ပရီးမီးယားလိဂ်ရဲ့ဂိုးသွင်းဘုရင်နဲ့ ဂိုးဖန်တီးမှုအများဆုံးဖြစ်နေတဲ့ ဖာနန်ဒက်စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ ဖေဖော်ဝါရီလမှာ ပထမဆုံးပွဲကစားခဲ့ပြီးနောက် အဲဒီကာလနောက်ပိုင်း ပရီးမီးယားလိဂ်ကစားသမားတွေအနက် သွင်းဂိုးအများဆုံးနဲ့ ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။

ပေါ်တူဂီလက်ရွေးစင် ဖာနန်ဒက်စ်ဟာ အင်္ဂါညက ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဘာဆက်ဆီဟာအသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ၂ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကစားသမားတွေအနက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ၂၁ ဂိုးနဲ့ ရပ်တည်နေသလို ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် ဒီဘရိုင်းနဲ့အတူ ၁၃ကြိမ်နဲ့ ရပ်တည်နေပါတယ်။


စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက တစ်ဂိုးလျော့နဲ့ သူ့နောက် ဒုတိယနေရာမှာ ရပ်တည်နေပြီး ဖာနန်ဒက်စ်ထက် ပွဲအရေအတွက် ၁၁ပွဲပိုနည်းသလို မန်စီးတီးကွင်းလယ်လူဒီဘရိုင်းကလည်း ဖာနန်ဒက်စ်ထက် ပွဲအရေအတွက် ပိုနည်းပါတယ်။


ဒါပေမဲ့ အဲဒီအချက်အလက်တွေကို ကြည့်လိုက်တာနဲ့ စပို့တင်းကနေ ပေါင် ၅၅ သန်းနဲ့ ဖာနန်ဒက်စ် ရောက်လာပြီးချိန်ကတည်းက ယူနိုက်တက်အတွက် သူ့ရဲ့အခန်းကဏ္ဍ ဘယ်လေက်အထိ အရေးပါလဲဆိုတာ သိနိုင်ပြီး ဖေဖော်ဝါရီလ ၁ရက်နေ့နောက်ပိုင်း သွင်းဂိုးနဲ့ဂိုးဖန်တီးမှု စုစုပေါင်း ၃၄ ဂိုးအထိရှိရာ ဟယ်ရီကိန်းထက် ၃ဂိုးအသာရထားပါတယ်။


တတိယနေရာမှာ ရပ်တည်နေတဲ့စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်းက ၂၆ပွဲကစား၊ ၁၇ဂိုးသွင်း၊ ၈ဂိုး ဖန်တီးထားပြီး ဒီဘရိုင်းက ၂၉ပွဲကစား ၁၀ဂိုးသွင်း၊ ၁၃ဂိုးဖန်တီးနဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။


ဖာနန်ဒက်စ်ဟာ ဘာဆက်ဆီဟာအသင်းနဲ့ပွဲမှာ ၂ဂိုးသွင်းယူနိုင်ခဲ့ပြီး ပင်နယ်တီရရှိလာချိန်မှာ ဟက်ထရစ်သွင်းနိုင်မယ့်အခွင့်အရေးရခဲ့ပေမယ့် အသင်းဖော်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကို ကန်သွင်းခွင့်ပေးခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
ပရီးမီးယားလိဂ္ရဲ႕ဂုိးသြင္းဘုရင္နဲ႔ ဂိုးဖန္တီးမႈအမ်ားဆုံးျဖစ္ေနတဲ့ ဖာနန္ဒက္စ္
ယူႏုိက္တက္ကြင္းလယ္လူ ဖာနန္ဒက္စ္ဟာ ေဖေဖာ္၀ါရီလမွာ ပထမဆုံးပဲြကစားခဲ့ၿပီးေနာက္ အဲဒီကာလေနာက္ပိုင္း ပရီးမီးယားလိဂ္ကစားသမားေတြအနက္ သြင္းဂိုးအမ်ားဆုံးနဲ႔ ဂိုးဖန္တီးမႈအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနပါတယ္။
ေပၚတူဂီလက္ေရြးစင္ ဖာနန္ဒက္စ္ဟာ အဂၤါညက ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ ဘာဆက္ဆီဟာအသင္းကို ဂိုးျပတ္အႏိုင္ရခဲ့တဲ့ပြဲမွာ ၂ဂိုးသြင္းယူႏုိင္ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ကစားသမားေတြအနက္ ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ ၂၁ ဂိုးနဲ႔ ရပ္တည္ေနသလုိ ဂိုးဖန္တီးမႈအမ်ားဆုံးကစားသမားအျဖစ္ ဒီဘ႐ိုင္းနဲ႔အတူ ၁၃ႀကိမ္နဲ႔ ရပ္တည္ေနပါတယ္။

စပါးတုိက္စစ္မွဴး ဟယ္ရီကိန္းက တစ္ဂိုးေလ်ာ့နဲ႔ သူ႕ေနာက္ ဒုတိယေနရာမွာ ရပ္တည္ေနၿပီး ဖာနန္ဒက္စ္ထက္ ပဲြအေရအတြက္ ၁၁ပဲြပိုနည္းသလုိ မန္စီးတီးကြင္းလယ္လူဒီဘရိုင္းကလည္း ဖာနန္ဒက္စ္ထက္ ပြဲအေရအတြက္ ပိုနည္းပါတယ္။
ဒါေပမဲ့ အဲဒီအခ်က္အလက္ေတြကို ၾကည့္လုိက္တာနဲ႔ စပို႔တင္းကေန ေပါင္ ၅၅ သန္းနဲ႔ ဖာနန္ဒက္စ္ ေရာက္လာၿပီးခ်ိန္ကတည္းက ယူႏုိက္တက္အတြက္ သူ႕ရဲ႕အခန္းက႑ ဘယ္ေလက္အထိ အေရးပါလဲဆုိတာ သိႏိုင္ၿပီး ေဖေဖာ္၀ါရီလ ၁ရက္ေန႔ေနာက္ပိုင္း သြင္းဂိုးနဲ႔ဂိုးဖန္တီးမႈ စုစုေပါင္း ၃၄ ဂိုးအထိရွိရာ ဟယ္ရီကိန္းထက္ ၃ဂိုးအသာရထားပါတယ္။
တတိယေနရာမွာ ရပ္တည္ေနတဲ့စပါးတုိက္စစ္မွဴး ဆြန္ေဟာင္မင္းက ၂၆ပြဲကစား၊ ၁၇ဂိုးသြင္း၊ ၈ဂိုး ဖန္တီးထားၿပီး ဒီဘ႐ိုင္းက ၂၉ပြဲကစား ၁၀ဂိုးသြင္း၊ ၁၃ဂိုးဖန္တီးနဲ႔ စတုတၳေနရာမွာ ရပ္တည္ေနပါတယ္။
ဖာနန္ဒက္စ္ဟာ ဘာဆက္ဆီဟာအသင္းနဲ႔ပဲြမွာ ၂ဂုိးသြင္းယူႏုိင္ခဲ့ၿပီး ပင္နယ္တီရရွိလာခ်ိန္မွာ ဟက္ထရစ္သြင္းႏုိင္မယ့္အခြင့္အေရးရခဲ့ေပမယ့္ အသင္းေဖာ္တုိက္စစ္မွဴး မားကပ္စ္ရက္ရွ္ဖို႔ဒ္ကို ကန္သြင္းခြင့္ေပးခဲ့ပါတယ္။