သူလည်း လူသားတစ်ဦးပဲဆိုတာ အလွဲကြီးလွဲချော်မှုနဲ့အတူ သက်သေပြသွားတဲ့ ဟာလန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကမ္ဘာတစ်ဝှမ်းက ဘောလုံးပရိသတ်တွေလည်း ပြီးခဲ့တဲ့စနေညမှာ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းတစ်ယောက် လူသားဖြစ်တယ်ဆိုတဲ့အချက်ကို ရှာတွေ့သွားခဲ့ပြီးနောက် အခုမှပဲ အသက်ပြင်းပြင်းရှူရဲသွားပါတော့တယ်။

အသက် ၂၀ အရွယ်ရှိ နော်ဝေလက်ရွေးစင် ဟာလန်းဟာ ကိုလုံးကို ၁-၂ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပွဲပြီးခါနီးရရှိလာတဲ့ အပိုင်အခွင့်အရေးကို မယုံနိုင်စရာကောင်းလောက်အောင် လွဲချော်သွားခဲ့လို့ ကိုလုံးအသင်းလည်း ဒေါ့မွန်နဲ့ ရင်ဆိုင်ခဲ့တဲ့ ၁၈ပွဲဆက် နိုင်ပွဲပျောက်နေတာကို အဆုံးသတ်နိုင်ခဲ့တဲ့အပြင် နှစ်ပေါင်း ၃၀ နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် ဒေါ့မွန်ကိုအနိုင်ရသွားပါတယ်။


ဟာလန်းဟာ ပွဲပြီးခါနီးမှာ ညာတောင်ပံကနေ အသင်းခေါင်းဆောင် မာကိုရူးစ်ရဲ့အသာဖြတ်တင်ပေးမှုကို ၆ ကိုက်အကွာကနေ ပိတ်သွင်းဖို့ အခွင့်အရေးရခဲ့ပေမယ့် ညာခြေနဲ့ တစ်ခါတည်းမပိတ်ဘဲ သူအားသန်တဲ့ ဘယ်ခြေနဲ့ ပိတ်သွင်းဖို့ လုပ်လိုက်ရာမှာ ချော်သွားပြီး ဂိုးလွန်ဘောဖြစ်သွားပါတယ်။


၉၅ မိနစ်မှာ ရရှိခဲ့တဲ့ အဲဒီအပိုင်အခွင့်အရေးကို ဟာလန်း လွဲချော်ခဲ့ရပြီးနောက် သိပ်မကြာခင် ပွဲလည်း ပြီးသွားခဲ့ပြီး ဒေါ့မွန်အနေနဲ့ ဘွန်ဒက်စ်လီဂါ ၉ပွဲကစားပြီးချိန်မှာ ရမှတ် ၁၈ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေရပါတယ်။


ဒေါ့မွန်ဟာ အမှတ်ပေးဇယားထိပ်ဆုံးက လက်ရှိချန်ပီယံ ဘိုင်ယန်နဲ့ ၄ မှတ်အကွာမှာ ရပ်တည်နေပြီး တကယ်လို့ ဒီညပွဲမှာ လေဗာကူဆင်သာ အနည်းဆုံး သရေကစားနိုင်ခဲ့ရင် အဆင့် ၄ နေရာကို ဆင်းပေးရမှာဖြစ်ပါတယ်။
ဟာလန်းရဲ့လွဲချော်မှုက အားလုံးကို အံ့အားသင့်စေခဲ့ပြီး အထူးသဖြင့် ပြီးခဲ့တဲ့ဇန်နဝါရီလက ဆဲလ်ဘတ်ကနေ ဒေါ့မွန်ကို ရောက်လာပြီးနောက်ပိုင်း အထူးခြေစွမ်းပြနေတာဖြစ်လို့ ဒီလိုလွဲချော်မှုက ပိုမိုအံ့အားသင့်စေခဲ့တာပါ။

သူဟာ ပြီးခဲ့တဲ့ရာသီက ဒေါ့မွန်အသင်းအတွက် ၁၅ပွဲမှာ ၁၃ ဂိုးအထိ သွင်းယူထားနိုင်သလို ဒီရာသီမှာ ဂိုးသွင်းနှုန်းက ပိုတက်လာပြီး ၈ပွဲကစားပြီးချိန်မှာ ၁၀ ဂိုးအထိသွင်းယူထားပါတယ်။


ဟာလန်းဟာ ယခုရာသီချန်ပီယံလိဂ်မှာလည်း ၄ပွဲကစား၊ ၆ဂိုးအထိသွင်းယူထားပါတယ်။ ဒေါ့မွန်အသင်းက ပွဲချိန် ၇၆ မိနစ်မှာ သော်ဂန်ဟာဇက်ရဲ့ချေပဂိုးကြောင့် ဒုတိယမြောက်ချေပဂိုးသွင်းယူနိုင်ဖို့ မျှော်လင့်ချက်တောက်ပခဲ့ပေမယ့် လိုအပ်တဲ့ချေပဂိုးမရခဲ့ပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
သူလည္း လူသားတစ္ဦးပဲဆုိတာ အလြဲႀကီးလြဲေခ်ာ္မႈနဲ႔အတူ သက္ေသျပသြားတဲ့ ဟာလန္း

