘာလုံးသမား အလက္ဇန္ဒရို

ဘရာဇီးေဘာလုံးသမားတစ္ဦးျဖစ္တဲ႔ အလက္ဇန္ဒရိုဟာ ေတာင္ကိုရီးယားကလပ္ ေဒဂ်ြန္စီတီဇင္အသင္း ဆီေျပာင္းဖို႔ ေဆးစစ္မႈျပဳလုပ္ခဲ့ေပမယ္႔ သူ႔ရဲ႕ေသြးစစ္ခ်က္အေျဖမွာ HIV Positive ျဖစ္ေနလို႔ ေဆးက်ခဲ့ရတယ္လို႔ သိရပါတယ္။

ေဒဂ်ြန္အသင္းဟာ အလက္ဇန္ဒရိုကို ကလပ္ရဲကအက်ီၤနဲ႔မိတ္ဆက္ခဲ့ၿပီးမွ ေဆးစစ္ခဲ့တာျဖစ္ၿပီး ဆရာ၀န္ေတြရဲ႕ထုတ္ျပန္ခ်က္အေျဖအရသူဟာအဲဒီ ေရာဂါျဖစ္ေနတာကိုေတြ႔ခဲ့ရတာပါ။ ဒါေၾကာင့္လည္း ေဒဂ်ြန္အသင္းဟာ အလက္ဇန္ဒရိုအတြက္စာခ်ဳပ္ကမ္းလွမ္းထားမႈကို ခ်က္ျခင္းပယ္ဖ်က္သြားခဲ့ပါတယ္။

ဒီေရာဂါဟာ အရင္တုန္းဆိုရင္ အသက္ေသဆုံးတဲ႔အထိ ဆိုးရြားေပမယ္႔ ေခတ္မီေဆးပညာရပ္ေတြေၾကာင့္ ေဆးပုံမွန္ေသာက္သုံးၿပီးက်န္းမာေရးလိုက္စားရင္ သက္တမ္းေစ႔ေနလို႔ရတဲ႔ ေရာဂါျဖစ္ပါတယ္။ ေဒဂြ်န္အသင္းဟာ အလက္ဇန္ဒရိုမွာ AIDS ျဖစ္ေနတယ္ဆိုတာကို အတည္ျပဳထုတ္ျပန္သြားခဲ့ၿပီး ကစားသမားသစ္ထပ္ေခၚဖို႔လုပ္ရမယ္လို႔ ေဖာ္ျပသြားပါတယ္။

ေဒဂ်ြန္အသင္းဟာ ၂၀၁၆ ကတည္းက ေတာင္ကိုရီးယားႏိုင္ငံရဲ႕အဆင့္ျမင့္တန္းျဖစ္တဲ႔ K- League ကေနတန္းဆင္းခဲ့ရၿပီး ၿပီးခဲ့တဲ႔ ရာသီကလည္း ဒုတိယတန္းမွာေအာက္ဆုံးအဆင့္နားမွာ ရွိခဲ့ပါတယ္။ ဒါေၾကာင့္ ကစားသမားေတြအေယာက္ ၆၀ အထိအားျဖည့္ထားေပမယ္႔ ၂၆ ဦးကိုအသုံးမျပဳႏိုင္ေသးဘဲျဖစ္ေနတာပါ။

အခုလိုမ်ဳိးႏိုင္ငံတြင္းကိုေရာက္လာတဲ႔ ျပည္ပကစားသမားတစ္ဦး AIDS ျဖစ္ေနေၾကာင္းေတြ႔ခဲ့တာကို ေတာင္ကိုရီးယားေဘာလုံးအဖြဲ႔ခ်ဳပ္ကလည္း အံအးသင့္ေနၿပီး ကလပ္ေတြအေနနဲ႔ ေဆးစစ္မႈကို ပိုမိုတင္းက်ပ္သင့္သလို အခုလိုေရာဂါမ်ဳိးေတြ႔ခဲ့ရင္လည္း ဒီကစားသမားႏိုင္ငံတြင္းကမထြက္ခင္ ေစာင့္ၾကည့္ဖို႔ တာ၀န္ရွိသူေတြကို အသိေပးသင့္တယ္လို႔ ထုတ္ျပန္ထားပါတယ္။

