M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဥရောပစူပါလိဂ်မှာ ပါဝင်ခဲ့တဲ့ အသင်းတစ်သင်းဖြစ်တဲ့ အာဆင်နယ်ကို အသင်းပရိသတ်တွေက

အမေရိကန်ပိုင်ရှင် ခရိုအန်ကီဆီကနေ ပြန်လည်ဝယ်ယူဖို့ ကြိုးစားနေတဲ့ ဆွီဒင်သူဌေး ဒယ်နီယယ်အိခ်ကို ထောက်ခံနေကြပါတယ်။

အွန်လိုင်းကနေ သီချင်းတွေကို နားထောင်လို့ရတဲ့ Spotify အပီလီကေးရှင်းရဲ့ ပိုင်ရှင် အိခ်ဟာ ၃၈နှစ်သာရှိသေးပြီး

သူဟာ အာဆင်နယ်အသင်းကို ဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ အသင်းခေါင်းဆောင် ဗီအဲရာ၊ အွန်နရီ၊ ဘားကမ့် တို့နဲ့ ပူးပေါင်းပြီး ဝယ်ယူဖို့ ရည်ရွယ်နေတာပါ။

အွန်နရီက Telegraph ကို ” အာဆင်နယ်ဟာ ပရီသတ်တွေကို ကိုယ်စားပြုတာပါ။

ဒီအသင်းကို ကျွန်တော်ချစ်သလို သေတဲ့အထိ အားပေးသွားမှာပါ။

အခုအချိန်မှာ စူပါလိဂ်လို ပရီသတ်တွေ လက်မခံတဲ့ပြိုင်ပွဲတစ်ခုကို ဝင်ဖို့ကြိုးစားခဲ့ပြီး ဘာတွေဖြစ်နေလဲဆိုတာ မသိတော့ပါဘူး။

အသင်းက ဘောလုံးကလပ်နဲ့ မတူတော့ဘဲ ကုမပဏီတစ်ခုလို ဖြစ်နေပါတယ်။

ငွေကြေးပါဝါက ပိုအင်အားကြီးလာပြီး ဘောလုံးအားကစားရဲ့ တန်ဖိုးက ကျသွားသလို အာဆင်နယ်အသင်းရဲ့ DNA အသင်းဝိဉာဉ် ပျောက်သွားတယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဒယ်နီယယ်အိခ်ဟာ အရမ်းတင်ပေါ်ကျော်ကြားတဲ့ သူဌေးတစ်ဦးမဟုတ်ပေမယ့်လည်း

သူဟာ အာဆင်နယ်အသင်းရဲ့ အမာခံပရီသတ်တစ်ယောက် ဖြစ်ခဲ့တာကတော့ ၁၉၉၁ ခုနှစ် ကတည်းကပါပဲ။

သူအားပေးတဲ့ ကစားသမားကတော့ ပရိသတ်တွေ သိပ်မရင်းခဲ့တဲ့ အန်ဒရပ်လင်းပါ ဖြစ်ပါတယ်။

အိခ်ဟာ Spotify ကို ၂၀၀၈ ခုနှစ်မှာ ဥရောပမှာ စတင်မိတ်ဆက်ခဲ့ပြီး နောက်၃နှစ်မှာ အမေရိကားကို ရောက်ခဲ့ပါတယ်။

အိခ်ဟာ Facebook တည်ထောင်တဲ့ မာခ့်ဇူကာဘတ်နဲ့လည်း ရင်းနှီးတဲ့သူဖြစ်ပြီး သူ့ရဲ့မင်္ဂလာဆောင်ကို

ဇူကာဘတ်တက်ရောက်ခဲ့သလို နာမည်ကြီးအဆိုတော် ဘရူနိုမားစ်က သီချင်းဆိုဖျော်ဖြေခဲ့ပါသေးတယ်။

