ဂိုးတွေကိုယ်စီသွင်းပြီး အားပြိုင်နေတဲ့ စီရော်နယ်ဒိုနဲ့ လူကာကူ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့ညက ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ် ၂ ပွဲဖြစ်တဲ့ အင်တာမီလန်အသင်းနဲ့ ဆာဆူအူလိုအသင်းတို့ရဲ့ ပွဲစဉ် ၊ ပြီးတော့ ဂျူဗင်တပ်စ်အသင်းနဲ့ နာပိုလီအသင်းတို့ရဲ့ပွဲစဉ်တွေမှာ အိမ်ရှင်အသင်းတွေဖြစ်တဲ့ ဂျူဗင်တပ်စ်အသင်းနဲ့အင်တာမီလန်အသင်းတို့ဟာ ပြိုင်ဘက်အသင်းတွေကို ၂-၁ ဆိုတဲ့ရလဒ်အသီးသီးနဲ့ အနိုင်ယူနိုင်ခဲ့ကြပါတယ်။

ဂျူဗင်တပ်စ်အတွက် ရော်နယ်ဒို နဲ့ ဒီဘာလာတို့က တစ်ယောက် တစ်ဂိုးစီသွင်းယူပေးခဲ့ကြပါတယ်။ နာပိုလီအတွက် အင်ဆစ်ဂ်နီက ချေပဂိုးသွင်းပေးခဲ့ပေမယ့် ပွဲချိန်နှောင်းနေခဲ့ပြီဖြစ်တာကြောင့် ဂျူဗင်တပ်စ်တို့ အနိုင်ရခဲ့ပါတယ်။

အဲဒီပွဲမှာ တစ်ဂိုးသွင်းယူအပြီး ရော်နယ်ဒိုရဲ့ ဒီရာသီစီးရီးအေသွင်းဂိုးကလည်း ၂၅ ဂိုးအထိ ရှိလာခဲ့ကာ ရွှေဖိနပ်ဆုအတွက် လူကာကူကို ဖိအားပေးနေဆဲဖြစ်ပါတယ်။ ရော်နယ်ဒိုအနေနဲ့ အခုလိုမျိုး ၂၅ ဂိုးအထိ ရရှိခဲ့တာဟာ သူ့ရဲ့ ထိပ်တန်းလိဂ်ကျင်လည်ခဲ့တဲ့ ကစားသမားဘဝနောက်ဆုံး ၁၂ နှစ်မှာ ၁၁ နှစ်အထိ အနည်းဆုံးလိဂ်ဂိုး ၂၅ ဂိုး ရရှိမှု ဖြစ်လာခဲ့ပါတယ်။

တစ်ဖက်မှာလည်း အင်တာမီလန်အသင်းအတွက် ပထမဂိုးကို အက်ရှ်လေယန်းရဲ့ဖန်တီးပေးပို့မှုကနေတစ်ဆင့် လူကာကူက ခေါင်းတိုက်သွင်းယူခဲ့သလို ဒုတိယဂိုးကိုလည်း လူကာကူကပဲဖန်တီးပေးခဲ့ပြီး မာတီနက်ဇ်က အဆုံးသတ်ပေးခဲ့ပါတယ်။ဆာဆူအူလိုအသင်းအတွက်ချေပဂိုးကိုတော့ ပွဲချိန် ၈၅ မိနစ်မှာ ထရာအိုရေးကသွင်းယူပေးခဲ့ပါတယ်။

ဒိုလေးနဲ့ လူကာကူတို့ရဲ့ အသင်းနှစ်သင်းဟာ ၂၉ ပွဲစီကစားထားပြီး အင်တာမီလန်က ရမှတ် ၇၁ မှတ်နဲ့ ဇယားထိပ်မှာဦးဆောင်နေကာ ဂျူဗင်တပ်စ်အသင်းကတော့ ရမှတ် ၅၉ မှတ်နဲ့ အင်တာမီလန်နောက် ၁၂မှတ် ဖြတ်ကာ ဇယားရဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။

ဆုတွေ၊ မှတ်တမ်းကောင်းတွေ အတွက် အပြိုင်ကြဲနေသူနှစ်ယောက်ရဲ့ ပွဲသိမ်းမှတ်တမ်းမှတ်ရာ တွေက မြင်တွေ့ရဖို့ တဖြည်းဖြည်း နီးလာနေပါပြီ။

ရော်နယ်ဒိုနဲ့ လူကာကူတို့ရဲ့ အပြောင်းအရွှေ့ သတင်းတွေကလည်း မကြာခဏ ထွက်နေပေမယ့် အတည်တော့မရှိသေးပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဂိုးေတြကိုယ္စီသြင္းၿပီး အားၿပိဳင္ေနတဲ့ စီေရာ္နယ္ဒိုနဲ႔ လူကာကူ

