စီးရီးအေမှာ ၅မှတ်ဖြတ်ဦးဆောင်နေပြီးနောက် အသင်းရဲ့ပစ်မှတ်ကို ထုတ်ပြောလာတဲ့ မီလန်ကွင်းလယ်လူ ကက်ဆီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့တနင်္ဂနွေညက ဆမ်ဒိုးရီးယားကို ၁-၂ ဂိုးနဲ့အနိုင်ရခဲ့ပြီးနောက် အေစီမီလန်အသင်းအနေနဲ့ ယခုရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ပစ်မှတ်ထားနေတယ်လို့ ကွင်းလယ်လူ ကက်ဆီးက ပြောပါတယ်။

အိုင်ဗရီကို့စ်လက်ရွေးစင် ကက်ဆီးဟာ အဲဒီပွဲမှာ ပင်နယ်တီကနေ အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲစဉ် ၁၀အပြီးမှာ ၄ဂိုးသွင်းယူထားနိုင်ပြီဖြစ်ရာ ယမန်နှစ်ရာသီက တစ်ရာသီလုံး ၃၅ပွဲကစားအပြီးမှာ သွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုးအရေအတွက်ကို လိုက်မီသွားတာဖြစ်ပါတယ်။


အဲဒီပွဲမှာအနိုင်ရခဲ့တာကြောင့် အေစီမီလန်အသင်းဟာ ပွဲစဉ် ၁၀အပြီးမှာ ရှုံးပွဲမရှိစံချိန်နဲ့ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယနေရာက မြို့ခံပြိုင်ဘက် အင်တာမီလန်ကို ၅ မှတ်အထိဖြတ်ထားပါတယ်။


ဒါပေမဲ့ ကက်ဆီးကတော့ ယခုရာသီ မိမိတို့အသင်းရဲ့အဓိကရည်မှန်းချက်က ၂၀၁၃-၁၄ ရာသီက နောက်ဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်မှာ ပြန်လည်ကစားခွင့်ရရှိရေးပင်ဖြစ်ကြောင်း ပြောပါတယ်။


”ကျွန်တော်တို့အသင်းမှာ အံ့အားသင့်စရာကောင်းတဲ့စုဖွဲ့မှုရှိပြီး ဒီပွဲက ခက်ခဲနိုင်မှန်းသိပေမယ့် အဆုံးသတ်အထိ တိုက်ပွဲဝင်ခဲ့ပါတယ်။ ကေဂျာနဲ့ အီဘရာဟီမိုဗစ်တို့လို ဝါရင့်ကစားသမား ၂ဦးမပါဝင်ဘဲ ကစားရတာ မလွယ်ပေမယ့် ကျွန်တော်တု့ိအနေနဲ့ နည်းပြမှာထားတဲ့အတိုင်း ကစားနိုင်ခဲ့ပါတယ်”


”ကျွန်တော်တို့ရဲ့ရည်မှန်းချက်က ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ပါ။ ကျွန်တော်တို့တွေ မြောက်သွားလို့မရပါဘူး။ ဒီပုံစံအတိုင်း ဆက်လက်ကစားနိုင်ဖို့လိုအပ်ပြီး ချန်ပီယံလိဂ်မှာ ပြန်လည်ကစားခွင့်ရဖို့က ကျွန်တော်တို့ရဲ့အိပ်မက်ပါ”လို့ အသက် ၂၃ နှစ်အရွယ်ရှိ ကက်ဆီးက ပြောပါတယ။

အေစီမီလန်ဟာ ၂၀၁၄ ချန်ပီယံလိဂ်မှာ အက်သလက်တီကိုအသင်းကို နှစ်ကျော့ပေါင်း ၅-၁ ဂိုးနဲ့ အရေးနိမ့်ကာ ၁၆သင်းအဆင့်ကနေ ထွက်ခဲ့ရပြီး ယမန်နှစ်ရာသီက ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းတွေ ချိုးဖောက်မှုကြောင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီးနောက် ယခုရာသီယူရိုပါလိဂ်မှာ ပါဝင်ယှဉ်ပြိုင်နေပါတယ်။


အေစီမီလန်ဟာ ယခုရာသီ ယူရိုပါလိဂ်မှာ အုပ်စုနောက်ဆုံးပွဲမတိုင်ခင် ၃၂သင်းအဆင့်ကို တက်ရောက်ထားပြီးဖြစ်ပေမယ့် အုပ်စုပထမနေရာအတွက် လိုင်လီနဲ့ အားပြိုင်နေရပြီး ကြာသပတေးနေ့မှာ စပါတာပရာဟာနဲ့ ချက်မြေမှာ ကစားရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
စီးရီးေအမွာ ၅မွတ္ျဖတ္ဦးေဆာင္ေနၿပီးေနာက္ အသင္းရဲ႕ပစ္မွတ္ကို ထုတ္ေျပာလာတဲ့ မီလန္ကြင္းလယ္လူ