ကမၻာတစ္၀ွမ္းက ေဘာလုံးပရိသတ္ေတြလည္း ၿပီးခဲ့တဲ့စေနညမွာ ေဒါ့မြန္တုိက္စစ္မွဴး ဟာလန္းတစ္ေယာက္ လူသားျဖစ္တယ္ဆိုတဲ့အခ်က္ကို ရွာေတြ႕သြားခဲ့ၿပီးေနာက္ အခုမွပဲ အသက္ျပင္းျပင္း႐ွဴရဲသြားပါေတာ့တယ္။
အသက္ ၂၀ အရြယ္ရွိ ေနာ္ေ၀လက္ေရြးစင္ ဟာလန္းဟာ ကိုလုံးကို ၁-၂ ဂိုးနဲ႔အေရးနိမ့္ခဲ့တဲ့ပဲြမွာ ပဲြၿပီးခါနီးရရွိလာတဲ့ အပိုင္အခြင့္အေရးကို မယုံႏိုင္စရာေကာင္းေလာက္ေအာင္ လြဲေခ်ာ္သြားခဲ့လုိ႔ ကိုလုံးအသင္းလည္း ေဒါ့မြန္နဲ႔ ရင္ဆိုင္ခဲ့တဲ့ ၁၈ပြဲဆက္ ႏိုင္ပဲြေပ်ာက္ေနတာကို အဆုံးသတ္ႏိုင္ခဲ့တဲ့အျပင္ ႏွစ္ေပါင္း ၃၀ နီးပါးအတြင္း ပထမဆုံးအႀကိမ္အျဖစ္ ေဒါ့မြန္ကိုအႏိုင္ရသြားပါတယ္။
ဟာလန္းဟာ ပြဲၿပီးခါနီးမွာ ညာေတာင္ပံကေန အသင္းေခါင္းေဆာင္ မာကို႐ူးစ္ရဲ႕အသာျဖတ္တင္ေပးမႈကို ၆ ကိုက္အကြာကေန ပိတ္သြင္းဖို႔ အခြင့္အေရးရခဲ့ေပမယ့္ ညာေျခန႔ဲ႔ တစ္ခါတည္းမပိတ္ဘဲ သူအားသန္တဲ့ ဘယ္ေျခနဲ႔ ပိတ္သြင္းဖို႔ လုပ္လုိက္ရာမွာ ေခ်ာ္သြားၿပီး ဂုိးလြန္ေဘာျဖစ္သြားပါတယ္။
၉၅ မိနစ္မွာ ရရွိခဲ့တဲ့ အဲဒီအပိုင္အခြင့္အေရးကို ဟာလန္း လြဲေခ်ာ္ခဲ့ရၿပီးေနာက္ သိပ္မၾကာခင္ ပဲြလည္း ၿပီးသြားခဲ့ၿပီး ေဒါ့မြန္အေနနဲ႔ ဘြန္ဒက္စ္လီဂါ ၉ပြဲကစားၿပီးခ်ိန္မွာ ရမွတ္ ၁၈ မွတ္နဲ႔ တတိယေနရာမွာ ရပ္တည္ေနရပါတယ္။
ေဒါ့မြန္ဟာ အမွတ္ေပးဇယားထိပ္ဆုံးက လက္ရွိခ်န္ပီယံ ဘုိင္ယန္နဲ႔ ၄ မွတ္အကြာမွာ ရပ္တည္ေနၿပီး တကယ္လုိ႔ ဒီညပဲြမွာ ေလဗာကူဆင္သာ အနည္းဆုံး သေရကစားႏိုင္ခဲ့ရင္ အဆင့္ ၄ ေနရာကို ဆင္းေပးရမွာျဖစ္ပါတယ္။

ဟာလန္းရဲ႕လြဲေခ်ာ္မႈက အားလုံးကုိ အံ့အားသင့္ေစခဲ့ၿပီး အထူးသျဖင့္ ၿပီးခဲ့တဲ့ဇန္န၀ါရီလက ဆဲလ္ဘတ္ကေန ေဒါ့မြန္ကို ေရာက္လာၿပီးေနာက္ပိုင္း အထူးေျခစြမ္းျပေနတာျဖစ္လုိ႔ ဒီလုိလြဲေခ်ာ္မႈက ပိုမိုအံ့အားသင့္ေစခဲ့တာပါ။
သူဟာ ၿပီးခဲ့တဲ့ရာသီက ေဒါ့မြန္အသင္းအတြက္ ၁၅ပြဲမွာ ၁၃ ဂိုးအထိ သြင္းယူထားႏုိင္သလုိ ဒီရာသီမွာ ဂိုးသြင္းႏႈန္းက ပိုတက္လာၿပီး ၈ပဲြကစားၿပီးခ်ိန္မွာ ၁၀ ဂိုးအထိသြင္းယူထားပါတယ္။
ဟာလန္းဟာ ယခုရာသီခ်န္ပီယံလိဂ္မွာလည္း ၄ပြဲကစား၊ ၆ဂိုးအထိသြင္းယူထားပါတယ္။ ေဒါ့မြန္အသင္းက ပြဲခ်ိန္ ၇၆ မိနစ္မွာ ေသာ္ဂန္ဟာဇက္ရဲ႕ေခ်ပဂိုးေၾကာင့္ ဒုတိယေျမာက္ေခ်ပဂိုးသြင္းယူႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ေတာက္ပခဲ့ေပမယ့္ လိုအပ္တဲ့ေခ်ပဂိုးမရခဲ့ပါဘူး။