အရေးကြီးတဲ့ဆုံးဖြတ်ချက် မှန်သမျှက ယူနိုက်တက်ကိုပဲ မျက်နှာသာပေးခဲ့တယ်လို့ ဝက်စ်ဘရွန်းနည်းပြ စွပ်စွဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဝက်စ်ဘရွန်းအသင်းနည်းပြ ဆလာဗန်ဘီလစ်ဟာ ယူနိုက်တက်ကို ၁-၀ ဂိုးနဲ့အရေးနိမ့်ခဲ့ပြီးနောက် ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့ စိတ်ပျက်လက်ပျက်ဖြစ်နေပြီး အဲဒီပွဲမှာ ချမှတ်ခဲ့တဲ့ အရေးကြီးဆုံးဖြတ်ချက်မှန်သမျှက အိမ်ရှင်ယူနိုက်တက်အသင်းကိုပဲ မျက်နှာသာပေးခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။

ယူနိုက်တက်ဟာ ဝက်စ်ဘရွန်းကို အကြိတ်အနယ်ကစားပြီးနောက် ဒုတိယပိုင်းမှာ ပင်နယ်တီ ၂ကြိမ်ကန်ပြီးမှ သွင်းယူနိုင်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ရဲ့ဂိုးကြောင့် ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပြီး ယခုရာသီ ပထမဆုံးပရီးမီးယားလိဂ်အိမ်ကွင်းနိုင်ပွဲရယူနိုင်ခဲ့ပါတယ်။


ဘီလစ်က ”ကျွန်တော်တို့အသင်း ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ဂိုးသွင်းနိုင်ဖို့ အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီရလဒ်ကြောင့် စိတ်ပျက်မိတယ်လု့ိလည်း အသင်းသားတွေကို ပြောခဲ့ပါတယ်”


”ကျွန်တော်တို့အသင်းအနေနဲ့ တစ်ခုခုပြန်ရဖို့ ထိုက်တန်တဲ့ခြေစွမ်းမျိုး ပြသနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ဒုတိယပိုင်းမှာပါ။ အသင်းသားတွေကို ဘာမှစိတ်ဓာတ်မကျဖို့နဲ့ အခုလိုဆက်လက်တိုက်ပွဲဝင်သွားမယ်ဆိုရင် နိုင်ပွဲတွေရယူနိုင်လိမ့်မယ်လို့ အသင်းသားတွေကို ပြောခဲ့ပါတယ်”လို့ ပြောပါတယ်။


ဒုတိယပိုင်းပြန်စလို့ သိပ်မကြာခင် ဝက်စ်ဘရွန်းအသင်း ပင်နယ်တီရခဲ့ပြီး ဂါလက်ဟာကို ယူနိုက်တက်ကွင်းလယ်လူ ဖာနန်ဒက်စ် ဥပဒေပကစားခဲ့လို့ ရခဲ့တာပါ။


ဒါပေမဲ့ ဒိုင်လူကြီးက VAR ပြန်ကြည့်ပြီးနောက် ပင်နယ်တီပေးခဲ့တဲ့ဆုံးဖြတ်ချက်ကို ပြန်လည်ရုပ်သိမ်းခဲ့ရာ အဆိုပါဖြစ်ရပ်နဲ့ပတ်သက်လို့ ဘီလစ်က ”အဲဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ကျွန်တော် အရမ်းစိတ်ပျက်မိပါတယ်။ ကျွန်တော်တို့အသင်းက အသင်းငယ်လေးဖြစ်တယ်လို့လည်း ခံစားခဲ့ရပါတယ်”

”လုံးဝကိုအတိမ်းအစောင်းမခံတဲ့ ဆုံးဖြတ်ချက်မှန်သမျှက ကျွန်တော်တို့နဲ့ဆန့်ကျင်ဘက်တွေမှာပဲရှိခဲ့ပါတယ်။ ဒီဖြစ်ရပ်ကိုလည်း ကျွန်တော် ခဏခဏပြန်ကြည့်ဖြစ်ပါတယ်။ ပင်နယ်တီပေးရမှာ ရှင်းနေတာကို။ ဘာလို့ ပြန်ရုပ်သိမ်းသွားလဲဆိုတာ ကျွန်တော်လည်း နားမလည်နိုင်တော့ပါဘူး”လို့ ပြောပါတယ်။