ကက္ဆီး
ၿပီးခဲ့တဲ့တနဂၤေႏြညက ဆမ္ဒိုးရီးယားကို ၁-၂ ဂိုးနဲ႔အႏိုင္ရခဲ့ၿပီးေနာက္ ေအစီမီလန္အသင္းအေနနဲ႔ ယခုရာသီအကုန္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ ပစ္မွတ္ထားေနတယ္လို႔ ကြင္းလယ္လူ ကက္ဆီးက ေျပာပါတယ္။
အိုင္ဗရီကို႔စ္လက္ေ႐ြးစင္ ကက္ဆီးဟာ အဲဒီပြဲမွာ ပင္နယ္တီကေန အသင္းအတြက္ ဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ပြဲစဥ္ ၁၀အၿပီးမွာ ၄ဂိုးသြင္းယူထားႏိုင္ၿပီျဖစ္ရာ ယမန္ႏွစ္ရာသီက တစ္ရာသီလုံး ၃၅ပြဲကစားအၿပီးမွာ သြင္းယူႏိုင္ခဲ့တဲ့ သြင္းဂိုးအေရအတြက္ကို လိုက္မီသြားတာျဖစ္ပါတယ္။
အဲဒီပြဲမွာအႏိုင္ရခဲ့တာေၾကာင့္ ေအစီမီလန္အသင္းဟာ ပြဲစဥ္ ၁၀အၿပီးမွာ ရႈံးပြဲမရွိစံခ်ိန္နဲ႔ အမွတ္ေပးဇယားကို ဆက္လက္ဦးေဆာင္ႏိုင္ခဲ့ၿပီး ဒုတိယေနရာက ၿမိဳ႕ခံၿပိဳင္ဘက္ အင္တာမီလန္ကို ၅ မွတ္အထိျဖတ္ထားပါတယ္။
ဒါေပမဲ့ ကက္ဆီးကေတာ့ ယခုရာသီ မိမိတို႔အသင္းရဲ႕အဓိကရည္မွန္းခ်က္က ၂၀၁၃-၁၄ ရာသီက ေနာက္ဆုံးအႀကိမ္ ပါဝင္ယွဥ္ၿပိဳင္ခဲ့တဲ့ ခ်န္ပီယံလိဂ္မွာ ျပန္လည္ကစားခြင့္ရရွိေရးပင္ျဖစ္ေၾကာင္း ေျပာပါတယ္။

”ကြၽန္ေတာ္တို႔အသင္းမွာ အံ့အားသင့္စရာေကာင္းတဲ့စုဖြဲ႕မႈရွိၿပီး ဒီပြဲက ခက္ခဲႏိုင္မွန္းသိေပမယ့္ အဆုံးသတ္အထိ တိုက္ပြဲဝင္ခဲ့ပါတယ္။ ေကဂ်ာနဲ႔ အီဘရာဟီမိုဗစ္တို႔လို ဝါရင့္ကစားသမား ၂ဦးမပါဝင္ဘဲ ကစားရတာ မလြယ္ေပမယ့္ ကြၽန္ေတာ္တု႔ိအေနနဲ႔ နည္းျပမွာထားတဲ့အတိုင္း ကစားႏိုင္ခဲ့ပါတယ္”
”ကြၽန္ေတာ္တို႔ရဲ႕ရည္မွန္းခ်က္က ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ပါ။ ကြၽန္ေတာ္တို႔ေတြ ေျမာက္သြားလို႔မရပါဘူး။ ဒီပုံစံအတိုင္း ဆက္လက္ကစားႏိုင္ဖို႔လိုအပ္ၿပီး ခ်န္ပီယံလိဂ္မွာ ျပန္လည္ကစားခြင့္ရဖို႔က ကြၽန္ေတာ္တို႔ရဲ႕အိပ္မက္ပါ”လို႔ အသက္ ၂၃ ႏွစ္အ႐ြယ္ရွိ ကက္ဆီးက ေျပာပါတယ။
ေအစီမီလန္ဟာ ၂၀၁၄ ခ်န္ပီယံလိဂ္မွာ အက္သလက္တီကိုအသင္းကို ႏွစ္ေက်ာ့ေပါင္း ၅-၁ ဂိုးနဲ႔ အေရးနိမ့္ကာ ၁၆သင္းအဆင့္ကေန ထြက္ခဲ့ရၿပီး ယမန္ႏွစ္ရာသီက ဘ႑ာေရးဆိုင္ရာစည္းမ်ဥ္းေတြ ခ်ိဳးေဖာက္မႈေၾကာင့္ ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရၿပီးေနာက္ ယခုရာသီယူ႐ိုပါလိဂ္မွာ ပါဝင္ယွဥ္ၿပိဳင္ေနပါတယ္။
ေအစီမီလန္ဟာ ယခုရာသီ ယူ႐ိုပါလိဂ္မွာ အုပ္စုေနာက္ဆုံးပြဲမတိုင္ခင္ ၃၂သင္းအဆင့္ကို တက္ေရာက္ထားၿပီးျဖစ္ေပမယ့္ အုပ္စုပထမေနရာအတြက္ လိုင္လီနဲ႔ အားၿပိဳင္ေနရၿပီး ၾကာသပေတးေန႔မွာ စပါတာပရာဟာနဲ႔ ခ်က္ေျမမွာ ကစားရမွာျဖစ္ပါတယ္။