ဒါဘီအသင်းရဲ့ယာယီနည်းပြဖြစ်လာပေမယ့် အမြဲတမ်းနည်းပြဖြစ်ဖို့မလွယ်တဲ့ရွန်းနီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒါဘီအသင်းကွင်းလယ်လူ ဝိန်းရွန်းနီဟာ ရာထူးကနေ နည်းပြဖီးလစ်ကိုကူး ထုတ်ပယ်ခံခဲ့ရပြီးနောက် ဒါဘီအသင်းယာယီနည်းပြအဖြစ် တာဝန်ယူဖို့ သဘောတူညီမှုရခဲ့ပေမယ့် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့ အသင်းဘက်က ချမှတ်ထားတဲ့ အချက်အလက်တွေနဲ့တော့ ကိုက်ညီမှုမရှိကြောင်း သိရပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိ ရွန်းနီဟာ စနေနေ့မှာ ကစားရမယ့် ဘရစ္စတိုးနဲ့ပွဲကို ယာယီနည်းပြအဖြစ် ဂျက်စတင်းဝေါ်လ်ကာ၊ ရှေးဂစ်ဗင်၊ ရိုဆီနီယာတို့နဲ့အတူ ပူးပေါင်းကိုင်တွယ်မှာဖြစ်ပါတယ်။
ဒါဘီအသင်းက ကိုကူးရဲ့နေရာမှာ အစားထိုးဖို့ အမြဲတမ်းနည်းပြတစ်ဦးရှာဖွေနေပေမယ့် အသင်းကို ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ဆီ ဆွဲတင်ပေးနိုင်မယ့် အတွေ့အကြုံရင့်နည်းပြလည်းဖြစ်၊ လက်ရှိအချိန်မှာ တခြားအသင်းတစ်သင်းကို ကိုင်တွယ်နေတဲ့နည်းပြမဟုတ်ဘဲ အလုပ်လက်မဲ့ဖြစ်နေသူကို ရွေးချယ်ဖို့ ရည်မှန်းထားပါတယ်။


ဘုန်းမောက်အသင်းနည်းပြဟောင်း အက်ဒီဟိုဝီက အဲဒီအချက်အလက်တွေအားလုံးနဲ့ ပြည့်စုံပြီး နည်းပြလောင်းစာရင်းမှာလည်း ပါဝင်နေပါတယ်။
ချဲလ်ဆီးနဲ့ဝက်စ်ဘရွန်းနည်းပြဟောင်း ဒီမက်တီယို၊ ရက်ဒင်းနည်းပြဟောင်း မက်ဒါမော့နဲ့ ဆောက်သမ်တန်နည်းပြဟောင်း အက်ဒ်ကင်းစ်တို့လည်း ဟိုဝီနဲ့အတူ ဒါဘီအသင်းရဲ့နည်းပြလောင်းစာရင်းမှာ ပါဝင်နေပါတယ်။


ဒါဘီအသင်းဟာ ချန်ပီယံရှစ်နောက်ဆုံး ၁၁ပွဲမှာ ၁ပွဲပဲအနိုင်ရထားပြီး အဲဒီပွဲက နောဝစ်ချ်ကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်သလို ရွန်းနီက နောက်ကျအနိုင်ဂိုးသွင်းယူခဲ့ပါတယ်။

အမှတ်ပေးဇယားရဲ့အောက်ဆုံးမှာ ရပ်တည်နေတဲ့ ဒါဘီအသင်းဟာ စနေနေ့က ကိုကူးကို ရာထူးကနေ ထုတ်ပယ်လိုက်တာဖြစ်ပြီး သူနဲ့အတူ လက်ထောက်နည်းပြ ဗန်ဒါဝါးဒန်နဲ့ အရန်အသင်းနည်းပြ ရှီးပါးစ်တို့ကိုလည်း ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
ဒါဘီအသင္းရဲ႕ယာယီနည္းျပျဖစ္လာေပမယ့္ အၿမဲတမ္းနည္းျပျဖစ္ဖုိ႔မလြယ္တဲ့ရြန္းနီ
ဒါဘီအသင္းကြင္းလယ္လူ ၀ိန္းရြန္းနီဟာ ရာထူးကေန နည္းျပဖီးလစ္ကုိကူး ထုတ္ပယ္ခံခဲ့ရၿပီးေနာက္ ဒါဘီအသင္းယာယီနည္းျပအျဖစ္ တာ၀န္ယူဖုိ႔ သေဘာတူညီမႈရခဲ့ေပမယ့္ အၿမဲတမ္းနည္းျပအျဖစ္ ခန္႔အပ္ဖို႔ အသင္းဘက္က ခ်မွတ္ထားတဲ့ အခ်က္အလက္ေတြနဲ႔ေတာ့ ကိုက္ညီမႈမရွိေၾကာင္း သိရပါတယ္။