မေန႔ညက ကစားခဲ့တဲ့ စီးရီးေအ ပြဲစဥ္ ၂ ပြဲျဖစ္တဲ့ အင္တာမီလန္အသင္းနဲ႔ ဆာဆူအူလိုအသင္းတို႔ရဲ႕ ပြဲစဥ္ ၊ ၿပီးေတာ့ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ နာပိုလီအသင္းတို႔ရဲ႕ပြဲစဥ္ေတြမွာ အိမ္ရွင္အသင္းေတြျဖစ္တဲ့ ဂ်ဴဗင္တပ္စ္အသင္းနဲ႔အင္တာမီလန္အသင္းတို႔ဟာ ၿပိဳင္ဘက္အသင္းေတြကို ၂-၁ ဆိုတဲ့ရလဒ္အသီးသီးနဲ႔ အႏိုင္ယူႏိုင္ခဲ့ၾကပါတယ္။

ဂ်ဴဗင္တပ္စ္အတြက္ ေရာ္နယ္ဒို နဲ႔ ဒီဘာလာတို႔က တစ္ေယာက္ တစ္ဂိုးစီသြင္းယူေပးခဲ့ၾကပါတယ္။ နာပိုလီအတြက္ အင္ဆစ္ဂ္နီက ေခ်ပဂိုးသြင္းေပးခဲ့ေပမယ့္ ပြဲခ်ိန္ေႏွာင္းေနခဲ့ၿပီျဖစ္တာေၾကာင့္ ဂ်ဴဗင္တပ္စ္တို႔ အႏိုင္ရခဲ့ပါတယ္။

အဲဒီပြဲမွာ တစ္ဂိုးသြင္းယူအၿပီး ေရာ္နယ္ဒိုရဲ႕ ဒီရာသီစီးရီးေအသြင္းဂိုးကလည္း ၂၅ ဂိုးအထိ ရွိလာခဲ့ကာ ေ႐ႊဖိနပ္ဆုအတြက္ လူကာကူကို ဖိအားေပးေနဆဲျဖစ္ပါတယ္။ ေရာ္နယ္ဒိုအေနနဲ႔ အခုလိုမ်ိဳး ၂၅ ဂိုးအထိ ရရွိခဲ့တာဟာ သူ႔ရဲ႕ ထိပ္တန္းလိဂ္က်င္လည္ခဲ့တဲ့ ကစားသမားဘဝေနာက္ဆုံး ၁၂ ႏွစ္မွာ ၁၁ ႏွစ္အထိ အနည္းဆုံးလိဂ္ဂိုး ၂၅ ဂိုး ရရွိမႈ ျဖစ္လာခဲ့ပါတယ္။

တစ္ဖက္မွာလည္း အင္တာမီလန္အသင္းအတြက္ ပထမဂိုးကို အက္ရွ္ေလယန္းရဲ႕ဖန္တီးေပးပို႔မႈကေနတစ္ဆင့္ လူကာကူက ေခါင္းတိုက္သြင္းယူခဲ့သလို ဒုတိယဂိုးကိုလည္း လူကာကူကပဲဖန္တီးေပးခဲ့ၿပီး မာတီနက္ဇ္က အဆုံးသတ္ေပးခဲ့ပါတယ္။ဆာဆူအူလိုအသင္းအတြက္ေခ်ပဂိုးကိုေတာ့ ပြဲခ်ိန္ ၈၅ မိနစ္မွာ ထရာအိုေရးကသြင္းယူေပးခဲ့ပါတယ္။

ဒိုေလးနဲ႔ လူကာကူတို႔ရဲ႕ အသင္းႏွစ္သင္းဟာ ၂၉ ပြဲစီကစားထားၿပီး အင္တာမီလန္က ရမွတ္ ၇၁ မွတ္နဲ႔ ဇယားထိပ္မွာဦးေဆာင္ေနကာ ဂ်ဴဗင္တပ္စ္အသင္းကေတာ့ ရမွတ္ ၅၉ မွတ္နဲ႔ အင္တာမီလန္ေနာက္ ၁၂မွတ္ ျဖတ္ကာ ဇယားရဲ႕ တတိယေနရာမွာ ရပ္တည္ေနပါတယ္။

ဆုေတြ၊ မွတ္တမ္းေကာင္းေတြ အတြက္ အၿပိဳင္ႀကဲေနသူႏွစ္ေယာက္ရဲ႕ ပြဲသိမ္းမွတ္တမ္းမွတ္ရာ ေတြက ျမင္ေတြ႕ရဖို႔ တျဖည္းျဖည္း နီးလာေနပါၿပီ။ ေရာ္နယ္ဒိုနဲ႔ လူကာကူတို႔ရဲ႕ အေျပာင္းအေ႐ႊ႕ သတင္းေတြကလည္း မၾကာခဏ ထြက္ေနေပမယ့္ အတည္ေတာ့မရွိေသးပါဘူး။