Unicode

AIDS ကြောင့် ဆေးကျခဲ့ရတဲ့ ဘရာဇီးဘောလုံးသမား အလက်ဇန်ဒရို
ဘရာဇီးဘောလုံးသမားတစ်ဦးဖြစ်တဲ့ အလက်ဇန်ဒရိုဟာ တောင်ကိုရီးယားကလပ် ဒေဂျွန်စီတီဇင်အသင်း ဆီပြောင်းဖို့ ဆေးစစ်မှုပြုလုပ်ခဲ့ပေမယ့် သူ့ရဲ့သွေးစစ်ချက်အဖြေမှာ HIV Positive ဖြစ်နေလို့ ဆေးကျခဲ့ရတယ်လို့ သိရပါတယ်။

ဒေဂျွန်အသင်းဟာ အလက်ဇန်ဒရိုကို ကလပ်ရဲကအကျီၤနဲ့မိတ်ဆက်ခဲ့ပြီးမှ ဆေးစစ်ခဲ့တာဖြစ်ပြီး ဆရာဝန်တွေရဲ့ထုတ်ပြန်ချက်အဖြေအရသူဟာအဲဒီ ရောဂါခံဖြစ်နေတာကိုတွေ့ခဲ့ရတာပါ။ ဒါကြောင့်လည်း ဒေဂျွန်အသင်းဟာ အလက်ဇန်ဒရိုအတွက်စာချုပ်ကမ်းလှမ်းထားမှုကို ချက်ခြင်းပယ်ဖျက်သွားခဲ့ပါတယ်။

ဒီရောဂါဟာ အရင်တုန်းဆိုရင် အသက်သေဆုံးတဲ့အထိ ဆိုးရွားပေမယ့် ခေတ်မီဆေးပညာရပ်တွေကြောင့် ဆေးပုံမှန်သောက်သုံးပြီးကျန်းမာရေးလိုက်စားရင် သက်တမ်းစေ့နေလို့ရတဲ့ ရောဂါဖြစ်ပါတယ်။ ဒေဂျွန်အသင်းဟာ အလက်ဇန်ဒရိုမှာ AIDS ဖြစ်နေတယ်ဆိုတာကို အတည်ပြုထုတ်ပြန်သွားခဲ့ပြီး ကစားသမားသစ်ထပ်ခေါ်ဖို့လုပ်ရမယ်လို့ ဖော်ပြသွားပါတယ်။

ဒေဂျွန်အသင်းဟာ ၂၀၁၆ ကတည်းက တောင်ကိုရီးယားနိုင်ငံရဲ့အဆင့်မြင့်တန်းဖြစ်တဲ့ K- League ကနေတန်းဆင်းခဲ့ရပြီး ပြီးခဲ့တဲ့ ရာသီကလည်း ဒုတိယတန်းမှာအောက်ဆုံးအဆင့်နားမှာ ရှိခဲ့ပါတယ်။ ဒါကြောင့် ကစားသမားတွေအယောက် ၆၀ အထိအားဖြည့်ထားပေမယ့် ၂၆ ဦးကိုအသုံးမပြုနိုင်သေးဘဲဖြစ်နေတာပါ။

အခုလိုမျိုးနိုင်ငံတွင်းကိုရောက်လာတဲ့ ပြည်ပကစားသမားတစ်ဦး AIDS ဖြစ်နေကြောင်းတွေ့ခဲ့တာကို တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်ကလည်း အံအးသင့်နေပြီး ကလပ်တွေအနေနဲ့ ဆေးစစ်မှုကို ပိုမိုတင်းကျပ်သင့်သလို အခုလိုရောဂါမျိုးတွေ့ခဲ့ရင်လည်း ဒီကစားသမားနိုင်ငံတွင်းကမထွက်ခင် စောင့်ကြည့်ဖို့ တာဝန်ရှိသူတွေကို အသိပေးသင့်တယ်လို့ ထုတ်ပြန်ထားပါတယ်။