ယူနိုက်တက်အသင်း ရရှိခဲ့တဲ့ပင်နယ်တီနဲ့ပတ်သက်လို့ ဘီလစ်က ”ဒါကတော့ လက်ထိဘောပါ။ ကျွန်တော်တို့အသင်းအတွက် ကံမကောင်းပေမယ့် ဒါက လက်ထိဘောအမှန်ပါ”


”အဲဒီဖြစ်ရပ်မတိုင်ခင် ကျွန်တော်တို့အသင်း ပင်နယ်တီရရှိသင့်တာလည်း ရှင်းနေပါတယ်။ အဲဒီလိုဆိုရင် ကျွန်တော်တို့အသင်းလည်း ဝ-၁ ဂိုးနဲ့ ဦးဆောင်နိုင်မှာပါ။ အခုတော့ သူတို့က ၁-၀ ဖြစ်သွားပါတယ်။ ခင်ဗျားတု့ိ မန်ချက်စတာယူနိုက်တက်နဲ့ ကစားရတဲ့အခါ ကြီးမားတဲ့ကွဲပြားခြားနားမှုတွေ ကြုံတွေ့ရမှာသေချာပါတယ်”လို့ ဖွင့်ဟပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အေရးႀကီးတဲ့ဆုံးျဖတ္ခ်က္ မွန္သမွ်က ယူႏိုက္တက္ကိုပဲ မ်က္ႏွာသာေပးခဲ့တယ္လုိ႔ ၀က္စ္ဘရြန္းနည္းျပ စြပ္စြဲ
၀က္စ္ဘရြန္းအသင္းနည္းျပ ဆလာဗန္ဘီလစ္ဟာ ယူႏိုက္တက္ကို ၁-၀ ဂိုးနဲ႔အေရးနိမ့္ခဲ့ၿပီးေနာက္ ဒုိင္လူႀကီးရဲ႕ဆုံးျဖတ္ခ်က္ေတြနဲ႔ပတ္သက္လုိ႔ စိတ္ပ်က္လက္ပ်က္ျဖစ္ေနၿပီး အဲဒီပြဲမွာ ခ်မွတ္ခဲ့တဲ့ အေရးႀကီးဆုံးျဖတ္ခ်က္မွန္သမွ်က အိမ္ရွင္ယူႏုိက္တက္အသင္းကိုပဲ မ်က္ႏွာသာေပးခဲ့တယ္လုိ႔ စြပ္စြဲလုိက္ပါတယ္။
ယူႏုိက္တက္ဟာ ၀က္စ္ဘရြန္းကို အႀကိတ္အနယ္ကစားၿပီးေနာက္ ဒုတိယပိုင္းမွာ ပင္နယ္တီ ၂ႀကိမ္ကန္ၿပီးမွ သြင္းယူႏုိင္ခဲ့တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ဂိုးေၾကာင့္ ၁-၀ ဂိုးနဲ႔အႏိုင္ရခဲ့တာျဖစ္ၿပီး ယခုရာသီ ပထမဆုံးပရီးမီးယားလိဂ္အိမ္ကြင္းႏိုင္ပဲြရယူႏုိင္ခဲ့ပါတယ္။
ဘီလစ္က ”ကၽြန္ေတာ္တုိ႔အသင္း ေကာင္းေကာင္းကစားႏိုင္ခ့ဲပါတယ္။ ဂိုးသြင္းႏုိင္ဖုိ႔ အခြင့္အေရးေတြလည္း ဖန္တီးႏိုင္ခဲ့ပါတယ္။ ဒီရလဒ္ေၾကာင့္ စိတ္ပ်က္မိတယ္လု႔ိလည္း အသင္းသားေတြကို ေျပာခဲ့ပါတယ္”
”ကၽြန္ေတာ္တုိ႔အသင္းအေနနဲ႔ တစ္ခုခုျပန္ရဖုိ႔ ထိုက္တန္တဲ့ေျခစြမ္းမ်ိဳး ျပသႏိုင္ခဲ့တယ္လုိ႔ ထင္ပါတယ္။ အထူးသျဖင့္ ဒုတိယပိုင္းမွာပါ။ အသင္းသားေတြကို ဘာမွစိတ္ဓာတ္မက်ဖုိ႔နဲ႔ အခုလုိဆက္လက္တုိက္ပြဲ၀င္သြားမယ္ဆုိရင္ ႏုိင္ပြဲေတြရယူႏုိင္လိမ့္မယ္လုိ႔ အသင္းသားေတြကို ေျပာခဲ့ပါတယ္”လုိ႔ ေျပာပါတယ္။

