ကျေနပ်တဲ့ ဇီဒန်းနဲ့ ညည်းတွားတဲ့ တူချယ်လ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နည်းပြ ဇီဒန်းကတော့ ချယ်လ်ဆီးအသင်းနဲ့သရေရလဒ်ထွက်ပေါ်ခဲ့တဲ့ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာပြသခဲ့တဲ့အသင်းရဲ့စွမ်းဆောင်ရည်တွေကိုကျေနပ်နေပါတယ်။

နည်းပြ ဇီဒန်းက”ပထမပိုင်းကကျွန်တော်တို့အတွက်တကယ်ခက်ခဲခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ကျွန်တော်တို့ပွဲကိုထိန်းချုပ်ကစားနိုင်ခဲ့ပါတယ်”

“ပြိုင်ဘက်အသင်းကတကယ်ကိုလျင်မြန်တဲ့ကစားသမားကောင်းတွေပိုင်ဆိုင်ထားပါတယ်။ကျွန်တော်တို့အနည်းဆုံးတော့သရေရလဒ်ထွက်ပေါ်ထားပါတယ်။တစ်ပွဲလုံးစွမ်းဆောင်ရည်နဲ့ပတ်သက်လို့ကတော့ကျေနပ်မိပါတယ်”

“ချယ်လ်ဆီးအသင်းကအသင်းကောင်းတစ်သင်းဖြစ်တဲ့အတွက်ဆီမီးဖိုင်နယ်အဆင့်ကိုရောက်ရှိလာတာပါ။ဒုတိယအကျော့ပွဲစဉ်ကတော့တကယ်ကိုပြင်းထန်မှာပါ။ကျွန်တော့် ကစားသမားတွေက အကောင်းဆုံးကစားခဲ့ပါတယ်။အခုအချိန်မှာတော့ အနားယူလိုက်ပါဦးမယ်” လို့ပြောခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းအနေနဲ့အနိုင်ရသင့်တဲ့အခွင့်အရေးများစွာရခဲ့ပေမယ့်သရေရလဒ်နဲ့သာကျေနပ်ခဲ့ရပြီးဒုတိယအကျော့စတမ်းဖို့ဒ်ဘရစ်ချ်ပွဲစဉ်ကတော့ပိုမိုကြည့်ကောင်းမယ့်အနေအထားမှာရှိနေပါတယ်။

နည်းပြတူချယ်လ်က “ကျွန်တော်တို့ အင်တိုက်အားတိုက်နဲ့ အရည်အသွေးရှိရှိကစားနိုင်ခဲ့တာပါ။ ပထမပိုင်းမှာကတည်းက အနိုင်ရဖို့ထိုက်တန်ခဲ့တာဖြစ်ပြီး အခွင့်အရေးတွေရခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ ပထမပိုင်းမှာပဲ ဂိုးပြန်ပေးခဲ့ရတာက စိတ်ပျက်စရာပါ”

“ကျွန်တော်တို့ တစ်ဂိုးထက်မကပိုသွင်းယူခဲ့သင့်ပြီးတော့ တီမိုဝါနာရဲ့ သွင်းဂိုးကလည်း ရခဲ့သင့်တာပါ။ ပထမပိုင်းမှာကတည်းက အနိုင်ရခဲ့သင့်တယ်လို့ ခံစားမိပါတယ်။ ကျွန်တော် တို့က နိုင်ပွဲနဲ့လည်း ထိုက်တန်ခဲ့ပါတယ်” လို့ ပြောဆိုပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေက်နပ္တဲ့ ဇီဒန္းနဲ႔ ညည္းတြားတဲ့ တူခ်ယ္လ္

နည္းျပ ဇီဒန္းကေတာ့ ခ်ယ္လ္ဆီးအသင္းနဲ႔သေရရလဒ္ထြက္ေပၚခဲ့တဲ့ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ပထမအေက်ာ့ပြဲစဥ္မွာျပသခဲ့တဲ့အသင္းရဲ့စြမ္းေဆာင္ရည္ေတြကိုေက်နပ္ေနပါတယ္။

နည္းျပ ဇီဒန္းက”ပထမပိုင္းကကၽြန္ေတာ္တို႔အတြက္တကယ္္ခက္ခဲခဲ့ပါတယ္။ဒုတိယပိုင္းမွာေတာ့ကၽြန္ေတာ္တို့ပြဲကိုထိန္းခ်ဳပ္ကစားနိုင္ခဲ့ပါတယ္”

“ၿပိဳင္ဘက္အသင္းကတကယ္ကိုလ်င္ျမန္တဲ့ကစားသမားေကာင္းေတြပိုင္ဆိုင္ထားပါတယ္။ကၽြန္ေတာ္တို့အနည္းဆုံးေတာ့သေရရလဒ္ထြက္ေပၚထားပါတယ္။တစ္ပြဲလုံးစြမ္းေဆာင္ရည္နဲ႔ပတ္သက္လို့ကေတာ့ေက်နပ္မိပါတယ္”

“ခ်ယ္လ္ဆီးအသင္းကအသင္းေကာင္းတစ္သင္းျဖစ္တဲ့အတြက္ဆီမီးဖိုင္နယ္အဆင့္ကိုေရာက္ရွိလာတာပါ။ဒုတိယအေက်ာ့ပြဲစဥ္ကေတာ့တကယ္ကိုျပင္းထန္မွာပါ။ကၽြန္ေတာ့္ ကစားသမားေတြက အေကာင္းဆုံးကစားခဲ့ပါတယ္။အခုအခ်ိန္မွာေတာ့ အနားယူလိုက္ပါဦးမယ္” လို့ေျပာခဲ့ပါတယ္။

ခ်ယ္လ္ဆီးအသင္းအေနနဲ႔အနိုင္ရသင့္တဲ့အခြင့္အေရးမ်ားစြာရခဲ့ေပမယ့္သေရရလဒ္နဲ႔သာေက်နပ္ခဲ့ရၿပီးဒုတိယအေက်ာ့စတမ္းဖို့ဒ္ဘရစ္ခ်္ပြဲစဥ္ကေတာ့ပိုမိုၾကည့္ေကာင္းမယ့္အေနအထားမွာရွိေနပါတယ္။

နည္းျပတူခ်ယ္လ္က “ကၽြန္ေတာ္တို့ အင္တိုက္အားတိုက္နဲ႔ အရည္အေသြးရွိရွိကစားနိုင္ခဲ့တာပါ။ ပထမပိုင္းမွာကတည္းက အနိုင္ရဖို့ထိုက္တန္ခဲ့တာျဖစ္ၿပီး အခြင့္အေရးေတြရခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီ ပထမပိုင္းမွာပဲ ဂိုးျပန္ေပးခဲ့ရတာက စိတ္ပ်က္စရာပါ”

“ကၽြန္ေတာ္တို့ တစ္ဂိုးထက္မကပိုသြင္းယူခဲ့သင့္ၿပီးေတာ့ တီမိုဝါနာရဲ့ သြင္းဂိုးကလည္း ရခဲ့သင့္တာပါ။ ပထမပိုင္းမွာကတည္းက အနိုင္ရခဲ့သင့္တယ္လို့ ခံစားမိပါတယ္။ ကၽြန္ေတာ္ တို႕က နိုင္ပြဲနဲ႔လည္း ထိုက္တန္ခဲ့ပါတယ္” လုိ႔ ေျပာဆိုပါတယ္။