ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ခဲ့ရရင်လည်း ယူနိုက်တက်အတွက် ကျရှုံးမှုဖြစ်လာမှာမဟုတ်ကြောင်း ဘာဘာတော့ဗ် ပြော

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အနေနဲ့ ယခုရာသီ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ခဲ့ရရင်လည်း အသင်းအတွက် ကျရှုံးမှုဖြစ်လာမှာမဟုတ်ကြောင်း တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က သုံးသပ်ပါတယ်။


ယူနိုက်တက်ဟာ ချန်ပီယံလိဂ်မှာ ၁ရာသီကြာကစားခွင့်မရခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ တတိယနေရာရပြီး ချန်ပီယံလိဂ်ဝင်ခွင့် ပြန်ရခဲ့သလို ပီအကစ်ဂျီ၊ လိုက်ပ်ဇစ်၊ ဘာဆက်ဆီဟာတု့ိနဲ့အတူ အုပ်စုကျပ်ထဲ ရောက်ခဲ့ပေမယ့် ၅ပွဲကစားပြီးချိန်ှမှာ ၉ မှတ်ရရှိထားပါတယ်။


ယူနိုက်တက်ဟာ အုပ်စုပွဲစဉ် ၅ မှာ နောက်တစ်ဆင့်တက်နိုင်ရေးအခွင့်အရေးကို အရမယူနိုင်ခဲ့ဘဲ အိမ်ကွင်းမှာ ပီအက်စ်ဂျီကို ၁-၃ ဂိုးနဲ့ အရေးနိမ့်ခဲ့လို့ အခုဆိုရင် ဂျာမန်မြေမှာ ကစားရမယ့် နောက်ဆုံးပွဲမှာ လိုက်ပ်ဇစ်ကို အရေးနိမ့်တာနဲ့ ပြိုင်ပွဲကနေ ထွက်ရမှာဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် နည်းပြဆိုးလ်ရှားရဲ့အနာဂတ်က မသေမချာဖြစ်လာနိုင်တယ်လို့ သတင်းတွေက ရေးသားဖော်ပြနေပေမယ့် ဘာဘာတော့ဗ်ကတော့ နော်ဝေနိုင်ငံသား ဆိုးလ်ရှားရဲ့အနာဂတ်က ပရီးမီးယားလိဂ်မှာ အသင်းရဲ့အခြေအနေအပေါ် ပိုမိုမူတည်နိုင်တယ်လို့ ပြောပါတယ်။


”ဒီရာသီ ယူနိုက်တက်အသင်းရဲ့စွမ်းဆောင်မှုတွေကို ပြန်ကြည့်ရင် ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ခဲ့ရလည်း ကျရှုံးမှုဖြစ်လာမှာမဟုတ်ပါဘူး။ အရမ်းစိတ်ပျက်စရာကောင်းတာနဲ့ ကျရှုံးမှုကို သွားရောလို့မရပါဘူး”

”တကယ်လို့ ယူနိုက်တက်က ယမန်နှစ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲရောက်ပြီးမှ ဒီနှစ်မှာအုပ်စုအဆင့်ကနေ ထွက်ရရင် ဒါက ကျရှုံးမှုဖြစ်လာမှာပါ။ ဒါပေမဲ့ ယူနိုက်တက်က အဲဒီလိုမှမဟုတ်တာ။ တကယ်လို့ ယူနိုက်တက်အသင်း ချန်ပီယံလိဂ်ကနေ ထွက်ရရင် အရမ်းစိတ်ပျက်စရာကောင်းလာမှာသေချာပါတယ်”
”ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့လက်ရှိအနေအထားအရ နောက်ဆုံးပွဲမှာ တစ်မှတ်ရရင် အဆင်ပြေနေတဲ့အခွင့်အရေးကြောင့်ပါ။ သူတို့ချန်ပီယံလိဂ်ကနေ ထွက်ရရင် ယူရိုပါလိဂ်ဘက်ရောက်သွားမှာပါ။ ဒီလိုဆိုရင် ဆိုးလ်ရှားလည်း ဖိအားတွေနဲ့ရင်ဆိုင်ရမှာအမှန်ပါပဲ”


