AFC ရဲ့ ပြိုင်ပွဲစည်းမျဉ်းပုံစံသစ်ကြောင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲ တတိယအဆင့်မှ တိုက်ရိုက်ကစားခွင့်ရရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပ

၂၀၂၃ အာရှဖလားပြိုင်ပွဲ ခြေစစ်ပွဲတိုက်ရိုက်မအောင်မြင်တဲ့ အသင်းတွေအတွက် အာရှဘောလုံး အဖွဲ့ချုပ်AFC ရဲ့ ခြေစစ်ပွဲပုံစံပြောင်းလဲမှုကို ဒီနေ့ ဇွန် ၁၆ ရက်မှာကြေညာလိုက်ပါတယ်။

အဲဒီလိုပြောင်းလဲမှုကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုFရဲ့ နောက်ဆုံးနေရာမှာရှိခဲ့တဲ့ မြန်မာ့လက်ရွေးစင်အသင်းဟာ အရင်သတ်မှတ်ချက်အရ

Play-off အဆင့်တစ်ဆင့် ကစားဖို့မလိုတော့ဘဲ တတိယအဆင့်ခြေစစ်ပွဲကို တိုက်ရိုက် ယှဉ်ပြိုင်ခွင့်ရရှိသွားတာဖြစ်ပါတယ်။

မြန်မာအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုတွင်းမှာ ဂျပန်၊ တာဂျစ်ကစ္စတန်၊ ကာဂျစ္စတန်၊ မွန်ဂိုလီးယားအသင်းတို့နဲ့ တစ်အုပ်စုထဲ ယှဉ်ပြိုင်ခဲ့ရတာပါ။

မြန်မာအသင်းဟာ ဂျပန်မှာ သွားကစားတဲ့ နောက်ဆုံး ၃ပွဲ မတိုင်ခင်ထိ ၂ပွဲနိုင် ၃ပွဲရှုံးနဲ့ မဆိုးတဲ့ ရလဒ်အနေအထားတစ်ခုကို ရယူထားတာဖြစ်ပါတယ်။

ဒါပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ဂျပန်၊ ကာဂျစ္စတန် နဲ့ တာဂျစ်ကစ္စတန် တို့ ပွဲတွေမှာ မြန်မာအသင်းဟာ ရလဒ်ပိုင်း ဆိုးဆိုးရွားရွားဖြစ်ခဲ့ပြီး

ပေးဂိုး၂၂ဂိုး၊ ရဂိုး ၁ဂိုး သာ ရရှိခဲ့တာဖြစ်ပါတယ်။

လက်ရွေးစင်အဆင့် ကစားသမားအများအပြား မပါဝင်နိုင်ခဲ့ဘဲ ရှိတဲ့သူအနည်းစုနဲ့သာ သွားရောက်ယှဉ်ပြိုင်ကစားခဲ့ရသလို ပြင်ဆင်လေ့ကျင့်ချိန်လည်း နည်းပါးလွန်းခဲ့တာက

အခုလို ရလဒ်ဆိုးတွေဖြစ်ရခြင်းရဲ့ အကြောင်းတရားပါပဲ။

မြန်မာအသင်းဟာ ဒီပွဲစဉ်တွေမှာ ဂျပန်အသင်းကို ၁၀ -၀ ၊ကာဂျစ္စတန်အသင်းကို ၈ -၁၊ တာဂျစ်ကစ္စတန်အသင်းကို ၄-၀ နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အုပ်စုတွင်း ပွဲစဉ် ၈ပွဲကစားအပြီးမှာ (၂)ပွဲနိုင် (၆)ပွဲရှုံးနဲ့ မွန်ဂိုလီးယား ရဲ့အောက် အဆင့်(၅)နေရာမှာသာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာ အသင်းဟာ အုပ်စုနောက်ဆုံးနေရာမှာသာ ရပ်တည်ခဲ့ပေမယ့် အာရှဖလားတတိယအဆင့်ခြေစစ်ပွဲကို Play-Off ကစားရဘဲ ခြေစစ်ပွဲတန်းကစားရမှာဖြစ်ပါတယ်။

မြန်မာ အသင်းဟာ အဆင့်၅ နေရာမှာ ရပ်တည်ခဲ့တဲ့ အသင်းတွေရဲ့အကောင်းဆုံး၃သင်း ထဲမှာ ယီမင်၊ဘဂ်လားဒေ့ရှ် တို့နဲ့ အတူ ပါဝင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် မြန်မာ အသင်းဟာ ၂၀၂၃ အာရှဖလားခြေစစ်ပွဲကို တိုက်ရိုက်ကစားရမှာပါ။

