ဂိုးသွင်းရတာ ပျော်မွေ့နေဆဲဖြစ်တဲ့ စီရော်နယ်ဒိုရဲ့ နောက်ထပ်ဂိုးသွင်းမိုင်တိုင်တစ်ခု

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ဒိုင်နမိုကိဗ်ကို ၃-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်လျှောက် ဂိုးပေါင်း ၇၅၀ ပြည့်သွားခဲ့သလို လက်ရှိကလပ်အတွက် သူ့ရဲ့စုစုပေါင်းသွင်းဂိုးကလည်း ၇၅ ဂိုးရှိလာခဲ့ပြီဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ ပွဲချိန် ၅၇ မိနစ်မှာ ထောင့်ဖြတ်ဘောကို ဂိုးသမား ပုတ်ထုတ်တာ မိုရာတာနဲ့ထိပြီး ထွက်လာတာကို အသာလေးပိတ်သွင်းသွားတာဖြစ်ပါတယ်။

ဒီဂိုးဟာ စီရော်နယ်ဒိုအတွက် ယခုရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၁၀ဂိုးမြောက်ဖြစ်လာသလို ဖီရန်ဗားရို့စ်နဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ယခုရာသီ သူ့အတွက် ဒုတိယမြောက်ချန်ပီယံလိဂ်သွင်းဂိုးလည်းဖြစ်လာပါတယ်။
စီရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် ဂိုးရာကျော်သွင်းယူနိုင်ခဲ့ပြီးနောက် ဂျူဗင်တပ်စ်အတွက်လည်း ဂိုးရာပြည့်ဖို့ နီးစပ်လာပြီး ၉နှစ်ကြာကစားခဲ့တဲ့ ရီးရဲလ်မှာ ဂိုးပေါင်း ၄၅၀အထိသွင်းယူခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ၂၀၀၃ မှာ လက်ရွေးစင်အသင်းအတွက် ပွဲဦးထွက်ခွင့်ရရှိခဲ့ပြီးနောက် အသင်းအတွက် ၁၀၂ဂိုးသွင်းယူပေးထားရာ ပေါ်တူဂီအသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။

သူဟာ ၆နှစ်ကြာကစားခဲ့တဲ့ ယူနိုက်တက်အတွက် ၁၁၈ဂိုးသွင်းယူခဲ့ပြီး ရီးရဲလ်မက်ဒရစ်မှာ သူ့နောက် ဒုတိယဂိုးသွင်းအများဆုံးကစားသမားဖြစ်တဲ့ ဂန္ထဝင်တိုက်စစ်မှူး ရာအူးလ်ထက် ၁၂၇ဂိုးအထိ ပိုများနေပါတယ်။

လက်ရှိကစားသမားတွေအနက် အနည်းဆုံး ဂိုး ၅၀၀ ပြည့်မြောက်တာ ၄ဦးပဲ ရှိသေးပြီး စီရော်နယ်ဒိုအပြင် ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီ၊ အေစီမီလန်တိုက်စစ်မှူး အီဘရာဟီမိုဗစ်နဲ့ ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီးတို့လည်း ဂိုး ၅၀၀ ပြည့်ထားသလို ဂိုး ၇၀၀ ပြည့်ထားတာက စီရော်နယ်ဒိုနဲ့ မက်ဆီတို့ပဲရှိပါသေးတယ်။

စီရော်နယ်ဒိုဟာ ၂၀၀၇ နိုဝင်ဘာလက ဒိုင်နမိုကိဗ်ဘက်ကို ချန်ပီယံလိဂ်မှာ ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ၁၃နှစ်၊ ၂၅ ရက်အကြာမှာ ဂိုးပြန်သွင်းနိုင်ခဲ့တာဖြစ်ရာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် တူညီတဲ့ပြိုင်ဘက်အသင်းတစ်သင်းကို ကစားသမားတစ်ဦးက တစ်ဂိုးနဲ့ တစ်ဂိုးကြား ဂိုးသွင်းယူဖို့ အကြာဆုံးကာလအဖြစ် စံချိန်တင်သွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဂိုးသြင္းရတာ ေပ်ာ္ေမြ႕ေနဆဲျဖစ္တဲ့ စီေရာ္နယ္ဒိုရဲ႕ ေနာက္ထပ္ဂိုးသြင္းမုိင္တုိင္တစ္ခု

ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး စီေရာ္နယ္ဒိုဟာ ဒိုင္နမိုကိဗ္ကို ၃-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ဂိုးသြင္းယူနိုင္ခဲ့ၿပီးေနာက္ ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀တစ္ေလွ်ာက္ ဂိုးေပါင္း ၇၅၀ ျပည့္သြားခဲ့သလုိ လက္ရွိကလပ္အတြက္ သူ႕ရဲ႕စုစုေပါင္းသြင္းဂုိးကလည္း ၇၅ ဂိုးရွိလာခဲ့ၿပီျဖစ္ပါတယ္။