”ဒါပေမဲ့ သူ့ရဲ့ကျရှုံးမှုက ဥရောပမှာမဟုတ်ဘဲ ပရီးမီးယားလိဂ်မှာ အသင်းရဲ့အခြေအနေအပေါ် မူတည်နေပါတယ်။ လက်ရှိအချိန်မှာတော့ အသင်းရဲ့အနေအထားက ပြီးခဲ့တဲ့နှစ်အနည်းငယ်ကအတိုင်း ရိုလာကိုစတာစီးနေရသလိုပါပဲ”လို့ ဘာဘာတော့ဗ်က ပြောပါတယ်။


ဘာဘာတော့ဗ်က အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်အသင်း ၅-၀ ဂိုးနဲ့အနိုင်ရခဲ့တာက မနက်ဖြန်မှာကစားရမယ့် ဒု-အကျော့ပွဲမှာ အကျိုးသက်ရောက်မှု သိပ်ရှိမှာမဟုတ်ဘူးလို့ ပြောပေမယ့် ယူနိုက်တက်အသင်း ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ရောက်ဖို့ လိုအပ်နေတဲ့ တစ်မှတ် ရယူနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကေန ထြက္ခဲ့ရရင္လည္း ယူႏိုက္တက္အတြက္ က်႐ံႈးမႈျဖစ္လာမွာမဟုတ္ေၾကာင္း ဘာဘာေတာ့ဗ္ ေျပာ
ယူႏုိက္တက္အေနနဲ႔ ယခုရာသီ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကေန ထြက္ခဲ့ရရင္လည္း အသင္းအတြက္ က်႐ံႈးမႈျဖစ္လာမွာမဟုတ္ေၾကာင္း တုိက္စစ္မွဴးေဟာင္း ဘာဘာေတာ့ဗ္က သုံးသပ္ပါတယ္။
ယူႏုိက္တက္ဟာ ခ်န္ပီယံလိဂ္မွာ ၁ရာသီၾကာကစားခြင့္မရခဲ့ေပမယ့္ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္မွာ တတိယေနရာရၿပီး ခ်န္ပီယံလိဂ္၀င္ခြင့္ ျပန္ရခဲ့သလုိ ပီအကစ္ဂ်ီ၊ လုိက္ပ္ဇစ္၊ ဘာဆက္ဆီဟာတု႔ိနဲ႔အတူ အုပ္စုက်ပ္ထဲ ေရာက္ခဲ့ေပမယ့္ ၅ပြဲကစားၿပီးခ်ိန္ွမွာ ၉ မွတ္ရရွိထားပါတယ္။
ယူနုိက္တက္ဟာ အုပ္စုပဲြစဥ္ ၅ မွာ ေနာက္တစ္ဆင့္တက္ႏိုင္ေရးအခြင့္အေရးကို အရမယူႏိုင္ခဲ့ဘဲ အိမ္ကြင္းမွာ ပီအက္စ္ဂ်ီကို ၁-၃ ဂိုးနဲ႔ အေရးနိမ့္ခဲ့လုိ႔ အခုဆုိရင္ ဂ်ာမန္ေျမမွာ ကစားရမယ့္ ေနာက္ဆုံးပဲြမွာ လုိက္ပ္ဇစ္ကုိ အေရးနိမ့္တာနဲ႔ ၿပိဳင္ပြဲကေန ထြက္ရမွာျဖစ္ပါတယ္။

