ခံရတဲ့သူကိုယ်တိုင်က ပင်နယ်တီပေးရမယ့်ပြစ်ဒဏ်မဟုတ်ဘူးလို့ အသိပေးခဲ့ကြောင်း ဟန်ဒါဆန် ပေါက်ကွဲ

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ ဘရိုက်တန်နဲ့ပွဲမှာ နောက်ကျပင်နယ်တီပေးလိုက်ရလို့ ၁-၁ ဂိုးသရေကျခဲ့ပြီးနောက် VAR ရဲ့ဆုံးဖြတ်ချက်အပေါ် ပေါက်ကွဲနေပြီး ခံရတဲ့ ဘရိုက်တန်တိုက်စစ်မှူး ဒန်နီဝဲလ်ဘတ်ကိုယ်တိုင်က အဲဒီပင်နယ်တီပြစ်ဒဏ်ဟာ လိုအပ်တာထက် ပိုမိုပြင်းထန်တယ်လို့ ဖွင့်ဟခဲ့ကြောင်း ပြောပါတယ်။

လီဗာပူးဟာ ဒီပွဲမှာ VAR ရဲ့ဆုံးဖြတ်ချက်တွေကြောင့် နစ်နာခဲ့ရပြီး ဆာလာနဲ့ မာနေးတို့ရဲ့သွင်းဂိုးတွေကို VAR က လူကျွံနေတယ်လို့ဆိုကာ ပယ်ချခဲ့ပေမယ့် ခြေစွမ်းပြဂိုးမြူးနေတဲ့ ဂျိုတာရဲ့ဂိုးနဲ့ တောက်လျှောက်ဦးဆောင်နိုင်ခဲ့ပါတယ်။


ဒီလိုနဲ့ လီဗာပူးအသင်း ခက်ခဲတဲ့နိုင်ပွဲတစ်ပွဲ ရယူနိုင်တော့မယ်လို့ ထင်မှတ်နေတုန်း နာကျင်အချိန်ပိုမှာ ပင်နယ်တီဧရိယာအတွင်း ဘယ်နောက်ခံလူ ရောဘတ်ဆန် ဘောလုံးရှင်းထုတ်ရာမှာ ဘောလုံးမထိခင် ပြိုင်ဘက်တိုက်စစ်မှူး ဒန်နီဝဲလ်ဘတ်ရဲ့ဖိနပ်ကို အရင်ထိသွားခဲ့ပါတယ်။


အဲဒီနောက် ပွဲကို ဆက်ကစားခဲ့ပေမယ့် ဒိုင်လူကြီး အက်ဝဲလ်က ကွင်းဘေးမှာ မော်နီတာကနေ အဆိုပါဖြစ်ရပ်ကို သေချာပြန်ကြည့်ခဲ့ပြီးနောက် ဘရိုက်တန်ကို ပင်နယ်တီပေးခဲ့တာဖြစ်ပြီး ဂရော့စ်က ဘရိုက်တန်အတွက် ချေပဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။


”ကျွန်တော့်အမြင်အရပြောရရင် ကျွန်တော်တို့အသင်း ၃ မှတ်ရသင့်တယ်လို့ ထင်ပါတယ်။ ကျွန်တော်လည်း ရုပ်သံအနှေးပြကွက်ကို ကြည့်ဖြစ်ပါတယ်။ ဒါက ပင်နယ်တီမဟုတ်ပါဘူး။ အခုခံစားနေရတာ ဘယ်လိုလဲဆိုတော့ ကျွန်တော်တို့ ဒီမှာ အပတ်တိုင်းလာပြီး မတော်တဆဖြစ်ရပ်တွေကို ဆွေးနွေးနေရသလိုပဲ”


”ကျွန်တော့်အနေနဲ့ ဘာမှပြဿနာမဖြစ်လိုပေမယ့် ဒါက ပင်နယ်တီပြစ်ဒဏ်မဟုတ်ဘူးလု့ိ ထင်ပါတယ်။ ဝဲလ်ဘတ်တောင်မှ ဒါက ပင်နယ်တီမဟုတ်ဘူးလို့ ကျွန်တော့်ကို ပြောပါတယ်။ ပင်နယ်တီမဟုတ်ဘူးလို့ ထင်တဲ့ဘရိုက်တန်အသင်းသား ၄၊ ၅ယောက်လောက်ရှိပါတယ်”

”ကွင်းလယ်ဒိုင်က ကျွန်တော်တို့ထက် ပိုသိမှာသေချာပေမယ့် အသင်းသားတွေရဲ့စွမ်းဆောင်ရည်က အံ့အားသင့်ဖွယ်ကောင်းပြီး အနိုင် ၃ မှတ်နဲ့ထိုက်တန်တဲ့ခြေစွမ်းမျိုး ပြသနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ သွင်းခဲ့တဲ့ ၂ ဂိုးလည်း လူကျွံဘောဆိုပြီး ပယ်ဖျက်ခံခဲ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အသင်းရဲ့စွမ်းဆောင်ရည်ကတော့ အပေါင်းလက္ခဏာဆောင်ခဲ့ပါတယ်”လို့ ဟန်ဒါဆန်က ပြောပါတယ်။