အာဆင်နယ်အသင်းရဲ့ အမာခံပရီသတ်တစ်ယောက်ဖြစ်တဲ့ အိခ်ဟာ အသားတင်ချမ်းသာကြွယ်ဝမှုတွေအရ

ခရိုအန်ကီကို မယှဉ်နိုင်ပေမယ့် သူသာ အသင်းကို ပိုင်ဆိုင်ခဲ့ရင်

ခရိုအန်ကီလို ကုမပဏီပုံစံ အုပ်ချုပ်စီမံမှာ မဟုတ်ဘဲ အသင်းပရိသတ်တစ်ယောက်လို တိုးတက်အောင်လုပ်မှာဖြစ်တဲ့အတွက်

အွန်နရီပြောသလို သူ့လက်ထက်မှာ ပျောက်ဆုံးနေတဲ့ အာဆင်နယ်ရဲ့ DNA အသင်းဝိဉာဉ်ပြန်ရလာမှာပါ။

အိခ်ဟာ ဒါကြောင့်လည်း အသင်းရဲ့ ဂန္ထဝင်တွေဖြစ်တဲ့ အွန်နရီတို့ ၃ယောက်ပေါင်းအားနဲ့ အသင်းပရီသတ်တွေရဲ့ ထောက်ခံမှုကို ရယူထားနိုင်တာပါ။

ခရိုအန်ကီကတော့ အိခ်တို့ဖက်ကနေ ဝယ်ယူဖို့ကမ်းလှမ်းထားတဲ့ ပေါင် ၂.၅ဘီလီယံ ကိုပယ်ချထားပြီး ရောင်းချမှာ မဟုတ်ဘူးလို့ ကြေညာထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အာဆင္နယ္ရဲ႕ DNA ျပန္ရဖို႔ အသင္းကို ေငြနဲ႔အတူ ႏွလုံးသားပါထည့္ဝယ္မယ့္ သူနဲ႔ ပူးေပါင္းလိုက္တဲ့ ဂႏၴဝင္ဂန္းနားမ်ား

ဥေရာပစူပါလိဂ္မွာ ပါဝင္ခဲ့တဲ့ အသင္းတစ္သင္းျဖစ္တဲ့ အာဆင္နယ္ကို အသင္းပရိသတ္ေတြက

အေမရိကန္ပိုင္ရွင္ ခ႐ိုအန္ကီဆီကေန ျပန္လည္ဝယ္ယူဖို႔ ႀကိဳးစားေနတဲ့ ဆြီဒင္သူေဌး ဒယ္နီယယ္အိခ္ကို ေထာက္ခံေနၾကပါတယ္။

အြန္လိုင္းကေန သီခ်င္းေတြကို နားေထာင္လို႔ရတဲ့ Spotify အပီလီေကးရွင္းရဲ႕ ပိုင္ရွင္ အိခ္ဟာ ၃၈ႏွစ္သာရွိေသးၿပီး

သူဟာ အာဆင္နယ္အသင္းကို ဂႏၴဝင္ကစားသမားေတြျဖစ္တဲ့ အသင္းေခါင္းေဆာင္ ဗီအဲရာ၊ အြန္နရီ၊ ဘားကမ့္ တို႔နဲ႔ ပူးေပါင္းၿပီး ဝယ္ယူဖို႔ ရည္႐ြယ္ေနတာပါ။

အြန္နရီက Telegraph ကို ” အာဆင္နယ္ဟာ ပရီသတ္ေတြကို ကိုယ္စားျပဳတာပါ။

ဒီအသင္းကို ကြၽန္ေတာ္ခ်စ္သလို ေသတဲ့အထိ အားေပးသြားမွာပါ။ အခုအခ်ိန္မွာ စူပါလိဂ္လို ပရိသတ္ေတြ လက္မခံတဲ့ၿပိဳင္ပြဲတစ္ခုကို ဝင္ဖို႔ႀကိဳးစားခဲ့ၿပီး ဘာေတြျဖစ္ေနလဲဆိုတာ မသိေတာ့ပါဘူး။