ဒီလိုအေျခအေနေတြေၾကာင့္ နည္းျပဆိုးလ္ရွားရဲ႕အနာဂတ္က မေသမခ်ာျဖစ္လာႏုိင္တယ္လုိ႔ သတင္းေတြက ေရးသားေဖာ္ျပေနေပမယ့္ ဘာဘာေတာ့ဗ္ကေတာ့ ေနာ္ေ၀ႏိုင္ငံသား ဆုိးလ္ရွားရဲ႕အနာဂတ္က ပရီးမီးယားလိဂ္မွာ အသင္းရဲ႕အေျခအေနအေပၚ ပိုမိုမူတည္ႏိုင္တယ္လုိ႔ ေျပာပါတယ္။
”ဒီရာသီ ယူႏုိက္တက္အသင္းရဲ႕စြမ္းေဆာင္မႈေတြကို ျပန္ၾကည့္ရင္ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကေန ထြက္ခဲ့ရလည္း က်႐ံႈးမႈျဖစ္လာမွာမဟုတ္ပါဘူး။ အရမ္းစိတ္ပ်က္စရာေကာင္းတာနဲ႔ က်႐ံႈးမႈကို သြားေရာလုိ႔မရပါဘူး”
”တကယ္လုိ႔ ယူႏုိက္တက္က ယမန္ႏွစ္ၿပိဳင္ပြဲမွာ ဗုိလ္လုပြဲေရာက္ၿပီးမွ ဒီႏွစ္မွာအုပ္စုအဆင့္ကေန ထြက္ရရင္ ဒါက က်႐ံႈးမႈျဖစ္လာမွာပါ။ ဒါေပမဲ့ ယူႏုိက္တက္က အဲဒီလုိမွမဟုတ္တာ။ တကယ္လုိ႔ ယူႏုိက္တက္အသင္း ခ်န္ပီယံလိဂ္ကေန ထြက္ရရင္ အရမ္းစိတ္ပ်က္စရာေကာင္းလာမွာေသခ်ာပါတယ္”
”ဘာျဖစ္လုိ႔လဲဆုိေတာ့ သူတုိ႔ရဲ႕လက္ရွိအေနအထားအရ ေနာက္ဆုံးပြဲမွာ တစ္မွတ္ရရင္ အဆင္ေျပေနတဲ့အခြင့္အေရးေၾကာင့္ပါ။ သူတုိ႔ခ်န္ပီယံလိဂ္ကေန ထြက္ရရင္ ယူ႐ိုပါလိဂ္ဘက္ေရာက္သြားမွာပါ။ ဒီလုိဆုိရင္ ဆုိးလ္ရွားလည္း ဖိအားေတြနဲ႔ရင္ဆုိင္ရမွာအမွန္ပါပဲ”
”ဒါေပမဲ့ သူ႕ရဲ႕က်႐ႈံးမႈက ဥေရာပမွာမဟုတ္ဘဲ ပရီးမီးယားလိဂ္မွာ အသင္းရဲ႕အေျခအေနအေပၚ မူတည္ေနပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ အသင္းရဲဲ႕အေနအထားက ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္ကအတုိင္း ႐ိုလာကိုစတာစီးေနရသလုိပါပဲ”လုိ႔ ဘာဘာေတာ့ဗ္က ေျပာပါတယ္။

ဘာဘာေတာ့ဗ္က အုိးထရက္ဖို႔ဒ္မွာ ယူႏိုက္တက္အသင္း ၅-၀ ဂိုးနဲ႔အႏိုင္ရခဲ့တာက မနက္ျဖန္မွာကစားရမယ့္ ဒု-အေက်ာ့ပြဲမွာ အက်ိဳးသက္ေရာက္မႈ သိပ္ရွိမွာမဟုတ္ဘူးလုိ႔ ေျပာေပမယ့္ ယူႏုိက္တက္အသင္း ခ်န္ပီယံလိဂ္႐ံႈးထြက္အဆင့္ေရာက္ဖုိ႔ လုိအပ္ေနတဲ့ တစ္မွတ္ ရယူႏုိင္လိမ့္မယ္လုိ႔ ယုံၾကည္ေၾကာင္း ေျပာပါတယ္။