ယူနိုက်တက်ပရိသတ်တွေ လက်ခံရခက်နိုင်တဲ့ စူပါကွန်ပြူတာရဲ့ ပရီးမီးယားလိဂ်ရှေ့ဖြစ်ဟောကိန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးအနေနဲ့ ယခုရာသီပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို အောင်မြင်စွာကာကွယ်နိုင်လိမ့်မယ်လို့ စူပါကွန်ပြူတာက ဟောကိန်းထုတ် ခန့်မှန်းလိုက်ပါတယ်။

ဗြိတိန်သတင်းဌာန talkSPORT ရဲ့ စူပါကွန်ပြူတာက အီတီဟတ်မှာ ချန်ပီယံဟောင်း စီးတီးနဲ့ လက်ရှိချန်ပီယံ လီဗာပူးတို့ ၁-၁ ဂိုးသရေကျခဲ့ပြီးနောက် အထက်ပါအတိုင်း ခန့်မှန်းတွက်ချက်လိုက်တာဖြစ်ပါတယ်။


ချဲလ်ဆီး၊ စပါးနဲ့ လက်စတာအသင်းတို့က အဆင့် ၃၊ ၄၊ ၅ နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အသီးသီးရလိမ့်မယ်လို့ စူပါကွန်ပြူတာက ခန့်မှန်းခဲ့ပြီး လက်စတာက အဆင့် ၅ နေရာသာရပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်ရမယ်လို့ ကွန်ပြူတာက ခန့်မှန်းခဲ့တာပါ။
အာဆင်နယ်က အဆင့် ၆နေရာနဲ့ ရာသီသိမ်းပြီး ယူရိုပါလိဂ်ဝင်ခွင့်ရလိမ့်မယ်လို့ စူပါကွန်ပြူတာက ခန့်မှန်းထားပါတယ်။


ရာသီအဖွင့် ၅ပွဲဆက်အနိုင်ရခဲ့တဲ့ အဲဗာတန်က ရာသီအကုန်မှာ အဆင့် ၇နေရာနဲ့ အဆုံးသတ်လိမ့်မယ်လို့ စူပါကွန်ပြူတာက ခန့်မှန်းထားပြီး သူ့အောက်မှာ ယူနိုက်တက်က အဆင့် ၈နေရာနဲ့ ပွဲသိမ်းလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ အမှတ်ပေးဇယားရဲ့အဆင့် ၁၄ နေရာမှာသာ ရပ်တည်နေရပေမယ့် ယူနိုက်တက်ပရိသတ်တွေအတွက်တော့ ဥရောပဝင်ခွင့်နဲ့လွဲချော်ရနိုင်တယ်ဆိုတဲ့ စူပါကွန်ပြူတာရဲ့ဟောကိန်းအပေါ် စိတ်ပျက်နေနိုင်ပါတယ်။

တန်းတက် ၃သင်းအနက် ဖူလ်ဟမ်နဲ့ ဝက်စ်ဘရွန်းတို့က ချက်ချင်းတန်းပြန်ဆင်းရလိမ့်မယ်လို့ စူပါကွန်ပြူတာက ခန့်မှန်းထားပြီး လိဒ်ယူနိုက်တက်ကတော့ အဆင့် ၁၅ နေရာရလိမ့်မယ်လို့ ဟောကိန်းထုတ်ထားကာ ဖူလ်ဟမ်၊ ဝက်စ်ဘရွန်းတို့နဲ့အတူ ဘန်လေအသင်းလည်း တန်းဆင်းရနိုင်တယ်လို့ ခန့်မှန်းပါတယ်။


စူပါကွန်ပြူတာရဲ့ ခန့်မှန်းချက်
၁ – လီဗာပူး (ချန်ပီယံ)
၂ – မန်စီးတီး (ချန်ပီယံလိဂ်ဝင်ခွင့်)
၃ – ချဲလ်ဆီး (ချန်ပီယံလိဂ်ဝင်ခွင့်)

၄ – စပါး (ချန်ပီယံလိဂ်ဝင်ခွင့်)
၅ – လက်စတာ (ချန်ပီယံလိဂ်ဝင်ခွင့်)
၆ – အာဆင်နယ် (ယူရိုပါလိဂ်ဝင်ခွင့်)
၇ – အဲဗာတန်
၈ – ယူနိုက်တက်

၉ – ဆောက်သမ်တန်
၁၀ – အက်စတွန်ဗီလာ
၁၁ – ဝုဗ်
၁၂ – ဝက်စ်ဟမ်း
၁၃ – ပဲလေ့စ်

၁၄ – နယူးကာဆယ်
၁၅ – လိဒ်ယူနိုက်တက်
၁၆ – ဘရိုက်တန်
၁၇ – ရှက်ဖီးယူနိုက်တက်
၁၈ – ဘန်လေ (တန်းဆင်း)

၁၉ – ဝက်စ်ဘရွန်း (တန်းဆင်း)
၂၀ – ဖူလ်ဟမ် (တန်းဆင်း)

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
ယူႏုိက္တက္ပရိသတ္ေတြ လက္ခံရခက္ႏိုင္တဲ့ စူပါကြန္ျပဴတာရဲ႕ ပရီးမီးယားလိဂ္ေရွ႕ျဖစ္ေဟာကိန္း