အသင္းက ေဘာလုံးကလပ္နဲ႔ မတူေတာ့ဘဲ ကုမပဏီတစ္ခုလို ျဖစ္ေနပါတယ္။

ေငြေၾကးပါဝါက ပိုအင္အားႀကီးလာၿပီး ေဘာလုံးအားကစားရဲ႕ တန္ဖိုးက က်သြားသလို အာဆင္နယ္အသင္းရဲ႕ DNA အသင္းဝိဉာဥ္ ေပ်ာက္သြားတယ္” လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

ဒယ္နီယယ္အိခ္ဟာ အရမ္းတင္ေပၚေက်ာ္ၾကားတဲ့ သူေဌးတစ္ဦးမဟုတ္ေပမယ့္လည္း သူဟာ အာဆင္နယ္အသင္းရဲ႕ အမာခံပရီသတ္တစ္ေယာက္ ျဖစ္ခဲ့တာကေတာ့ ၁၉၉၁ ခုႏွစ္ ကတည္းကပါပဲ။

သူအားေပးတဲ့ ကစားသမားကေတာ့ ပရိသတ္ေတြ သိပ္မရင္းခဲ့တဲ့ အန္ဒရပ္လင္းပါ ျဖစ္ပါတယ္။

အိခ္ဟာ Spotify ကို ၂၀၀၈ ခုႏွစ္မွာ ဥေရာပမွာ စတင္မိတ္ဆက္ခဲ့ၿပီး ေနာက္၃ႏွစ္မွာ အေမရိကားကို ေရာက္ခဲ့ပါတယ္။ အိခ္ဟာ Facebook တည္ေထာင္တဲ့ မာခ့္ဇူကာဘတ္နဲ႔လည္း ရင္းႏွီးတဲ့သူျဖစ္ၿပီး သူ႔ရဲ႕မဂၤလာေဆာင္ကို ဇူကာဘတ္တက္ေရာက္ခဲ့သလို နာမည္ႀကီးအဆိုေတာ္ ဘ႐ူႏိုမားစ္က သီခ်င္းဆိုေဖ်ာ္ေျဖခဲ့ပါေသးတယ္။

အာဆင္နယ္အသင္းရဲ႕ အမာခံပရီသတ္တစ္ေယာက္ျဖစ္တဲ့ အိခ္ဟာ အသားတင္ခ်မ္းသာႂကြယ္ဝမႈေတြအရ ခ႐ိုအန္ကီကို မယွဥ္ႏိုင္ေပမယ့္ သူသာ အသင္းကို ပိုင္ဆိုင္ခဲ့ရင္

ခ႐ိုအန္ကီလို ကုမပဏီပုံစံ အုပ္ခ်ဳပ္စီမံမွာ မဟုတ္ဘဲ အသင္းပရိသတ္တစ္ေယာက္လို တိုးတက္ေအာင္လုပ္မွာျဖစ္တဲ့အတြက္

အြန္နရီေျပာသလို သူ႔လက္ထက္မွာ ေပ်ာက္ဆုံးေနတဲ့ အာဆင္နယ္ရဲ႕ DNA အသင္းဝိဉာဥ္ျပန္ရလာမွာပါ။

အိခ္ဟာ ဒါေၾကာင့္လည္း အသင္းရဲ႕ ဂႏၴဝင္ေတြျဖစ္တဲ့ အြန္နရီတို႔ ၃ေယာက္ေပါင္းအားနဲ႔ အသင္းပရီသတ္ေတြရဲ႕ ေထာက္ခံမႈကို ရယူထားႏိုင္တာပါ။

ခ႐ိုအန္ကီကေတာ့ အိခ္တို႔ဖက္ကေန ဝယ္ယူဖို႔ကမ္းလွမ္းထားတဲ့ ေပါင္ ၂.၅ဘီလီယံ ကိုပယ္ခ်ထားၿပီး ေရာင္းခ်မွာ မဟုတ္ဘူးလို႔ ေၾကညာထားပါတယ္။