သရဲနီအသင်းကို ဝယ်ယူပိုင်ဆိုင်ချင်တဲ့ တိုက်ခိုက်ရေးသမားကြီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဥရောပစူပါလိဂ် ဂယက်ကြောင့် အင်္ဂလန် ထိပ်သီးကလပ်တွေကြား ရိုက်ခိုက်မှုတွေရှိနေပါတယ်။ သက်ဆိုင်ရာထိပ်တန်းတာဝန်ရှိသူတချို့ နှုတ်ထွက်စာတင်ထားကြသလို၊ ပရိသတ်တွေကလည်း ဆန္ဒထုတ်ဖော်တာတွေလုပ်ဆောင်နေကြပါတယ်။ သရဲနီအသင်းကတော့ အက်ဝုဒ်ဝဒ်ရဲ့ နှုတ်ထွက်စာကိုလက်ခံရရှိထားသလို၊ တစ်ဖက်မှာလည်း အသင်းရောင်းချလာနိုင်တဲ့ ကိစ္စတွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။

UFC ရဲ့ နာမည်ကျော်တိုက်ခိုက်ရေးသမား ကော်နာမက်ဂရီဂေါ်က သူ့ရဲ့တွစ်တာအကောင့်မှာ ယူနိုက်တက်အသင်းကို ဝယ်ယူဖို့ စဉ်းစားနေတယ်လို့ ရေးသားထားပါတယ်။ မက်ဂရီဂေါ်ဟာ သူငယ်ငယ်ဘဝကတည်းက ယူနိုက်တက်အသင်းကို အားပေးလာတာပါ။

“ဟေး အားလုံးပဲ၊ ကျွန်တော် ယူနိုက်တက်ကို ဝယ်ယူဖို့အတွက် စဉ်းစားနေပါတယ်။ ခင်ဗျားတို့ ဘယ်လိုထင်မြင်ကြလဲ” လို့ မက်ဂရီဂေါ်က ဖော်လိုဝါ ၈.၆ သန်းအထိရှိတဲ့ သူ့ရဲ့တွစ်တာအကောင့်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

အိုင်ယာလန်နိုင်ငံသားမက်ဂရီဂေါ်ဟာ ငွေကြေးချမ်းသာမှုအပိုင်းမှာယူရို သန်း 100 ဝန်းကျင်အထိ ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး MMA ဖိုက်တာအဖြစ် ရပ်တည်နေသူဖြစ်တဲ့ သူ့ရဲ့အဲဒီ ပြောဆိုမှုက အမှန်တကယ်လည်း ဖြစ်သွားနိုင်သလို၊ ေ၀ဝါး ပျက်ပြားသွားတာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။

ကော်နာမက်ဂရီဂေါ်ဟာ ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းရွိုင်ကိန်းကို အလွန်အမင်းကြိုက်နှစ်သက်သူဖြစ်ပြီး ၊ ယူနိုက်တက်အသင်းသားလည်း ဖြစ်ချင်ခဲ့သူပါ။ဒါ့အပြင် မက်ဂရီဂေါ်ဟာ ဖာဂူဆန် တစ်ယောက် ယူနိုက်တက်ကို ပုံစံအမျိုးမျိုးနဲ့အောင်မြင်အောင်လုပ်ဆောင်ပေးနိုင်ခဲ့တဲ့အပေါ်ကိုလည်းချီးကျူးစကားပြောဆိုခဲ့ဖူးပါတယ်။

တိုက်ခိုက်ရေးသမားကြီးအနေနဲ့ တစ်ယောက်တည်းအားနဲ့ မဝယ်နိုင်တောင် စုပေါင်း စပ်ပေါင်းအားနဲ့ သရဲနီအသင်းကို ဝယ်တာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။

အဓိက ကတော့ ငွေမက် အကြွေးရှိတဲ့ ဂလေဇာမိသားစုရဲ့ ဆုံးဖြတ်ရပ်တည်ချက်ပေါ်မှာလည်း မူတည်ပါသေးတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