ဒုတိယပုိင္းျပန္စလုိ႔ သိပ္မၾကာခင္ ၀က္စ္ဘရြန္းအသင္း ပင္နယ္တီရခဲ့ၿပီး ဂါလက္ဟာကို ယူႏုိက္တက္ကြင္းလယ္လူ ဖာနန္ဒက္စ္ ဥပေဒပကစားခဲ့လုိ႔ ရခဲ့တာပါ။
ဒါေပမဲ့ ဒုိင္လူႀကီးက VAR ျပန္ၾကည့္ၿပီးေနာက္ ပင္နယ္တီေပးခဲ့တဲ့ဆုံးျဖတ္ခ်က္ကို ျပန္လည္႐ုပ္သိမ္းခဲ့ရာ အဆုိပါျဖစ္ရပ္နဲ႔ပတ္သက္လုိ႔ ဘီလစ္က ”အဲဒီဆုံးျဖတ္ခ်က္နဲ႔ပတ္သက္လုိ႔ ကၽြန္ေတာ္ အရမ္းစိတ္ပ်က္မိပါတယ္။ ကၽြန္ေတာ္တုိ႔အသင္းက အသင္းငယ္ေလးျဖစ္တယ္လုိ႔လည္း ခံစားခဲ့ရပါတယ္”
”လုံး၀ကိုအတိမ္းအေစာင္းမခံတဲ့ ဆုံးျဖတ္ခ်က္မွန္သမွ်က ကၽြန္ေတာ္တုိ႔နဲ႔ဆန္႔က်င္ဘက္ေတြမွာပဲရွိခဲ့ပါတယ္။ ဒီျဖစ္ရပ္ကိုလည္း ကၽြန္ေတာ္ ခဏခဏျပန္ၾကည့္ျဖစ္ပါတယ္။ ပင္နယ္တီေပးရမွာ ရွင္းေနတာကို။ ဘာလုိ႔ ျပန္႐ုပ္သိမ္းသြားလဲဆုိတာ ကၽြန္ေတာ္လည္း နားမလည္ႏိုင္ေတာ့ပါဘူး”လုိ႔ ေျပာပါတယ္။
ယူႏုိက္တက္အသင္း ရရွိခဲ့တဲ့ပင္နယ္တီနဲ႔ပတ္သက္လုိ႔ ဘီလစ္က ”ဒါကေတာ့ လက္ထိေဘာပါ။ ကၽြန္ေတာ္တို႔အသင္းအတြက္ ကံမေကာင္းေပမယ့္ ဒါက လက္ထိေဘာအမွန္ပါ”
”အဲဒီျဖစ္ရပ္မတိုင္ခင္ ကၽြန္ေတာ္တုိ႔အသင္း ပင္နယ္တီရရွိသင့္တာလည္း ရွင္းေနပါတယ္။ အဲဒီလုိဆုိရင္ ကၽြန္ေတာ္တို႔အသင္းလည္း ၀-၁ ဂိုးနဲ႔ ဦးေဆာင္ႏိုင္မွာပါ။ အခုေတာ့ သူတုိ႔က ၁-၀ ျဖစ္သြားပါတယ္။ ခင္ဗ်ားတု႔ိ မန္ခ်က္စတာယူႏုိက္တက္နဲ႔ ကစားရတဲ့အခါ ႀကီးမားတဲ့ကြဲျပားျခားနားမႈေတြ ႀကံဳေတြ႕ရမွာေသခ်ာပါတယ္”လုိ႔ ဖြင့္ဟပါတယ္။