အင်ဒိုနီးရှား၊ကမ္ဘောဒီးယား၊ဂူအမ်နဲ့ တရုတ်တိုင်ပေ အသင်းတို့ကတော့ Play _off ကစားရမှာဖြစ်ပြီး အနိုင်ရတဲ့ ၂သင်း ဟာ တတိယအဆင့်ခြေစစ်ပွဲကစားရမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ တတိယအဆင့်ခြေစစ်ပွဲကို ၂၂သင်း က အောင်ထားပြီးဖြစ်တာကြောင့် စုစုပေါင်း ၂၄သင်းနဲ့ ၄သင်းစီ ၆အုပ်စုခွဲပြီး ခြေစစ်ပွဲယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

၂၀၂၃ အာရှဖလားပြိုင်ပွဲကို တရုတ်နိုင်ငံ မှာ ဇွန်လ၁၆ရက် ကနေ ဇူလိုင်လ၁၆ရက်အထိ ကျင်းပမှာဖြစ်ပြီး လက်ရှိ မှာ လက်ရှိ အာရှ ချန်ပီယံ ကာတာ၊

အိမ်ရှင်အသင်းတရုတ်၊ ဂျပန်၊ ဆီးရီးယား၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ အီရန်၊ ယူအေအီး၊ ဆော်ဒီအာရေဗျ၊ အီရတ်၊ အိုမန်၊

ဗီယက်နမ်၊ လက်ဘနွန်အသင်းတွေက ယှဉ်ပြိုင်ခွင့်ရထားတာပါ။


M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပ

Zawgyi

 

AFC ရဲ႔ ျပိဳင္ပြဲစည္းမ်ဥ္းပံုစံသစ္ေၾကာင္႔ ၂၀၂၃ အာရွဖလားေျခစစ္ပြဲ တတိယအဆင္႔မွ တိုက္ရိုက္ကစားခြင္႔ရရွိ

၂၀၂၃ အာရွဖလားၿပိဳင္ပြဲ ေျခစစ္ပြဲတိုက္႐ိုက္မေအာင္ျမင္တဲ့ အသင္းေတြအတြက္ အာရွေဘာလုံး အဖြဲ႕ခ်ဳပ္AFC ရဲ႕ ေျခစစ္ပြဲပုံစံေျပာင္းလဲမႈကို ဒီေန႔ ဇြန္ ၁၆ ရက္မွာေၾကညာလိုက္ပါတယ္။

အဲဒီလိုေျပာင္းလဲမႈေၾကာင့္ ကမာၻ႔ဖလားေျခစစ္ပြဲအုပ္စုFရဲ႕ ေနာက္ဆုံးေနရာမွာရွိခဲ့တဲ့ ျမန္မာ့လက္ေ႐ြးစင္အသင္းဟာ အရင္သတ္မွတ္ခ်က္အရ Play-off အဆင့္တစ္ဆင့္ ကစားဖို႔မလိုေတာ့ဘဲ

တတိယအဆင့္ေျခစစ္ပြဲကို တိုက္႐ိုက္ ယွဥ္ၿပိဳင္ခြင့္ရရွိသြားတာျဖစ္ပါတယ္။

ျမန္မာအသင္းဟာ ၂၀၂၂ ကမၻာ႔ဖလားေျခစစ္ပြဲ အုပ္စုတြင္းမွာ ဂ်ပန္၊ တာဂ်စ္ကစၥတန္၊ ကာဂ်စၥတန္၊ မြန္ဂိုလီးယားအသင္းတို႔နဲ႔ တစ္အုပ္စုထဲ ယွဥ္ၿပိဳင္ခဲ့ရတာပါ။

ျမန္မာအသင္းဟာ ဂ်ပန္မွာ သြားကစားတဲ့ ေနာက္ဆုံး ၃ပြဲ မတိုင္ခင္ထိ ၂ပြဲႏိုင္ ၃ပြဲရႈံးနဲ႔ မဆိုးတဲ့ ရလဒ္အေနအထားတစ္ခုကို ရယူထားတာျဖစ္ပါတယ္။

