စိန့်မေရီမှာ ယူနိုက်တက်အသင်း အံ့ဖွယ်အနိုင်ရခဲ့ပြီးနောက် စူပါကွန်ပြူတာရဲ့ ခန့်မှန်းချက် ထွက်ပေါ်လာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အနေနဲ့ ၂၀၂၀-၂၁ ရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ရလိမ့်မယ်လို့ အခုနောက်ဆုံးခန့်မှန်းလိုက်တဲ့ စူပါကွန်ပြူတာရဲ့ဟောစာတမ်းအရ သိရပါတယ်။

ယူနိုက်တက်ဟာ တနင်္ဂနွေနေ့က စိန့်မေရီကွင်းမှာ ပထမပိုင်းအပြီး ၂-၀ ဂိုးနဲ့ အိမ်ရှင်ဆောက်သမ်တန်အသင်းကို အရေးနိမ့်နေခဲ့ပေမယ့် ဒုတိယပိုင်းမှာ လူစားဝင်တိုက်စစ်မှူး ကာဗာနီရဲ့အစွမ်းနဲ့အတူ ၂-၃ ဂိုးနဲ့ အံ့အားသင့်ဖွယ်အနိုင်ရခဲ့ပြီး ကာဗာနီက ၁ဂိုးဖန်တီး၊ ၂ဂိုးသွင်းယူနိုင်ခံဲ့ပါတယ်။


ယူနိုက်တက်ဟာ အဆင့် ၉နေရာမှာ ရမှတ် ၁၆ မှတ်နဲ့ ရပ်တည်နေပြီး ထိပ်ဆုံးက စပါးနဲ့ ၅ မှတ်အထိ ကွာဟနေပေမယ့် တစ်ပွဲလျော့ကစားထားတာဖြစ်သလို တကယ်လို့ အဲဒီပွဲသာအနိုင်ရခဲ့ရင် ၂ မှတ်ပဲ ကွာဟတော့မှာဖြစ်ပါတယ်။


FiveThirtyEight က ယခုရာသီပရီးမီးယားလိဂ်မှာ ဘယ်အသင်းတွေ ဘယ်လိုဖြစ်မလဲဆိုတာ ယခုနောက်ဆုံး ခန့်မှန်းလာပြီး ယူနိုက်တက်က အဆင့် ၅ နေရာနဲ့ ရာသီသိမ်းလိမ့်မယ်လု့ိ ဟောကိန်းထုတ်ထားပါတယ်။


FiveThirtyEight ရဲ့ထုတ်ပြန်ကြေညာချက်အရ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ၄၂ ရာခိုင်နှုန်း အခွင့်အရေးရှိနေပြီး ချန်ပီယံဖြစ်ဖို့တော့ အခွင့်အရေး ၅ ရာခိုင်နှုန်းပဲရှိတယ်လို့ သိရပါတယ်။


ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ယူနိုက်တက်ထက် ၁ မှတ်အသာရနေတဲ့ မန်စီးတီးက လီဗာပူးကို ကျော်ဖြတ်ပြီး အမှတ်ပေးချန်ပီယံဖြစ်မယ်လို့ စူပါကွန်ပြူတာက ခန့်မှန်းထားပြီး လက်ရှိချန်ပီယံ လီဗာပူးက ဒုတိယ၊ ချဲလ်ဆီးနဲ့ စပါးတို့က တတိယနဲ့ စတုတ္ထ အသီးသီးရလိမ့်မယ်လို့ခန့်မှန်းထားပါတယ်။

ပရီးမီးယားလိဂ်ကနေ တန်းဆင်းရနိုင်တဲ့အသင်းတွေအဖြစ် ဝက်စ်ဘရွန်း(၂၀)၊ ရှက်ဖီးယူ(၁၉)၊ ဖူလ်ဟမ်(၁၈)တို့ကို ထင်ကြေးပေးထားပြီး အာဆင်နယ်ကတော့ အဆင့် ၉ နေရာမှာ ရပ်တည်လိမ့်မယ်လို့ စူပါကွန်ပြုတာက ခန့်မှန်းထားပါတယ်။


စူပါကွန်ပြုတာရဲ့ဟောကိန်း
(၁) မန်စီးတီး
(၂) လီဗာပူး
(၃) ချဲလ်ဆီး

(၄) စပါး
(၅) ယူနိုက်တက်
(၆) လက်စတာ
(၇) ဝက်စ်ဟမ်း
(၈) ဝုဗ်

(၉) အာဆင်နယ်
(၁၀) အက်စတွန်ဗီလာ
(၁၁) ဆောက်သမ်တန်
(၁၂) အဲဗာတန်
(၁၃) လိဒ်ယူနိုက်တက်

(၁၄) ဘရိုက်တန်
(၁၅) နယူးကာဆယ်
(၁၆) ပဲလေ့စ်
(၁၇) ဘန်လေ
(၁၈) ဖူလ်ဟမ်

(၁၉) ရှက်ဖီးယူ
(၂၀) ဝက်စ်ဘရွန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
စိန္႔ေမရီမွာ ယူႏုိက္တက္အသင္း အ့ံဖြယ္အႏုိင္ရခဲ့ၿပီးေနာက္ စူပါကြန္ျပဴတာရဲ႕ ခန္႔မွန္းခ်က္ ထြက္ေပၚလာ