လီဗာပူးအေနနဲ႔ ယခုရာသီပရီးမီးယားလိဂ္ခ်န္ပီယံဆုဖလားကို ေအာင္ျမင္စြာကာကြယ္ႏိုင္လိမ့္မယ္လုိ႔ စူပါကြန္ျပဴတာက ေဟာကိန္းထုတ္ ခန္႔မွန္းလုိက္ပါတယ္။
ၿဗိတိန္သတင္းဌာန talkSPORT ရဲ႕ စူပါကြန္ျပဴတာက အီတီဟတ္မွာ ခ်န္ပီယံေဟာင္း စီးတီးနဲ႔ လက္ရွိခ်န္ပီယံ လီဗာပူးတုိ႔ ၁-၁ ဂိုးသေရက်ခဲ့ၿပီးေနာက္ အထက္ပါအတုိင္း ခန္႔မွန္းတြက္ခ်က္လုိက္တာျဖစ္ပါတယ္။
ခ်ဲလ္ဆီး၊ စပါးနဲ႔ လက္စတာအသင္းတို႔က အဆင့္ ၃၊ ၄၊ ၅ နဲ႔ ခ်န္ပီယံလိဂ္၀င္ခြင့္အသီးသီးရလိမ့္မယ္လုိ႔ စူပါကြန္ျပဴတာက ခန္႔မွန္းခဲ့ၿပီး လက္စတာက အဆင့္ ၅ ေနရာသာရေပမယ့္ ခ်န္ပီယံလိဂ္၀င္ခြင့္ရမယ္လုိ႔ ကြန္ျပဴတာက ခန္႔မွန္းခဲ့တာပါ။
အာဆင္နယ္က အဆင့္ ၆ေနရာနဲ႔ ရာသီသိမ္းၿပီး ယူ႐ိုပါလိဂ္၀င္ခြင့္ရလိမ့္မယ္လုိ႔ စူပါကြန္ျပဴတာက ခန္႔မွန္းထားပါတယ္။
ရာသီအဖြင့္ ၅ပြဲဆက္အႏိုင္ရခဲ့တဲ့ အဲဗာတန္က ရာသီအကုန္မွာ အဆင့္ ၇ေနရာနဲ႔ အဆုံးသတ္လိမ့္မယ္လုိ႔ စူပါကြန္ျပဴတာက ခန္႔မွန္းထားၿပီး သူ႕ေအာက္မွာ ယူႏုိက္တက္က အဆင့္ ၈ေနရာနဲ႔ ပြဲသိမ္းလိမ့္မယ္လုိ႔ ခန္႔မွန္းထားပါတယ္။

ယူႏုိက္တက္ဟာ လက္ရွိအခ်ိန္မွာ အမွတ္ေပးဇယားရဲ႕အဆင့္ ၁၄ ေနရာမွာသာ ရပ္တည္ေနရေပမယ့္ ယူႏုိက္တက္ပရိသတ္ေတြအတြက္ေတာ့ ဥေရာပ၀င္ခြင့္နဲ႔လြဲေခ်ာ္ရႏိုင္တယ္ဆုိတဲ့ စူပါကြန္ျပဴတာရဲ႕ေဟာကိန္းအေပၚ စိတ္ပ်က္ေနႏိုင္ပါတယ္။
တန္းတက္ ၃သင္းအနက္ ဖူလ္ဟမ္နဲ႔ ၀က္စ္ဘရြန္းတုိ႔က ခ်က္ခ်င္းတန္းျပန္ဆင္းရလိမ့္မယ္လုိ႔ စူပါကြန္ျပဴတာက ခန္႔မွန္းထားၿပီး လိဒ္ယူႏုိက္တက္ကေတာ့ အဆင့္ ၁၅ ေနရာရလိမ့္မယ္လုိ႔ ေဟာကိန္းထုတ္ထားကာ ဖူလ္ဟမ္၊ ၀က္စ္ဘရြန္းတုိ႔နဲ႔အတူ ဘန္ေလအသင္းလည္း တန္းဆင္းရႏိုင္တယ္လုိ႔ ခန္႔မွန္းပါတယ္။
စူပါကြန္ျပဴတာရဲ႕ ခန္႔မွန္းခ်က္
၁ – လီဗာပူး (ခ်န္ပီယံ)
၂ – မန္စီးတီး (ခ်န္ပီယံလိဂ္၀င္ခြင့္)

၃ – ခ်ဲလ္ဆီး (ခ်န္ပီယံလိဂ္၀င္ခြင့္)
၄ – စပါး (ခ်န္ပီယံလိဂ္၀င္ခြင့္)
၅ – လက္စတာ (ခ်န္ပီယံလိဂ္၀င္ခြင့္)
၆ – အာဆင္နယ္ (ယူ႐ိုပါလိဂ္၀င္ခြင့္)
၇ – အဲဗာတန္

၈ – ယူႏုိက္တက္
၉ – ေဆာက္သမ္တန္
၁၀ – အက္စတြန္ဗီလာ
၁၁ – ၀ုဗ္
၁၂ – ၀က္စ္ဟမ္း

၁၃ – ပဲေလ့စ္
၁၄ – နယူးကာဆယ္
၁၅ – လိဒ္ယူႏုိက္တက္
၁၆ – ဘ႐ိုက္တန္
၁၇ – ရွက္ဖီးယူႏုိက္တက္

၁၈ – ဘန္ေလ (တန္းဆင္း)
၁၉ – ၀က္စ္ဘရြန္း (တန္းဆင္း)
၂၀ – ဖူလ္ဟမ္ (တန္းဆင္း)