ဒါေပမယ့္ ေနာက္ဆုံးကစားခဲ့တဲ့ ဂ်ပန္၊ ကာဂ်စၥတန္ နဲ႔ တာဂ်စ္ကစၥတန္ တို႔ ပြဲေတြမွာ ျမန္မာအသင္းဟာ ရလဒ္ပိုင္း ဆိုးဆိုး႐ြား႐ြားျဖစ္ခဲ့ၿပီး ေပးဂိုး၂၂ဂိုး၊ ရဂိုး ၁ဂိုး သာ ရရွိခဲ့တာျဖစ္ပါတယ္။

လက္ေ႐ြးစင္အဆင့္ ကစားသမားအမ်ားအျပား မပါဝင္ႏိုင္ခဲ့ဘဲ ရွိတဲ့သူအနည္းစုနဲ႔သာ သြားေရာက္ယွဥ္ၿပိဳင္ကစားခဲ့ရသလို ျပင္ဆင္ေလ့က်င့္ခ်ိန္လည္း နည္းပါးလြန္းခဲ့တာက အခုလို ရလဒ္ဆိုးေတြျဖစ္ရျခင္းရဲ႕ အေၾကာင္းတရားပါပဲ။ ျမန္မာအသင္းဟာ ဒီပြဲစဥ္ေတြမွာ ဂ်ပန္အသင္းကို ၁၀ -၀ ၊ကာဂ်စၥတန္အသင္းကို ၈ -၁၊ တာဂ်စ္ကစၥတန္အသင္းကို ၄-၀ နဲ႔ အေရးနိမ့္ခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ အုပ္စုတြင္း ပြဲစဥ္ ၈ပြဲကစားအၿပီးမွာ (၂)ပြဲႏိုင္ (၆)ပြဲရႈံးနဲ႔ မြန္ဂိုလီးယား ရဲ႕ေအာက္ အဆင့္(၅)ေနရာမွာသာ ရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ျမန္မာ အသင္းဟာ အုပ္စုေနာက္ဆုံးေနရာမွာသာ ရပ္တည္ခဲ့ေပမယ့္ အာရွဖလားတတိယအဆင့္ေျခစစ္ပြဲကို Play-Off ကစားရဘဲ ေျခစစ္ပြဲတန္းကစားရမွာျဖစ္ပါတယ္။

ျမန္မာ အသင္းဟာ အဆင့္၅ ေနရာမွာ ရပ္တည္ခဲ့တဲ့ အသင္းေတြရဲ႕အေကာင္းဆုံး၃သင္း ထဲမွာ ယီမင္၊ဘဂ္လားေဒ့ရွ္ တို႔နဲ႔ အတူ ပါဝင္ခဲ့တာျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ျမန္မာ အသင္းဟာ ၂၀၂၃ အာရွဖလားေျခစစ္ပြဲကို တိုက္႐ိုက္ကစားရမွာပါ။ အင္ဒိုနီးရွား၊ကေမာၻဒီးယား၊ဂူအမ္နဲ႔ တ႐ုတ္တိုင္ေပ အသင္းတို႔ကေတာ့ Play _off ကစားရမွာျဖစ္ၿပီး အႏိုင္ရတဲ့ ၂သင္း ဟာ တတိယအဆင့္ေျခစစ္ပြဲကစားရမွာျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ တတိယအဆင့္ေျခစစ္ပြဲကို ၂၂သင္း က ေအာင္ထားၿပီးျဖစ္တာေၾကာင့္ စုစုေပါင္း ၂၄သင္းနဲ႔ ၄သင္းစီ ၆အုပ္စုခြဲၿပီး ေျခစစ္ပြဲယွဥ္ၿပိဳင္ၾကမွာျဖစ္ပါတယ္။

၂၀၂၃ အာရွဖလားၿပိဳင္ပြဲကို တ႐ုတ္ႏိုင္ငံ မွာ ဇြန္လ၁၆ရက္ ကေန ဇူလိုင္လ၁၆ရက္အထိ က်င္းပမွာျဖစ္ၿပီး လက္ရွိ မွာ လက္ရွိ အာရွ ခ်န္ပီယံ ကာတာ၊ အိမ္ရွင္အသင္းတ႐ုတ္၊

ဂ်ပန္၊ ဆီးရီးယား၊ ေတာင္ကိုရီးယား၊ ၾသစေၾတးလ်၊ အီရန္၊ ယူေအအီး၊ ေဆာ္ဒီအာေရဗ်၊ အီရတ္၊ အိုမန္၊ ဗီယက္နမ္၊ လက္ဘႏြန္အသင္းေတြက ယွဥ္ၿပိဳင္ခြင့္ရထားတာပါ။