သရဲနီအသင္းကို ၀ယ္ယူပိုင္ဆိုင္ခ်င္တဲ့ တိုက္ခုိက္ေရးသမားႀကီး

ဥေရာပစူပါလိဂ္ ဂယက္ေၾကာင့္ အဂၤလန္ ထိပ္သီးကလပ္ေတြၾကား ရိုက္ခိုက္မွဳေတြရိွေနပါတယ္။ သက္ဆိုင္ရာထိပ္တန္းတာ၀န္ရိွသူတခ်ဳိ႕ ႏွဳတ္ထြက္စာတင္ထားၾကသလုိ၊ ပရိသတ္ေတြကလည္း ဆႏၵထုတ္ေဖာ္တာေတြလုပ္ေဆာင္ေနၾကပါတယ္။ သရဲနီအသင္းကေတာ့ အက္၀ုဒ္၀ဒ္ရဲ႕ ႏွဳတ္ထြက္စာကိုလက္ခံရရိွထားသလုိ၊ တစ္ဖက္မွာလည္း အသင္းေရာင္းခ်လာႏိုင္တဲ့ ကိစၥေတြလည္း ျဖစ္ေပၚလာႏိုင္ပါတယ္။

UFC ရဲ႕ နာမည္ေက်ာ္တိုက္ခိုက္ေရးသမား ေကာ္နာမက္ဂရီေဂၚက သူ႔ရဲ႕တြစ္တာအေကာင့္မွာ ယူႏိုက္တက္အသင္းကို ဝယ္ယူဖို႔ စဥ္းစားေနတယ္လို႔ ေရးသားထားပါတယ္။ မက္ဂရီေဂၚဟာ သူငယ္ငယ္ဘ၀ကတည္းက ယူႏိုက္တက္အသင္းကို အားေပးလာတာပါ။

“ေဟး အားလုံးပဲ၊ ကြၽန္ေတာ္ ယူႏို္က္တက္ကို ဝယ္ယူဖို႔အတြက္ စဥ္းစားေနပါတယ္။ ခင္ဗ်ားတို႔ ဘယ္လိုထင္ျမင္ၾကလဲ” လို႔ မက္ဂရီေဂၚက ေဖာ္လိုဝါ ၈.၆ သန္းအထိရွိတဲ့ သူ႔ရဲ႕တြစ္တာအေကာင့္မွာ ေရးသားခဲ့တာျဖစ္ပါတယ္။

အိုင္ယာလန္ႏိုင္ငံသားမက္ဂရီေဂၚဟာ ေငြေၾကးခ်မ္းသာမွဳအပိုင္းမွာယူရို သန္း 100 ၀န္းက်င္အထိ ပိုင္ဆိုင္ထားတယ္လို႔ သိရပါတယ္။ ကမာၻေပၚမွာ အခ်မ္းသာဆုံး MMA ဖိုက္တာအျဖစ္ ရပ္တည္ေနသူျဖစ္တဲ့ သူ႔ရဲ႕အဲဒီ ေျပာဆိုမႈက အမွန္တကယ္လည္း ျဖစ္သြားႏိုင္သလုိ၊ ေ၀၀ါး ပ်က္ျပားသြားတာမ်ဳိးလည္း ျဖစ္သြားႏိုင္ပါတယ္။

ေကာ္နာမက္ဂရီေဂၚဟာ ယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္း႐ြိဳင္ကိန္းကို အလြန္အမင္းႀကိဳက္ႏွစ္သက္သူျဖစ္ၿပီး ၊ ယူႏိုက္တက္အသင္းသားလည္း ျဖစ္ခ်င္ခဲ့သူပါ။ဒါ့အျပင္ မက္ဂရီေဂၚဟာ ဖာဂူဆန္ တစ္ေယာက္ ယူႏိုက္တက္ကို ပုံစံအမ်ဳိးမ်ိဳးနဲ႔ေအာင္ျမင္ေအာင္လုပ္ေဆာင္ေပးႏိုင္ခဲ့တဲ့အေပၚကိုလည္းခ်ီးက်ူးစကားေျပာဆိုခဲ့ဖူးပါတယ္။

တိုက္ခိုက္ေရးသမားႀကီးအေနနဲ႔ တစ္ေယာက္တည္းအားနဲ႔ မ၀ယ္ႏိုင္ေတာင္ စုေပါင္း စပ္ေပါင္းအားနဲ႔ သရဲနီအသင္းကို ၀ယ္တာမ်ဳိးလည္း ျဖစ္သြားႏိုင္ပါတယ္။ အဓိက ကေတာ့ ေငြမက္ အေၾကြးရိွတဲ့ ဂေလဇာမိသားစုရဲ႕ ဆုံးျဖတ္ရပ္တည္ခ်က္ေပၚမွာလည္း မူတည္ပါေသးတယ္။