အသက္ ၃၅ ႏွစ္အရြယ္ရွိ ရြန္းနီဟာ စေနေန႔မွာ ကစားရမယ့္ ဘရစၥတုိးနဲ႔ပြဲကို ယာယီနည္းျပအျဖစ္ ဂ်က္စတင္းေ၀ၚလ္ကာ၊ ေရွးဂစ္ဗင္၊ ႐ိုဆီနီယာတုိ႔နဲ႔အတူ ပူးေပါင္းကုိင္တြယ္မွာျဖစ္ပါတယ္။
ဒါဘီအသင္းက ကုိကူးရဲဲ႕ေနရာမွာ အစားထုိးဖုိ႔ အၿမဲတမ္းနည္းျပတစ္ဦးရွာေဖြေနေပမယ့္ အသင္းကို ခ်န္ပီယံရွစ္ကေန ပရီးမီးယားလိဂ္ဆီ ဆြဲတင္ေပးႏုိင္မယ့္ အေတြ႕အႀကံဳရင့္နည္းျပလည္းျဖစ္၊ လက္ရွိအခ်ိန္မွာ တျခားအသင္းတစ္သင္းကို ကိုင္တြယ္ေနတဲ့နည္းျပမဟုတ္ဘဲ အလုပ္လက္မဲ့ျဖစ္ေနသူကို ေရြးခ်ယ္ဖို႔ ရည္မွန္းထားပါတယ္။
ဘုန္းေမာက္အသင္းနည္းျပေဟာင္း အက္ဒီဟို၀ီက အဲဒီအခ်က္အလက္ေတြအားလုံးနဲ႔ ျပည့္စုံၿပီး နည္းျပေလာင္းစာရင္းမွာလည္း ပါ၀င္ေနပါတယ္။
ခ်ဲလ္ဆီးနဲ႔၀က္စ္ဘရြန္းနည္းျပေဟာင္း ဒီမက္တီယို၊ ရက္ဒင္းနည္းျပေဟာင္း မက္ဒါေမာ့နဲ႔ ေဆာက္သမ္တန္နည္းျပေဟာင္း အက္ဒ္ကင္းစ္တုိ႔လည္း ဟို၀ီနဲ႔အတူ ဒါဘီအသင္းရဲ႕နည္းျပေလာင္းစာရင္းမွာ ပါ၀င္ေနပါတယ္။
ဒါဘီအသင္းဟာ ခ်န္ပီယံရွစ္ေနာက္ဆုံး ၁၁ပြဲမွာ ၁ပဲြပဲအႏုိင္ရထားၿပီး အဲဒီပြဲက ေနာ၀စ္ခ်္ကို ၁-၀ ဂိုးနဲ႔အႏိုင္ရခဲ့တာျဖစ္သလုိ ရြန္းနီက ေနာက္က်အႏိုင္ဂိုးသြင္းယူခဲ့ပါတယ္။

အမွတ္ေပးဇယားရဲ႕ေအာက္ဆုံးမွာ ရပ္တည္ေနတဲ့ ဒါဘီအသင္းဟာ စေနေန႔က ကိုကူးကို ရာထူးကေန ထုတ္ပယ္လုိက္တာျဖစ္ၿပီး သူနဲ႔အတူ လက္ေထာက္နည္းျပ ဗန္ဒါ၀ါးဒန္နဲ႔ အရန္အသင္းနည္းျပ ရွီးပါးစ္တုိ႔ကိုလည္း ရာထူးကေန ထုတ္ပယ္ခဲ့ပါတယ္။