Zawgyi
ခံရတဲ့သူကိုယ္တုိင္က ပင္နယ္တီေပးရမယ့္ျပစ္ဒဏ္မဟုတ္ဘူးလုိ႔ အသိေပးခဲ့ေၾကာင္း ဟန္ဒါဆန္ ေပါက္ကြဲ
လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္ဟာ ဘ႐ိုက္တန္နဲ႔ပြဲမွာ ေနာက္က်ပင္နယ္တီေပးလုိက္ရလုိ႔ ၁-၁ ဂိုးသေရက်ခဲ့ၿပီးေနာက္ VAR ရဲ႕ဆုံးျဖတ္ခ်က္အေပၚ ေပါက္ကြဲေနၿပီး ခံရတဲ့ ဘ႐ိုက္တန္တုိက္စစ္မွဴး ဒန္နီ၀ဲလ္ဘတ္ကိုယ္တိုင္က အဲဒီပင္နယ္တီျပစ္ဒဏ္ဟာ လိုအပ္တာထက္ ပိုမုိျပင္းထန္တယ္လုိ႔ ဖြင့္ဟခဲ့ေၾကာင္း ေျပာပါတယ္။

လီဗာပူးဟာ ဒီပြဲမွာ VAR ရဲ႕ဆုံးျဖတ္ခ်က္ေတြေၾကာင့္ နစ္နာခဲ့ရၿပီး ဆာလာနဲ႔ မာေနးတို႔ရဲ႕သြင္းဂိုးေတြကို VAR က လူကၽြံေနတယ္လုိ႔ဆုိကာ ပယ္ခ်ခဲ့ေပမယ့္ ေျခစြမ္းျပဂိုးျမဴးေနတ့ဲ ဂ်ိဳတာရဲ႕ဂိုးနဲ႔ ေတာက္ေလွ်ာက္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။
ဒီလိုနဲ႔ လီဗာပူးအသင္း ခက္ခဲတဲ့ႏိုင္ပြဲတစ္ပြဲ ရယူႏုိင္ေတာ့မယ္လုိ႔ ထင္မွတ္ေနတုန္း နာက်င္အခ်ိန္ပုိမွာ ပင္နယ္တီဧရိယာအတြင္း ဘယ္ေနာက္ခံလူ ေရာဘတ္ဆန္ ေဘာလုံးရွင္းထုတ္ရာမွာ ေဘာလုံးမထိခင္ ၿပိဳင္ဘက္တုိက္စစ္မွဴး ဒန္နီ၀ဲလ္ဘတ္ရဲ႕ဖိနပ္ကို အရင္ထိသြားခ့ဲပါတယ္။
အဲဒီေနာက္ ပဲြကို ဆက္ကစားခဲ့ေပမယ့္ ဒုိင္လူႀကီး အက္၀ဲလ္က ကြင္းေဘးမွာ ေမာ္နီတာကေန အဆုိပါျဖစ္ရပ္ကို ေသခ်ာျပန္ၾကည့္ခဲ့ၿပီးေနာက္ ဘ႐ိုက္တန္ကို ပင္နယ္တီေပးခဲ့တာျဖစ္ၿပီး ဂေရာ့စ္က ဘ႐ိုက္တန္အတြက္ ေခ်ပဂိုးအျဖစ္ ေျပာင္းလဲႏုိင္ခဲ့ပါတယ္။
”ကၽြန္ေတာ့္အျမင္အရေျပာရရင္ ကၽြန္ေတာ္တို႔အသင္း ၃ မွတ္ရသင့္တယ္လုိ႔ ထင္ပါတယ္။ ကၽြန္ေတာ္လည္း ႐ုပ္သံအေႏွးျပကြက္ကို ၾကည့္ျဖစ္ပါတယ္။ ဒါက ပင္နယ္တီမဟုတ္ပါဘူး။ အခုခံစားေနရတာ ဘယ္လုိလဲဆုိေတာ့ ကၽြန္ေတာ္တုိ႔ ဒီမွာ အပတ္တုိင္းလာၿပီး မေတာ္တဆျဖစ္ရပ္ေတြကို ေဆြးေႏြးေနရသလုိပဲ”
”ကၽြန္ေတာ့္အေနနဲ႔ ဘာမွျပႆနာမျဖစ္လုိေပမယ့္ ဒါက ပင္နယ္တီျပစ္ဒဏ္မဟုတ္ဘူးလု႔ိ ထင္ပါတယ္။ ၀ဲလ္ဘတ္ေတာင္မွ ဒါက ပင္နယ္တီမဟုတ္ဘူးလုိ႔ ကၽြန္ေတာ့္ကို ေျပာပါတယ္။ ပင္နယ္တီမဟုတ္ဘူးလုိ႔ ထင္တဲ့ဘ႐ိုက္တန္အသင္းသား ၄၊ ၅ေယာက္ေလာက္ရွိပါတယ္”

”ကြင္းလယ္ဒိုင္က ကၽြန္ေတာ္တုိ႔ထက္ ပိုသိမွာေသခ်ာေပမယ့္ အသင္းသားေတြရဲ႕စြမ္းေဆာင္ရည္က အံ့အားသင့္ဖြယ္ေကာင္းၿပီး အႏုိင္ ၃ မွတ္နဲ႔ထိုက္တန္တဲ့ေျခစြမ္းမ်ိဳး ျပသႏုိင္ခဲ့တယ္လုိ႔ ထင္ပါတယ္။ ကၽြန္ေတာ္တုိ႔ သြင္းခဲ့တဲ့ ၂ ဂုိးလည္း လူကၽြံေဘာဆုိၿပီး ပယ္ဖ်က္ခံခဲ့ရပါတယ္။ ဘယ္လုိပဲျဖစ္ျဖစ္ အသင္းရဲ႕စြမ္းေဆာင္ရည္ကေတာ့ အေပါင္းလကၡဏာေဆာင္ခဲ့ပါတယ္”လုိ႔ ဟန္ဒါဆန္က ေျပာပါတယ္။