ယူႏုိက္တက္အေနနဲ႔ ၂၀၂၀-၂၁ ရာသီပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ခ်န္ပီယံလိဂ္၀င္ခြင့္နဲ႔ လြဲေခ်ာ္ရလိမ့္မယ္လုိ႔ အခုေနာက္ဆုံးခန္႔မွန္းလုိက္တဲ့ စူပါကြန္ျပဴတာရဲ႕ေဟာစာတမ္းအရ သိရပါတယ္။
ယူႏုိက္တက္ဟာ တနဂၤေႏြေန႔က စိန္႔ေမရီကြင္းမွာ ပထမပိုင္းအၿပီး ၂-၀ ဂိုးနဲ႔ အိမ္ရွင္ေဆာက္သမ္တန္အသင္းကို အေရးနိမ့္ေနခဲ့ေပမယ့္ ဒုတိယပိုင္းမွာ လူစား၀င္တုိက္စစ္မွဴး ကာဗာနီရဲ႕အစြမ္းနဲ႔အတူ ၂-၃ ဂိုးနဲ႔ အ့ံအားသင့္ဖြယ္အႏိုင္ရခဲ့ၿပီး ကာဗာနီက ၁ဂိုးဖန္တီး၊ ၂ဂိုးသြင္းယူႏုိင္ခံဲ့ပါတယ္။
ယူႏုိက္တက္ဟာ အဆင့္ ၉ေနရာမွာ ရမွတ္ ၁၆ မွတ္နဲ႔ ရပ္တည္ေနၿပီး ထိပ္ဆုံးက စပါးနဲ႔ ၅ မွတ္အထိ ကြာဟေနေပမယ့္ တစ္ပြဲေလ်ာ့ကစားထားတာျဖစ္သလုိ တကယ္လုိ႔ အဲဒီပဲြသာအႏိုင္ရခဲ့ရင္ ၂ မွတ္ပဲ ကြာဟေတာ့မွာျဖစ္ပါတယ္။
FiveThirtyEight က ယခုရာသီပရီးမီးယားလိဂ္မွာ ဘယ္အသင္းေတြ ဘယ္လုိျဖစ္မလဲဆုိတာ ယခုေနာက္ဆုံး ခန္႔မွန္းလာၿပီး ယူႏုိက္တက္က အဆင့္ ၅ ေနရာနဲ႔ ရာသီသိမ္းလိမ့္မယ္လု႔ိ ေဟာကိန္းထုတ္ထားပါတယ္။
FiveThirtyEight ရဲ႕ထုတ္ျပန္ေၾကညာခ်က္အရ ယူႏိုက္တက္ဟာ ခ်န္ပီယံလိဂ္၀င္ခြင့္ရဖို႔ ၄၂ ရာခိုင္ႏႈန္း အခြင့္အေရးရွိေနၿပီး ခ်န္ပီယံျဖစ္ဖို႔ေတာ့ အခြင့္အေရး ၅ ရာခိုင္ႏႈန္းပဲရွိတယ္လုိ႔ သိရပါတယ္။

ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ ယူႏုိက္တက္ထက္ ၁ မွတ္အသာရေနတဲ့ မန္စီးတီးက လီဗာပူးကို ေက်ာ္ျဖတ္ၿပီး အမွတ္ေပးခ်န္ပီယံျဖစ္မယ္လုိ႔ စူပါကြန္ျပဴတာက ခန္႔မွန္းထားၿပီး လက္ရွိခ်န္ပီယံ လီဗာပူးက ဒုတိယ၊ ခ်ဲလ္ဆီးနဲ႔ စပါးတုိ႔က တတိယနဲ႔ စတုတၳ အသီးသီးရလိမ့္မယ္လုိ႔ခန္႔မွန္းထားပါတယ္။
ပရီးမီးယားလိဂ္ကေန တန္းဆင္းရႏိုင္တဲ့အသင္းေတြအျဖစ္ ၀က္စ္ဘရြန္း(၂၀)၊ ရွက္ဖီးယူ(၁၉)၊ ဖူလ္ဟမ္(၁၈)တုိ႔ကို ထင္ေၾကးေပးထားၿပီး အာဆင္နယ္ကေတာ့ အဆင့္ ၉ ေနရာမွာ ရပ္တည္လိမ့္မယ္လုိ႔ စူပါကြန္ျပဳတာက ခန္႔မွန္းထားပါတယ္။
စူပါကြန္ျပဳတာရဲ႕ေဟာကိန္း
(၁) မန္စီးတီး
(၂) လီဗာပူး

(၃) ခ်ဲလ္ဆီး
(၄) စပါး
(၅) ယူႏုိက္တက္
(၆) လက္စတာ
(၇) ၀က္စ္ဟမ္း

(၈) ၀ုဗ္
(၉) အာဆင္နယ္
(၁၀) အက္စတြန္ဗီလာ
(၁၁) ေဆာက္သမ္တန္
(၁၂) အဲဗာတန္

(၁၃) လိဒ္ယူႏုိက္တက္
(၁၄) ဘ႐ိုက္တန္
(၁၅) နယူးကာဆယ္
(၁၆) ပဲေလ့စ္
(၁၇) ဘန္ေလ

(၁၈) ဖူလ္ဟမ္
(၁၉) ရွက္ဖီးယူ
(၂၀) ၀က္စ္ဘရြန္း