စီေရာ္နယ္ဒိုဟာ ပြဲခ်ိန္ ၅၇ မိနစ္မွာ ေထာင့္ျဖတ္ေဘာကို ဂိုးသမား ပုတ္ထုတ္တာ မိုရာတာနဲ႔ထိၿပီး ထြက္လာတာကို အသာေလးပိတ္သြင္းသြားတာျဖစ္ပါတယ္။

ဒီဂိုးဟာ စီေရာ္နယ္ဒိုအတြက္ ယခုရာသီမွာ ၿပိဳင္ပြဲစုံသြင္းဂိုး ၁၀ဂိုးေျမာက္ျဖစ္လာသလုိ ဖီရန္ဗား႐ို႕စ္နဲ႔ပြဲမွာ ဂိုးသြင္းယူႏုိင္ခဲ့ၿပီးေနာက္ ယခုရာသီ သူ႕အတြက္ ဒုတိယေျမာက္ခ်န္ပီယံလိဂ္သြင္းဂိုးလည္းျဖစ္လာပါတယ္။ စီေရာ္နယ္ဒိုဟာ ေပၚတူဂီအသင္းအတြက္ ဂိုးရာေက်ာ္သြင္းယူႏုိင္ခဲ့ၿပီးေနာက္ ဂ်ဴဗင္တပ္စ္အတြက္လည္း ဂိုးရာျပည့္ဖို႔ နီးစပ္လာၿပီး ၉ႏွစ္ၾကာကစားခဲ့တဲ့ ရီးရဲလ္မွာ ဂိုးေပါင္း ၄၅၀အထိသြင္းယူခဲ့ပါတယ္။ စီေရာ္နယ္ဒိုဟာ ၂၀၀၃ မွာ လက္ေရြးစင္အသင္းအတြက္ ပြဲဦးထြက္ခြင့္ရရွိခဲ့ၿပီးေနာက္ အသင္းအတြက္ ၁၀၂ဂိုးသြင္းယူေပးထားရာ ေပၚတူဂီအသင္းရဲ႕ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနပါတယ္။

သူဟာ ၆ႏွစ္ၾကာကစားခဲ့တဲ့ ယူနိုက္တက္အတြက္ ၁၁၈ဂိုးသြင္းယူခဲ့ၿပီး ရီးရဲလ္မက္ဒရစ္မွာ သူ႕ေနာက္ ဒုတိယဂိုးသြင္းအမ်ားဆံုးကစားသမားျဖစ္တဲ့ ဂႏၳ၀င္တုိက္စစ္မွဴး ရာအူးလ္ထက္ ၁၂၇ဂိုးအထိ ပိုမ်ားေနပါတယ္။ လက္ရွိကစားသမားေတြအနက္ အနည္းဆုံး ဂိုး ၅၀၀ ျပည့္ေျမာက္တာ ၄ဦးပဲ ရွိေသးၿပီး စီေရာ္နယ္ဒိုအျပင္ ဘာစီလုိနာအသင္းေခါင္းေဆာင္ မက္ဆီ၊ ေအစီမီလန္တုိက္စစ္မွဴး အီဘရာဟီမုိဗစ္နဲ႔ ဘုိင္ယန္တုိက္စစ္မွဴး လီ၀န္ေဒါစကီးတုိ႔လည္း ဂိုး ၅၀၀ ျပည့္ထားသလုိ ဂိုး ၇၀၀ ျပည့္ထားတာက စီေရာ္နယ္ဒိုနဲ႔ မက္ဆီတုိ႔ပဲရွိပါေသးတယ္။

စီေရာ္နယ္ဒိုဟာ ၂၀၀၇ ႏို၀င္ဘာလက ဒိုင္နမိုကိဗ္ဘက္ကို ခ်န္ပီယံလိဂ္မွာ ဂုိးသြင္းႏုိင္ခဲ့ၿပီးေနာက္ ၁၃ႏွစ္၊ ၂၅ ရက္အၾကာမွာ ဂိုးျပန္သြင္းႏုိင္ခဲ့တာျဖစ္ရာ ခ်န္ပီယံလိဂ္သမုိင္းတစ္ေလွ်ာက္ တူညီတဲ့ၿပိဳင္ဘက္အသင္းတစ္သင္းကို ကစားသမားတစ္ဦးက တစ္ဂိုးနဲ႔ တစ္ဂိုးၾကား ဂုိးသြင္းယူဖုိ႔ အၾကာဆုံးကာလအျဖစ္ စံခ်ိန္တင္သြားပါတယ္။